ဒီဇင်ဘာ ၃၀ – ၂၀၂၄ GG (VOM) မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက် နယ်မြေ (၈)ထဲက နေအိမ်တအိမ်မှာ ဒီဇင်ဘာ ၂၉ ရက်ညပိုင်းက နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို ရပ်ကွက်နေပြည်သူတွေက ချက်ချင်းဖမ်းဆီးရမိခဲ့ တယ်လို့သိရပါတယ်။ အသတ်ခံရသူတွေက သားအမိနှစ်ယောက်ဖြစ်ပြီး မိခင်မှာအသက်၅၀ ဝန်းကျင်အရွယ်ဖြစ်ပြီးသမီးဖြစ်သူက အသက်၁၉ နှစ်အရွယ်ဖြစ်ကြောင်း ၊နှစ်ယောက်လုံးက ဓားနဲ့ထိုးသတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ” အမေဖြစ်သူက လည်ပင်းအလှီးခံထားရတယ်။ သမီးကဓားနဲ့ထိုးသွင်းဒဏ်ရာတွေနဲ့ဆုံးတယ်။ အိမ်မှာနှစ်ယောက်ထဲနေကြတာလို့ပြောတယ်။လာသတ်တဲ့သူတွေက ဓားတွေပါတယ်ဆိုတော့ သူတို့မှာအကြံအစည်ကတော့ရှိပြီးသားပုံပါ။အခုက ဘာကြောင့်သတ်သလဲသေချာတော့မသိရသေးဘူး။ ပတ်ဝန်းကျင်မှာတော့ အနုကြမ်းစီးလူသတ်တာရော၊ တခြားလူမှုရေးကိစ္စဘာညာဆိုပြီးလည်းပြောကြပေမယ ့်သေချာဘယ်သူမှမသိဘူး။သေသူရဲ့သိက္ခာလည်းရှိသေးတယ်။လူသတ်တဲ့သူတွေကတော့မိပြီ။အခုရဲစခန်းမှာပါ။” လို့အခင်းဖြစ်စဥ်နဲ့ပတ်သက်လို့ မြို့ခံတယောက်ကပြောပါတယ်။ လူသတ်မှု ကျူးလွန်သူတွေကို ရပ်ကွက်နေပြည်သူလူထုက ဝိုင်းဝန်းဖမ်းဆီးပြီး ရဲစခန်းကိုအပ်နှံခဲ့တာဖြစ်ကြောင်း ၊ လက်ရှိမှာသက်ဆိုင်ရာရဲစခန်းက ကျူးလွန်ကိုစစ်ဆေးမေးမြန်းနေတယ်လို့သိရပါတယ်။ နှစ်လောင်းပြိူင်လူသတ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသားသုံးယောက်က တောင်သာမြို့နယ် ဝဲလောင် နဲ့ နေပြည်တော်တပ်ကုန်းမြို့နယ်နေထိုင်သူတွေဖြစ်တယ်လို့သိရပါတယ်။ နိုဝင်ဘာလ ၂ ရက်နေ့ကလည်း နေပြည်တော်၊…
Read MoreMonth: December 2024
စမ်းချောင်းမှာ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပြီး လူသုံးယောက်ဒဏ်ရာရ ၊ ကားသုံးစီးပျက်စီး
ဒီဇင်ဘာ ၃၀ – ၂၀၂၄ GG (VOM) ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းမှာ ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက် မနက်ပိုင်းက ဗုံး ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူသုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားသုံးစီးလည်းပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ ပေါက်ကွဲမှုတွေက စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်း၊ ကျွန်းလယ်ရပ်ကွက်မှာရှိတဲ့ ပန်းလှိုင်မိသားစု ဆေးခန်း ရှေ့မှာ မနက် ၉ နာရီကျော်လောက်မှာပထမအကြိမ်ပေါက်ကွဲခဲ့ပြီး အဆိုပါပေါက်ကွဲမှုကြောင့် အခန်းရှေ့မှာ ရပ်ထားတဲ့ ကားနှစ်စီးနဲ့ မီးစက်နှစ်လုံးပျက်စီးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ နောက်ထပ် မနက်၁၁ နာရီလောက်မှာလည်းကျွန်းလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဗုံးပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ကာ လူသုံးယောက်နဲ့ကားတစီးလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ ” ပေါက်ကွဲသံတွေတော့ကြားတယ်။ သေချာဘယ်သူမှသွားမကြည့်ရဲဘူးလေ။နေ့ခင်း ၁ နာရီကျော်လောက်အထိကို စစ်ဆေးမှုတွေကရှိတယ်။အဲဒီရပ်ကွက်မှာက ယုန်လေးအိမ်ရှိတယ်။ အခုပေါက်ကွဲတာလည်းသူ့ကားပါတယ်ပြောတယ်။အဆောက်အဦးတွေလည်းပျက်စီးတယ်။ ” လို့ ဒေသခံကပြောပါတယ်။ အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့ကလုပ်ဆောင်သလဲဆိုတာ မသိရှိရသေးပါဘူး။ဖောက်ခွဲမှုနဲ့ပတ်သက်လို့ ခုချိန်ထိတော့ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်၊…
Read Moreပုဂံ-ချောက် ကားလမ်းဘေး လယ်ယာသုံးနဲ့အိမ်ဆောက်ပစ္စည်းဆိုင် ဓါးပြတိုက်ခံရလို့ လူနှစ်ယောက်သေ
ဒီဇင်ဘာ ၂၇ – ၂၀၂၄GG (VOM)မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ချောက် ကားလမ်းဘေးက ကြအိုကျွန်းရွာမှာရှိတဲ့ အောင်သိုက်ဦး တောင်သူလယ်ယာသုံး စက်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ညပိုင်းက ဓားပြတိုက်ပြီးလူသတ်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အမည်မသိအမျိုးသားအဖွဲ့က လက်နက်တွေနဲ့အတူ ဓားပြတိုက်ပြီးနောက်ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုအောင်သိုက်ဦးနဲ့ ယောက္ခမဖြစ်သူ ဦးနေလင်းတို့ကိုသေနတ်နဲ့ပစ်သတ်သွားတာဖြစ်တယ်လို့သိရပါတယ်။” ယောက္ခမရော၊သားမက်ရော ပွဲချင်းပြီးဆုံးသွားတယ်။ ဓားပြတိုက်ခံရတာကတော့ ည ၈ နာရီလောက်လို့ပြောတယ်။ပစ္စည်းတွေတော့ဘာတွေယူသွားလည်း သေချာတိကျတော့မသိရသေးဘူး။မနက်ပိုင်း ရဲတွေစစ်ဆေးတာလုပ်ကြတယ်။ဘယ်သူတွေလုပ်တယ်တော့မသိပါဘူး။ကျွန်တေည်တို့ ပုဂံနဲ့ချောက်ကြားမှာ ဒီလထဲတင်ခပ်စိပ်စိပ်ဖြစ်နေတယ်။” လို့ ဒေသခံကပြောပါတယ်။ဒီဇင်ဘာ ၂၅ ရက်ကလည်း ညောင်ဦးမြို့နယ် ၊ ပုဂံ-ချောက် ကားလမ်းဘေးရှိ ပျော်ဘွယ်ကျေးရွာမှ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူ ဦးမောင်ဝင်းနေအိမ် ဓားပြတိုက်ခံရပြီး အဲဒီရွာမှ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ကိုင်သူဦးရွှေတင့်အိမ်လည်းဓားပြတိုက်ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။ဒီဇင်ဘာ ၇ ရက်နေ့ လည်း ညောင်ဦးမြို့နယ်၊ မီးလောင်ဖျား(မြောက်) ရွာအနီးမှာဖွင့်ထားတဲ့ စက်သုံးဆီဆိုင်မှာ ဓားပြတိုက်ပြီးဆိုင် ပိုင်ရှင်အမျိုးသမီးနဲ့ နောက်ထပ်အမျိုးသမီးတို့…
Read Moreစစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မြန်မာပြည်ထုတ် ဘိလပ်မြေနဲ့စက်သုံးဆီ အဆမတန် ဈေးမြင့်နေလို့ အိန္ဒိယဘိလပ်မြေနဲ့ စက်သုံးဆီကို သုံးစွဲနေရ
