ပလက်ဝစစ်ရှောင် တသောင်းကျော် အကူအညီ‌တွေ လိုအပ်နေ

အောက်တိုဘာ ၆ – ၂၀၂၄SN (VOM)ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ပလက်ဝ စစ်ဘေးရှောင်ပြည်သူ တသောင်းကျော်အတွက် ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ဆောင်းတွင်းအဝတ်အထည်တွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။အဲဒီ စစ်ဘေးရှောင်ပြည်သူ တသောင်းကျော်ဟာ ပလက်ဝမြို့နယ်နဲ့ မီဇိုရမ်ပြည်က လူဦးရေစာရင်းဖြစ်ပြီး လက်ရှိ မီဇိုရမ်မှာ ပလက်ဝစစ်ဘေးရှောင် ၄၀၀၀ ကျော်ရှိကာ ပလက်ဝမြို့နယ်မှာတော့ တသောင်းကျော်ရှိတယ်လို့ သိရပါတယ်။“စစ်ရှောင်တွေက အလုပ်အကိုင်ကလည်း မရှိကြတော့ ပုံမှန်ဝင်ငွေလည်း မရှိကြဘူး။ အရမ်းဒုက္ခရောက်နေကြတယ်။ အလှူရှင်တွေရဲ့ အားနဲ့ပဲ ရပ်တည်နေရတာပေါ့။ စားနပ်ရိက္ခာ၊ ဆေးဝါး အဲဒါတွေလည်း မလုံလောက်ကြဘူး။ ပြီး‌တော့ ဆောင်းရာသီကလည်း ရောက်လာတော့မှာဆိုတော့ အနွေးထည်အင်္ကျီ၊ ဘောင်းဘီ၊ စောင် စတဲ့ အကူညီတွေလည်း လိုအပ်နေကြတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။ပလက်ဝမြို့ကို အာရက္ခတပ်တော် (AA) က အခု…

Read More

ဂျပန်က သစ်တောကဏ္ဍ နည်းပညာအလုပ်သင်အတွက် မြန်မာလုပ်သားတွေ ခေါ်ယူမယ်

အောက်တိုဘာ၆ ၊၂၀၂၄Ms(VOM)ဂျပန်နိုင်ငံရဲ့ မြန်မာလုပ်သားခေါ်ယူတဲ့အစီစဉ်မှာ သစ်တောကဏ္ဍ နဲ့ဆိုင်တဲ့နည်းပညာအလုပ်သင် လုပ်ငန်းတစ်မျိုးအသစ်ထပ်တိုး ခေါ်ယူ လိုက်ကြောင်း တိုကျိုမြို့ ရှိမြန်မာသံရုံးက နေသိရပါတယ်။ဂျပန်နိုင်ငံ ဟာ မြန်မာ လုပ်သားတွေကို နည်းပညာအလုပ်သင်သင်တန်းသားအစီအစဉ်နဲ့ ခေါ်ယူနေတဲ့ လုပ်ငန်းအမျိုးအစားတွေအနက် Agriculture and Forestry လုပ်ငန်းနယ်ပယ်က သစ်တောကဏ္ဍလုပ်ငန်းအမျိုးအစားအသစ် တစ်မျိုး ထပ်မံဖြည့်စွက်လိုက်တယ်လို့ Organization for Technical Intern Training (OTIT)က အကြောင်းကြားလာတာဖြစ်တယ် ဆိုပြီး တိုကျိုမြို့ မြန်မာသံရုံမှ အောက်တိုဘာ၄ရက်က စာထုတ်ပြန်အသိပေးဖော်ပြလာတာပါ။အဲဒီ့Agriculture and Forestry လုပ်ငန်းနယ်ပယ်က အလုပ်အမျိုးအစားဟာ သစ်တောလုပ်ငန်းအတွက် သစ်တော သစ်ပင်စိုက်ပျိုးထုတ်လုပ်ရတဲ့ လုပ်ငန်းဖြစ်တယ်လို့သိရပါတယ်။” ဂျပန်က လုပ်ငန်းသစ်တခုအတွက် သင်တန်းသားအလုပ်အကိုင်ခေါ်တာက ဟုတ်ပါတယ်။စိုက်ပျိုးရေး သစ်တောကဏ္ဍအတွက် လို့ပြောထားတော့ အဓိကတော့ အမျိုးသားတွေအတွက် လုပ်ငန်းမျိုး ပေါ့။သတ်လတ်ပိုင်းအမျိုးသားတွေအတွက် လို့ သံရုံးဘက်က အတိအကျမထုတ်ပြန်သေးပေမယ့် အသံထွက်နေတယ်။ ခေါ်ရင်လည်း အနည်းဆုံး…

