Voice of Myanmarပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်-၁ သည် ရိုမန်ကက်သလစ်အသင်းတော်၏ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးကောက်တင်မြောက်ခံရပြီးနောက် ၃၃ ရက်အကြာ ၁၉၇၈ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
Read MoreYear: 2024
မူဆယ်ကနေ အထွက် လမ်းပြန်ဖွင့်
စက်တင်ဘာ ၂၈၊ ၂၀၂၄ Shy V VOM ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ် နယ်စပ်မြို့ရဲ့ တခုတည်းသော ထွက်လမ်း ဖြစ်တဲ့ မူဆယ် ကနေ အထွက် လမ်းမကြီး ဖြစ်တဲ့ မူဆယ် – နမ့်ခမ်းလမ်းကို စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၅ နာရီခန့်က စပြီး ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ”မနေ့က မနက် မူဆယ် – နမ့်ခမ်း လမ်း ပြန်ဖွင့်ပေးပါပြီ။ သွားလို့ရပါပြီ။ စက်တင်ဘာ ၂၇ ရက် မနက် ပြန်ဖွင့်ပြီ။ ကျားဖျန် ပြန်ပို့ပြီးသွားလို့ပေါ့” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အရင် ၅ ရက်ခန့်ကတည်းက မူဆယ်ကနေ အထွက် ပန်ခမ်းတံတား နနဒ့လွယ် ဆုတောင်းတောင်နား…
Read Moreရေဘေး နှစ်ကြိမ်သင့်ခဲ့တဲ့ လယ်သမားတွေအတွက် ဘာအကူအညီတွေ လိုအပ်နေလဲ
စက်တင်ဘာ၂၈၊ ၂၀၂၄Ms(VOM)စပါးစိုက်ပျိုးသူ တောင်သူလယ်သမားတွေအနေနဲ့ ယခုနှစ် မိုးစပါးစိုက်ရာသီချိန်အတွင်း ရေကြီးရေလျှံတာတွေ နှစ်ကြိမ်တိုင်ကြုံတွေ့ကာ လယ်စိုက်ဧကတွေ ရေနစ်မြုပ်ပျက်စီးခဲ့တာကြောင့် ဆန်စပါးအသင်းချုပ် က အကူညီပေး ပေမယ့် အခက်ခဲတွေကြုံနေရ ပြီး အကူညီတွေပိုလိုအပ်တယ်လို့ ရေနစ်မြုပ်မှုနဲ့ကြုံတွေ့နေတဲ့ဒေသက လယ်သမားတွေထံကသိရပါတယ်။ရာသီဥတုဘေးကြောင့် လယ်မြေစိုက်ပျိုးဧကတွေ ပျက်စီးသွားတဲ့ တောင်သူတွေအနေနဲ့ ယခုနှစ်အတွက် စပါးတွေ မရိတ်သိမ်းနိုင်တော့တဲ့အပြင် နောင်နှစ်မှာ ထပ်မံစိုက်ပျိုးဖို့ သိမ်းဆည်းထားတဲ့ မျိုးစပါးတွေလည်း ရေနဲ့မျောကာ တင်းရာချီဆုံးရှုံးတာတွေရှိသလို၊ ထပ်ပြီးစိုက်ပျိုးနိုင်ဖို့ အရင်းအနှီးကလည်း မရှိတော့တာကြောင့် လယ်သမားတွေ ဒုက္ခရောက်ကာ အခက်ခဲတွေကြုံနေရ ပြီး ရေဘေးပြန်လည်ထူထောင်ရေး မှာ စပါးစိုက်ပျိုးနိုင်အောင် သက်ဆိုင်ရာက ကူညီပေးစေလိုကြောင်းပြောဆိုမှုတွေ လည်းရှိနေပါတယ်။” အခု ရွာတွေ ၊လယ်တွေ အတော်များများလည်းရေမြုပ်လို့ကုန်ပြီ ။ နောက်ထပ် ပြန်စိုက်ဖို့ထားတဲ့မျိုးစပါးတွေလည်း ရေနဲ့ပါကုန်တယ်။ လယ်ပြန်လုပ်ဖို့က အတော်လုပ်ယူရဦးမှာ ။ ပြန်လည်ထူထောင်ရေးလုပ်ရင်တော့ ကူညီလိုသူတွေ စပါးမျိုးတွေပါ ပံ့ပိုးပေးဖို့ စဉ်းစားစေချင်ပါတယ်။ “လို့…