ဒီဇင်ဘာ ၂၇-၂၀၂၄ Voice Of Myanmar စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီးနဲ့ နာဂတောင်တွေမှာ ပြည်မကလာတဲ့ ဘိလပ်မြေနဲ့ စားသောက်ကုန်စျေးတွေ အဆမတန်မြင့်တက်လာမှု့ကြောင့် အိန္ဒိယ နိုင်ငံနယ်စပ် နှောက်လှခရိုင်ကနေ တဆင့် နာဂတောင်တန် ခန္တီး ၊လဟယ် နဲ့ ဟုမ္မလင်း ကိုသယ်ယူရောင်းချနေတယ်လို့ ဒေသခံတွေက ေပြာပါတယ်။ စစ်ကိုင်းအထက်ပိုင်းကို စက်သုံးဆီသယ်ခွင့်ပိတ်ပင်တာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဂိတ်ကြေးတွေများတာကြောင့် အဆမတန်စျေးမြင့်တဲ့ အကြောင်း မော်တော်ပိုင်ရှင်တယောက်ပြောတာက “ဘိလပ်မြေတွေဆို ဟုမ္မလင်း အထက်ဘက် ဒေသကာကွယ်ရေးအဖွဲ့ေတွက နစက အဖွဲ့ဆီမရောက်အောင် ရွှေပြည်အေးဂိတ်ကနေပိတ်တာ စစ်တပ်ဂိတ်တွေက အပြန်လှန်ပိတ်တာတွေရှိတယ်။ လက်တွေ့မှာ ဘိလပ်မြေဟာ ပြတ်တောက်မှုမရှိပေမယ် စီးပွားရေးသမားတွေရဲ့ လက်ဝါးကြီးအုပ်စျေးတင်ရောင်းလို့ မတရားတက်နေတာ” လို့ပြောပါတယ်။ မန္တလေးမှာ ဘိလပ်မြေတအိတ် တသောင်းခုနှစ်ထောင်က နာဂဒေသမှာ တသိန်းစျေးပေးနေရပြီးဝယ်ရခက် ေတာ့ အိန္ဒိယဘိလပ်မြေက ရှစ်သောင်း လိုသလောက်လွယ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် စျေးချိုတဲ့ အိန္ဒိယ…
Read Moreအိန္ဒိယရဲ့ စီးပွားရေးဗိသုကာ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန်
ဒေလီ၊ ဒီဇင်ဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)အိန္ဒိယရဲ့ သက်တမ်းရှည် ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းအသက် ၉၂ အရွယ် ဒီဇင်ဘာ ၂၆ ရက်မှာ ကွယ်လွန်သွားကြောင်း တာဝန်ရှိသူတွေနဲ့ မိသားစုက ပြောပါတယ်။သူဟာ ၂၀၀၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်ထိ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်အတွင်း အိန္ဒိယရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ တိုးတက်မှုတွေအတွက် အဓိကဗိသုကာအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ဝန်ကြီးချုပ်ဟောင်းဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာပြီးနောက် မြို့တော်ဒေလီရှိ ဆေးရုံမှာ ကုသမှုခံယူခဲ့ရတယ်လို့ သတင်းဌာနတွေက ဆိုပါတယ်။ သူဟာ အိနိ္ဒိယရဲ့ အထူးခြားဆုံးခေါင်းဆောင်များထဲမှ တယောက်ဖြစ်ပြီးကွယ်လွန်သွားခြင်းအတွက် လွန်စွာ ဝမ်းနည်းကြောင်း ဝန်ကြီးချုပ်မိုဒီက ပြောပါတယ်။သူ့ရဲ့ ဉာဏ်ပညာနဲ့ နှိမ့်ချမှုကို အမြဲမြင်တွေ့ခဲ့ရပြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်အတွင်း မန်မိုဟန်ဆင်းဟာ အိန္ဒိယပြည်သူတွေရဲ့ တိုးတက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းခဲ့တယ်လို့ မိုဒီကပြောပါတယ်။ မန်မိုဟန်ဆင်းကို ၁၉၃၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ မွေးဖွားခဲ့ပါတယ်။ငယ်စဉ်က…