Read More

မြေပြို၊ တံတားကျိုးခဲ့တဲ့ ပင်လောင်း-နေပြည်တော်လမ်းမှာ အိမ်စီးကားနဲ့ ကုန်တင်ကားတွေ ဖြတ်လို့ရပြီ

အောက်တိုဘာ ၆-၂၀၂၄ ZY (VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နဲ့ နေပြည်တော်တိုင်းဒေသကြီးကို ဆက်သွယ်ထားတဲ့ လမ်းမကြီးဟာ မြေပြို၊ တံတားကျိုးမှုကြောင့် တလနီးပါးပိတ်ဆို့နေခဲ့ရာကနေ ဒီကနေ့ အောက်တိုဘာလ ၅ ရက်မှာတော့ ပုံမှန်အတိုင်း ဖြတ်သန်းလာအသုံးပြုလို့ ရပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြို၊ တံတားကျိုး၊ ရေကြီးရေလျှံဖြစ်ကာ ပင်လောင်း-ပေါင်းလောင်း-ကင်းသာ-နေပြည်တော်လမ်းမကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ရက်ကတည်းက လမ်းပိတ်ဆို့နေခဲ့ရာ ဒေသခံတွေနဲ့ ရပ်နီးရပ်ဝေးအလှူရှင်တွေနဲ့ ဝိုင်းဝန်းပြုပြင်မှုကြောင့် အောက်တိုဘာလ ၃ရက်မှာတော့ ဆိုင်ကယ်တွေစတင်သွားလာလို့ ရပြီဖြစ်တယ်လို့ သိရပါတယ်။ “ဆိုင်ကယ်တွေကတော့ ၃ရက်နေ့ကတည်းက စသွားလို့ ရပြီ။ အိမ်စီးကားငယ်တွေနဲ့ ကုန်တင်ကားငယ် တွေကတော့ ဒီနေ့စသွားနေပါပြီ။ ကားကြီးတွေကတော့ မရသေးဘူး။ ပိတ်နေတာက တလနီးပါးရှိပြီ။ ဘယ်လမ်းကမှ သွားလာလို့ အဆင်မပြေဘူး။ လမ်း၊ တံတား အကုန် မိုးကြီးမြေပြိုမှုကြောင့် ပျက်စီးသွား…