Read More၂၀၂၁ နောက်ပိုင်း မန္တလေးမှာ ရွှေဆိုင်ဓားပြတိုက်ခံရမှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့
မန္တလေး၊ ဒီဇင်ဘာ ၂၇-၂၀၂၄Voice Of Myanmar(VOM)မန္တလေးမြို့မှာ ၂၀၂၁ခုနှစ် နိုင်ငံ ရေးဖြစ်စဉ် တွေ ပြောင်းလဲပြီးနောက်ပိုင်း ရွှေဆိုင် ဓားပြတိုက်ခံရမှု (၁၅)ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ မန္တလေးမြို့ခံနဲ့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ဖြစ်စဉ်တွေကတော့ ၂၀၂၁ခုနှစ် အောက်တိုဘာ ၁၇ရက် နေ့က ၆၂လမ်းနဲ့ ၁၃၄လမ်းထောင့်က မောသစ်ရွှေဆိုင် ဆိုင်ခွဲ(၁)မှာ ရွှေသား သိန်း ၁၁၈၀ ခန့် ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ အမျိုးသမီး သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာရရရှိခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။၂၀၂၂ ခုနှစ် ဇူလိုင် ၂၄ ရက် မနက် ၁၀ နာရီမှာ နွားထိုးကြီးမြို့၊ ရွှေလွန်းနဒီရွှေဆိုင်ကို အမည်အသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ ရောက်လာပြီး ရွှေဝယ်ဟန် ဆောင်ကာ သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်ခဲ့တာကြောင့် ၁၀ သိန်းဖိုးလောက် ပါသွားတယ်လို့သိရပါတယ်။ အဲ့ဒီနောက်၂၀၂၄ ခုနှစ်ဇန်နဝါရီလ ၁၉ ရက် ည…
Read Moreလာမယ့်နှစ်အတွက် စံချိန်တင်ဘက်ဂျက် ဂျပန်အစိုးရ အတည်ပြု
တိုကျို၊ ဒီဇင်ဘာ-၂၇-၂၀၂၄ရတီ(VOM)ဂျပန်အစိုးရဟာ လာမယ့်ဘဏ္ဍာရေးနှစ်အတွက် စံချိန်တင် ဘက်ဂျက်ကို ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ အတည်ပြုလိုက်ပါတယ်။အစိုးရအဖွဲ့က ခွင့်ပြုလိုက်တဲ့ ဒီဘက်ဂျက်ဟာ ယန်း ၁၁၅ ဒဿမ ၅ ထရီလီယံ(ဒေါ်လာ ၇၃၀ ဘီလီယံ)ရှိပြီး ကာကွယ်ရေးအသုံးစရိတ် ယန်း ၈ ဒသမ ၇ ထရီလီယံပါဝင်ပါတယ်။ လူမှုဖူလုံရေးအသုံးစရိတ် ၃၈ ဒဿမ ၃ ထရီလီယံပါဝင်နေပါတယ်။ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အခက်ခဲဆုံးနဲ့ အရှုပ်ထွေးဆုံး လုံခြုံရေးပတ်ဝန်းကျင်ကို ရင်ဆိုင်နေရတယ်လို့ ဝန်ကြီးချုပ် အိုင်ရှီဘာက ပြောပါတယ်။ ဂျပန်မှာ စစ်ပြီးခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရဲ့ စစ်ရေးစွမ်းရည်ကို ကန့်သတ်ခံထားရပါတယ်။ဒါပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ အဓိကကျတဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးမူဝါဒတွေကို မွမ်းမံပြင်ဆင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို ကိုးကားခဲ့ကာ ၂၀၂၇ ခုနှစ်မှာတော့ နေတိုးအဖွဲ့ရဲ့ စံနှုန်းအတိုင်း ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီရဲ့ ၂…