Read More

သန်းခေါင်စာရင်းကောက်တဲ့ အဖွဲ့တွေ တိုက်ခိုက်ခံရမှုတွေ ရှိနေ

အောက်တိုဘာ ၆ – ၂၀၂၄GG (VOM)သန်းခေါင်စားရင်းစတင်ကောက်ယူတဲ့ အောက်တိုဘာလ ၁ရက်ကနေ ၄ ရက်နေအတွင်းမှာ စာရင်းကောက်ယူတဲ့အဖွဲ့တွေ တိုက်ခိုက်ခံရသလို စာရင်းကောက်ရာမှာပါဝင်သူအချို့လည်းဖမ်းဆီးခံရတဲ့အပြင် အသတ်ခံရတာတွေပါရှိခဲ့တယ်လို့ သိရပါတယ်။မနေ့က အောက်တိုဘာလ ၄ ရက်နေ့တရက်တည်းမှာတင် ပဲခူးအနောက်ခြမ်းကရွှေတောင်မြို့နယ်နဲ့ တနင်္သာရီ တိုင်းက ပုလောမြို့နယ်မှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့တွေတိုက်ခိုက်ခံခဲ့ရပါတယ်။ရွှေတောင်မြို့နယ် ဖြစ်စဥ်က ညနေ ၅ နာရီလောက်မှာ သန်းခေါင်စာရင်း ကောက်ပြီးပြန်လာတဲ့ ယွန်းတန်းအုပ်ချုပ်ရေးမှူးနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူး ကတော့ဆေးရုံတင်ထားရတယ်လို့သိရပါတယ်။” အုပ်ကြီးကတော့ ဖြစ်ပြီးပြီချင်းဆေးရုံတင်လိုက်ရတယ်။ပေါက်ကွဲမှုဖြစ်ပြီးမကြာဘူး ပိတ်ဆို့စစ်ဆေးတာတွေလုပ်တယ်။ကျန်တဲ့သူတွေထိခိုက်ဒဏ်ရာ ရသလားမရဘူးကတော့သေချာမသိပါဘူး။” လို့ ရွှေတောင်ဒေသခံကပြောပါတယ်။ပုလောမြို့နယ်မှာကလည်း သန်းခေါင်စာရင်း ကောက်တဲ့အဖွဲ့ကို လုံခြုံရေးယူပေးနေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့စခန်းငါးခုကို အောက်တိုဘာ ၄ ရက်နေ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့တယ်လို့ သိရပါတယ်။ပုလောမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၅) အနီးမှာရှိတဲ့ မိုင်ခရိုဝေ့တောင်၊ တာဝါတိုင်ကုန်း၊ ကျောက်ဖားတောင်ဂိတ်၊ ပလရဲစခန်းနဲ့ မီးလောင်ချောင်းဂိတ်တွေဖြစ်တယ်လို့သိရပါတယ်။ချင်းပြည်နယ်၊ တီးတိန်မြို့မှာလည်း အောက်တိုဘာ၄ရက်နေ့ကပဲ…

Read More

မြို့သာစက်မှုဇုန် ကွတ်ကီးစက်ရုံထဲ ဓားပြဝင်တိုက်လို့ ငွေသိန်း ၃၀၀နဲ့ ကားတစီးပါသွား

အောက်တိုဘာ ၅ – ၂၀၂၄GG (VOM)မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မန္တလေး – မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းထဲက Myanmar Ding Wang ဒင်းဝမ်ကွတ်ကီး စက်ရုံအတွင်းကို လက်နက်ကိုင်ဆောင်ထားသူတွေဝင်ရောက်လာပြီး ဓားပြတိုက် မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဥ်က ဒီနေ့အောက်တိုဘာလ ၅ ရက်နေ့မနက်အစောပိုင်း ၇ နာရီလောက်မှာ စက်ရုံတွင်းကို လက်နက်ကိုင်ထားတဲ့အမည်မသိ အမျိုးအသား ငါး ယောက်ရောက်လာပြီး သေနတ်ပြခြိမ်းခြောက်ကာ ဝန်ထမ်းတွေကိုလစာပေးဖို့သိမ်းထားတဲ့ငွေသား သိန်း၃၀၀ နဲ့အတူကားတစီးကိုပါ ယူသွားတယ်လို့သိရပါတယ်။” ဆိုင်ကယ်က သုံး စီးနဲ့ စက်ရုံ ကိုရောက်လာတယ်။သူတို့မှာကသေနတ်က အတို ၂ လက်၊ အရှည် ၁ လက်ပါတယ်၊ ဝန်ထမ်းတွေလည်းရှိပေမယ့် သူတို့ကသေနတ်နဲ့ဆိုတော့ ဘယ်သူမှမလှုပ်ရဲဘူးလေ။ ပိုက်ဆံတွေက ဝန်ထမ်းတွေကို လစာပေးမယ့်ငွေတွေပေါ့၊ ကားကလည်းစက်ရုံပိုင်ကားပါပဲ။ လူတွေကိုတော့ပစ်ခတ်သွားတာမရှိဘူး။အခုတော့ဒီအခြေနေပဲသိရသေးတယ်။ ” လို့ စက်ရုံနဲ့နီးစပ်သူ ငါးဇွန်ဒေသခံတယောက်ကပြောပါတယ်။စက်ရုံတွင်း ဓားပြတိုက်မှုဖြစ်ပွားပြီးနောက်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့သလို ဓားပြတိုက်သူတွေကို…

Read More

နိုင်ငံ အထက်ပိုင်းဒေသတချို့ မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှု သတိပြုဖို့ လို

အောက်တိုဘာ ၅ – ၂၀၂၄SN (VOM)ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသတချို့ အခုရက်ပိုင်းအတွင်း မိုးကြီးနိုင်ပြီး ရေကြီးရေလျှံမှု သတိပြုဖို့ လိုအပ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။မိုး/ဇလဌာနရဲ့ ဒီကနေ့ အောက်တိုဘာ ၅ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းနဲ့ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက် တည်ရှိနေတယ်လို့ သိရပါတယ်။“သူကတော့ သိပ်ပြီးတော့ အားကောင်းမယ့်အနေအထား မရှိဘူး။ ပြီးရင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယထဲဝင်ပြီး အားပျော့သွားမယ့် အနေအထားမျိုးရှိတယ်။ ဒါပေမယ့်သူက အပေါ်ကိုသွားမှာ ဖြစ်တဲ့အတွက်ကြောင့် မိုးရွာပြီဆိုလည်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီတို့ ချင်းတွင်းမြစ်တို့ အဲဒီနေရာတွေမှာတော့ ရေနည်းနည်းလေး…

Read More

တာလီဘန်အဖွဲ့ကို အကြမ်းဖက်စာရင်းနေ ရုရှား ပယ်ဖျက်ပေးတော့မယ်

မော်စကို၊ အောက်တိုဘာ-၅-၂၀၂၄မျိုးဆက်(VOM)ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အာဖဂန်ကို ထိန်းချုပ်ထားတဲ့ တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကနေ ဖယ်ရှားပေးဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ရုရှားဟာ တာလီဘန်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၀၃ ခုနှစ်က စာရင်းသွင်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်မယ့် ဆုံးဖြတ်ချက်ကို မကြာခင် ထုတ်ပြန်နိုင်မယ်လို့ မျှော်လင့်ကြောင်း အာဖဂန်ဆိုင်ရာ ရုရှားသံအမတ်က ဆိုပါတယ်။ယမန်နေ့က မော်စကိုမှာ ပြုလုပ်တဲ့ အစည်းအဝေးတခုမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဖဂန်သမ္မတတို့ အတူတကွ တက်ရောက်ခဲ့ကြပြီး လက်ရှိ အာဖဂန်အစိုးရနဲ့အတူ လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်ထိန်းထားဖို့ လိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။အာဖဂန်မိတ်ဖက်တွေနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဒေသတွင်းလုံခြုံရေးနဲ့ စီးပွားရေး တိုးတက်ဖြစ်ထွန်းမှုတွေအတွက်ဖြစ်ကြောင်း ဆာဂေးလပ်ဗ်ရော့ဗ်က ပြောပါတယ်။အာဖဂန်နစ္စတန် ပြန်လည်တည်ဆောက်ရေး၊ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းရေး ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်ပေးဖို့နဲ့ တာလီဘန်တို့ရဲ့ တာဝန်ရယူမှုတွေကို အသိအမှတ်ပြုဖို့ အနောက်နိုင်ငံတွေကို ရုရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းထားပါတယ်။Ref:NHKPhoto:Getty Images