Read Moreဂွမြို့နယ် တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းအတွင်းကို ရခိုင်စစ်ရှောင်တွေ ပိုမိုဝင်ရောက်လာ
ဒီဇင်ဘာ ၂၇ – ၂ဝ၂၄KKO(VOM)ဂွမြို့နယ် တိုက်ပွဲတွေကြောင့် ဧရာဝတီတိုင်းအတွင်းသို့ ရခိုင်စစ်ဘေးရှောင်လာသူတွေ အများအပြားရှိနေပြီးအကူအညီတွေလိုအပ်နေတယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ ထံကနေ သိရပါတယ်။အဲဒီလို ဧရာဝတီတိုင်းအတွင်းသို့ စစ်ဘေးရှောင်လာတဲ့သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လက်ရှိမှာ စိစစ်မှုတွေနဲ့ ပြန်လည်ရွှေ့ပြောင်းခိုင်းမှုတွေလည်းရှိနေတယ်လို့ အဲဒီစစ်ဘေးရှောင်ကူညီရေးအဖွဲ့က ပြောပါတယ်။လက်ရှိမှာ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ခွေးတောက်ကွက်သစ်အုပ်စု၊ကုန်းပြင်အနီးဝန်းကျင်နဲ့ တခြားဧရာဝတီတိုင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာနေထိုင်ကြတဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကိုအတင်း ရွှေ့ပြောင်းကြဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖိအားပေးဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဆိုပါတယ်။ဒါအပြင် ယခုလက်ရှိဖြစ်ပွားနေတဲ့ရခိုင်ပြည် နယ်၊ဂွမြို့နယ်အတွင်းက တိုက်ပွဲတွေဟာ ဧရာဝတီတိုင်းအထိ ကူးစက်ဖြစ်ပွားလာမှာကို ဧရာဝတီတိုင်းဒေသခံတွေစိုးရိမ်နေကြတာပါ။ ယနေ့အချိန်အထိ အဲဒီ ရခိုင်၊ဧရာဝတီအစပ်ဒေသတလျှောက်မှာ ယနေ့အထိ တိုက်ပွဲတွေပြင်း ထန်စွာဖြစ်ပွားနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားမှုတွေအရ သိရပါတယ်။ဂွမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် မြေမြှုပ်မိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရသူ ပြည်သူ(၅)ယောက်နဲ့ သေဆုံးသူ ပြည်သူ(၁)ယောက်အထိရှိလာခဲ့ပြီဖြစ်တယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။“လက်နက်ကြီးသံတွေက ဒီဘက်တွေအထိတောင်ကြားနေရတယ်။နေ့ရော၊ညရောပဲကြားနေရတယ်။မနေ့ညကဆို လက်နက်ကြီးအသံတွေ ၅ ခါလောက်ကြားရတယ်။ အိပ်လို့တောင်မပျော်ဘူး။ စိုးရိမ်စိတ်နဲ့ပဲ…
Read Moreရန်ကင်းစင်တာ မျက်နှာချင်းဆိုင်က AK အလှကုန်ပစ္စည်းဆိုင်မှာ လူသတ်ပြီး လုယက်မှုဖြစ်
ဒီဇင်ဘာ ၂၆ – ၂၀၂၄CC (VOM)ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်မှာဖွင့်ထားတဲ့ AK အလှကုန်ပစ္စည်းအရောင်းဆိုင်မှာ လုယက်မှုဖြစ်ပြီး ဆိုင်ပိုင်ရှင်အမျိုးသမီးအသတ်ခံခဲ့ရတယ်လို့သိရပါတယ်။ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက် ၈ နာရီကျော်လောက်မှာ ဆိုင်ပိုင်ရှင်ဖြစ်သူ မအေးအိခိုင်က ဆိုင်ဖွင့်နေချိန် ဆိုင်အတွင်းကိုအမျိုးသားနှစ်ယောက်ဝင်ရောက်လာပြီး