Read More

လားရှိုး ကွန်ပြူတာတက္ကသိုလ် လေကြောင်း တိုက်ခိုက်ခံရ

အောက်တိုဘာ ၅၊ ၂၀၂၄ShyV(VOM)ရှမ်း ပြည်နယ်မြောက်ပိုင်း၊ ကိုးကန့် MNDAA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပြင်ဘက်ရှိ ကွန်ပြူတာ တက္ကသိုလ်ကို အောက်တိုဘာလ ၅ ရက်နေ့ မနက် ၁၀ နာရီခွဲကျော် ခန့်က လေယာဉ် ဗုံးကြဲ တိုက်ခိုက်ခံရ ကြောက်း ဒေသခံတွဆီက သိရပါတယ်။“လာရှိုး ကွန်ပြူတာ တက္ကသိုလ်ကို လေယာဉ်နဲ့ ဗုံး oHkလုံး ကြဲပြန်ပြီ ခုမနက် ၁၀ နာရီခွဲကျော် ခန့်က။ အပျက်အစီး မသိရသေးဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။လားရှိုး ကနေ မန္တလေးဘက် အထွက်ဘက်က ကွန်ပြူတာ တက္ကသိုလ်မှာ လို့ သူက ပြောပါတယ်။“ဒီနေ့ အောက်တိုဘာ ၅ ရက်နေ့ မနက် ၁၀ နာရီ ၅၀ မိနစ်မှာ လားရှိုးမြို့ မယ်ဟန်အကျော် ကွန်ပျူတာတက္ကသိုလ်ကို လေယာဉ်နဲ့ ဗုံးသုံလုံးကြဲသွားတယ်။…

Read More

သန်းခေါင်စာရင်း မကောက်ဘဲနဲ့ ကောက်ယူပြီးကြောင်း စာကပ်ကာပြန်ထွက်သွားလို့ ဝေဖန်မှုတချို့ရှိ

အောက်တိုဘာ ၅ – ၂၀၂၄GG(VOM)သန်းခေါင်စာရင်း ကောက်ယူရာမှာ မြေပြင်မှာအမှန်တကယ်မကောက်ဘဲနဲ့ စာရင်းကောက်ယူပြီးစီးကြောင်း နေအိမ်မှာ စာကပ်သွားတာမျိုးတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ထဲက ရပ်ကွက်အချို့မှာ သန်းခေါင်စာရင်းကောက်ယူသူတွေက နေအိမ်အချို့ကို သန်းခေါင်စာရင်း အသေးစိတ်ကို စာရင်းကောက်တာမျိုးမလုပ်ဘဲ ကောက်ယူပြီးကြောင်းစာကိုသာကပ်သွားကြတာဖြစ်တယ်လို့ သိရပါတယ်။သန်းခေါင်စားရင်းမကောက်ဘဲ ကောက်ယူပြီးကြောင်းစာကပ်ခံခဲ့ရတဲ့ တရားလွှတ်တော်ရှေ့နေပြောပြတာ က“အိမ်မှာဖြစ်တာ။ဆရာမတယောက်လာတယ်။သန်းခေါင်စာရင်းကောက်မယ်ဆိုတော့ ဆရာ့အမျိုးသမီးက ခဏစောင့်ပါပြောတာကို မကောက်ဘဲ အဲဒီမှာပြန်သွားတာပဲ။ အဲဒီမှာအမျိုးသမီးက ဆရာ့ကိုလှမ်းဖုန်းဆက်တော့မှ ဆရာကရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလှမ်းဖုန်းဆက်တော့ သူကလည်း ကပ်ပြီးရင်ကောက်ပြီးသွားပြီလို့ပြောတယ်။ ကျွန်တော့်အိမ်မကပ်ရသေးဘူးပြောလိုက်တယ်။ ဒါကတော့မဖြစ်သင့်တဲ့ကိစ္စလေ ။ဘေးအိမ်တွေလည်းအဲ့လိုပဲကပ်သွားတာပဲ။ခုသိရသလောက်ပေါ့လေ။သူတို့ကကောက်ပြီးပြီးကပ်လိုက်တော့ တခုခုတော့ထည့်လိုက်မယ်။ဆရာတို့အိမ်ထောင်စုဇယားတွေက ရပ်ကွက်မှာရှိတယ်လေ။ရပ်ကွက်ကအိမ်ထောင်စုဇယားအတိုင်းထည့်မှာပေါ့။တချို့ကလူပိုရှိမယ်။အိမ်ထောင်ခွဲသွားတာရှိမယ်။နိုင်ငံခြားသွားသူရှိမယ်။ဒီတော့အိမ်ထောင်စုဇယားရှိပေမယ့် ဗမာပြည်တွင်းရှိတယ် မရှိဘူးဆိုတာ အဲ့အချက်အလက်လေးတွေကအစ ကောက်တဲ့အထဲ ပါတာ ကောင်းတဲ့ အချက်အလက်လေးတွေပေါ့။” လို့ပြောပါတယ်။နိုင်ငံတော်ကနေ စာရင်းဇယားလုပ်နေတဲ့ကိစ္စတခုမှာ တာဝန်ယူရထားသူတွေအနေနဲ့ တာဝန်ကျေအောင်လုပ်ရသင့်ကြောင်း၊ အချက်လက်မပေးလိုသူကိုတောင် အချက်အလက်အမှန်ပေးချင်စိတ်ဖြစ်လာအောင်စည်းရုံးရမယ့်အချိန်မှာ အခုလိုစာရင်းအမှန်တကယ်မကောက်ဘဲ ပြီးစလွယ်လုပ်တာဟာ နိုင်ငံတော်ကိုသစ္စာမဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။” မေမြို့ကိုရုံးချိန်းသွားတာ သူတို့ကအချက်အလက်နဲ့ပဲကောက်ရတာပဲ။ဘာမှလိုက်ပြီး ရေးမှတ်ရတာတခုမှမရှိဘူး။​ဖုန်းနဲ့ပဲလေ၊ ဘာမှအလုပ်ရှုပ်တာမရှိဘူး။ဘာခက်ခဲတာပါလဲ။ဘာခက်ခဲတာမှ မပါတဲ့ကိစ္စ ဘာ​ရေးတာမှတ်တာမပါတဲ့ကိစ္စမှာ ဒါကိုအပြစ်ပြောလို့မရဘူး။လူနေမှုကိစ္စနဲ့ဆိုင်တယ်။”…

Read More

ယီမင်အခြေစိုက် ဟူသီပစ်မှတ်တွေကို အမေရိကန် တိုက်ခိုက်

ဝါရှင်တန်၊ အောက်တိုဘာ-၅-၂၀၂၄ရတီ(VOM)ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြု ဟူသီသူပုန်အဖွဲ့ရဲ့ နေရာ ၁၅ နေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ထုတ်ပြန်ပါတယ်။လွတ်လပ်စွာ သွားလာခွင့်ကိ ကာကွယ်ရန်ပြုလုပ်သော စစ်ဆင်ရေးအတွင် တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ အသုံးပြုခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။မြို့တော်ဆာနားအပါအဝင် ယီမင်ရဲ့ အဓိကမြို့ကြီးတွေမှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဟူသီသူပု်နအဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ပင်လယ်နီမှာ ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောအစင်း ၁၀၀ ကိုတိုက်ခိုက်ခဲ့ပြီး ဒီထဲက နှစ်စင်းနစ်မြုပ်ခဲ့ပါတယ်။ ဒါဟာ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တာလို့ ဟူသီတို့က ဆိုပါတယ်။လက်ရှိအမေရိကန်ရဲ့ တိုက်ခိုက်မှုမှာ ဟူသီတို့ရဲ့ ဒုံးကျည်စနစ်တွေ၊ အခြေစိုက်စခန်းတွေနဲပ အခြားပစ်မှတ်တွေပါဝင်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ပြီးခဲ့တဲ့ တနင်္လာနေ့က ဟူသီသူပုန်တွေဟာ အမေရိကန်မောင်းသူမဲ့လေယာဉ်တစင်းကို ပစ်ချခဲ့တယ်လို့ အခိုင်အမာဆိုပါတယ်။ဟူသီတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အမေရိကန်၊ ဗြိတိန်အပါအဝင် အခြားနိုင်ငံ ၁၂ နိုင်ငံတို့ဟာ ပင်လယ်နီကို ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို…

Read More
VOM News

FREE
VIEW