ဆိုင်ပိုင်ရှင်ဝတ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းကိုလုယက်ခဲ့တဲ့အပြင် လူကိုပါ ဓားနဲ့ထိုးသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။” မနက်က ဖြစ်တာကို ကျွန်မတို့လည်းဖြစ်ပြီး ရဲတွေဘာညာရောက်မှသိတာ။ ဆွဲကြိုးနဲ့ဖုန်းပါသွားတယ်။လူလည်းသတ်သွားတယ်။ရန်ကင်းစင်တာနဲ့မျက်နှာချင်းဆိုင်ဘက်ကပါ။အလောင်းကိုတော့မနက်က ဆေးရုံကိုပို့လိုက်ကြပြီ။ ပစ္စည်းပဲယူရင်တော်သေးတာပေါ့။အ ခုကလူပါသတ်သွားတယ်။နေရတာကိုမလုံခြုံတော့ဘူး ။ ” လို့ ရန်ကင်းစင်တာအနီးနေထိုင်သူကပြောပါတယ်။လူသတ် လုယက်မှုဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေပေမယ့် ခုချိန်ထိတော့ ဖမ်းမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း…
Read Moreစမ်းချောင်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပစ်သတ်ခဲ့သူတွေကို ဖမ်းမိပြီလို့သိရ
ဒီဇင်ဘာ ၂၆ – ၂၀၂၄GG (VOM)ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ် ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်သတ်သွားရာမှာပါဝင်တဲ့ ကျူးလွန်သူနှစ်ယောက်ကိုဖမ်းဆီးရမိပြီဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။အဆိုပါ ကျူးလွန်သူနှစ်ယောက်ကို ဒီဇင်ဘာ ၂၄ ရက်နေ့ညပိုင်းက အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ ရွာသစ်အနောက်(၁)မှာ ရှိတဲ့ အဆောင်တခုမှာ သေနတ် ၁ လက်၊ ကျည်ဆံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီးကျူးလွန်သူကအမျိုးသားတယောက်နဲ့အမျိုးသမီးတယောက်ဖြစ် တယ်လို့သိရပါတယ်။” အုပ်ချုပ်ရေးမှူး ကလည်းဒီနေ့မနက်ပဲဆုံးသွားပြီ။ သူကဒဏ်ရာပြင်းတယ်။ ဆေးရုံစတက်ကတည်းက အရေးပေါ်ခန်းထဲမှာကုရတာလေ။အုပ်ချုပ်ရေးမှူးကိုပစ်တဲ့သူတွေလည်းအင်းစိန်ဘက်မှာမိတယ်ဆိုပြီးသိရတယ်။”လို့ စမ်းချောင်းမြို့နယ် နေထိုင်သူကပြောပါတယ်။ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေက ဒီဇင်ဘာလ ၂၄ ရက်နေ့မနက်ပိုင်း အုပ်ချုပ်ရေး ရေးမှူးရုံးမှာရှိနေစဥ် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာဖြစ် ပြီး အဲဒီနောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အရေးပေါ်ကုသခဲ့ပေမယ့် ဒီနေ့မနက်ပိုင်းမှာသေဆုံးသွားပြီဖြစ်တယ်လို့သိရပါတယ်။ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးကိုကို တော့ Freeland Attack Force (FLA) အဖွဲ့ကသူတို့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ကြောင်းပြောဆိုထားပါတယ်။ ယခုနစကဘက်မှထုတ်ပြန်လာတဲ့ ဖမ်းဆီးရမိသူနှစ်ယောက်နဲ့ပတ်သက်ပြီး တစုံတရာတုံ့ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း ဒဂုံမြို့သစ်…
Read More