Read Moreဂျပန် ကာကွယ်ရေးဝန်ကြီးဟောင်း အိုင်ရှီဘာ ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မယ်
တိုကျို၊ စက်တင်ဘာ-၂၇-၂၀၂၄ရတီ (VOM)ဂျပန်အာဏာရပါတီ ခေါင်းဆောင်အဖြစ် ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂီရူအိုင်ရှီဘာကို ဒီနေ့မှာ ရွေးချယ်လိုက်ပြီး သူဟာ ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာတော့မှာဖြစ်ကြောင်း သိရပါတယ်။လက်ရှိဝန်ကြီးချုပ် ကီရှီဒါဟာ ပါတီခေါင်းဆောင်အဖြစ် ပြန်လည်ရွေးချယ်ခံတော့မှာမဟုတ်ကြောင်း ကြေညာပြီးနောက် ပါတီခေါင်းဆောင်နေရာအတွက် ကိုယ်စားလှယ်လောင်း ကိုးယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာ ပါလီမန်မှာ အမတ်နေရာ အများစု ရရှိထားတဲ့အတွက် ပါတီခေါင်းသစ် အိုင်ရှီဘာကို လာမယ့်သီတင်းပတ်မှာ ဝန်ကြီးချုပ်သစ်ခန့်အပ်ဖို့ ရှိနေပါတယ်။ရန်ပုံငွေအရှုပ်တော်ပုံတွေနဲ့ ပြည်တွင်းစီးပွားရေးအခြေအနေတွေကြောင့် လူထုထောက်ခံမှုနှုန်း ကျဆင်းနေချိန်မှာ အာဏာရပါတီရဲ့ ခေါင်းဆောင်အပြောင်းအလဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် အိုင်ရှီဘာဟာ ပါတီခေါင်းဆောင်နေရာအတွက် ငါးကြိမ်မြောက် ယှဉ်ပြိုင်မှုလည်းပြီး ဒါဟာ နောက်ဆုံးအကြိမ် ဝင်ပြိုင်တာလို့ သူကဆိုပါတယ်။သူဟာ ၁၉၈၆ ခုနှစ် အသက် ၂၉ နှစ်မှာ ဂျပန်လွှတ်တော်အမတ်အဖြစ် ပထမဆုံးရွေးချယ်ခံခဲ့ရပြီး အသက်အငယ်ဆုံး လွှတ်တော်အမတ်ဖြစ်လာပါတယ်။ အဲဒီနောက် သူဟာ ကာကွယ်ရေးဝန်ကြီးအပါအဝင် အခြားဝန်ကြီးရာထူးတွေနဲ့…
Read Moreကလောက ရေဘေးသင့်ပြည်သူတွေ စားနပ်ရိက္ခာတွေသာ လက်ခံရရှိပြီး လှူဒါန်းငွေတွေ လက်ဝယ်မရသေး
စက်တင်ဘာ ၂၇၊ ၂၀၂၄ သတင်း-ZY ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်က မြို့ပေါ်နဲ့ ကျေးလက်ဒေသတွေရှိ ရေဘေးသင့်ပြည်သူ အများစုဟာ အလှူရှင်တွေ လာရောက်လှူဒါန်းမှုတွေ များစွာရှိနေပေမယ့် စားနပ်ရိက္ခာတွေသာ လက်ခံရရှိပြီး လှူဒါန်းငွေတွေ လက်ဝယ်မရောက်ဘဲ ဖြစ်နေတယ်လို့ ရေဘေးသင့်ပြည်သူတွေက ပြောပါတယ်။ ကလောမြို့နယ်မှာ စက်တင်ဘာလ ၁၂ရက်ကစတင်ပြီး တောင်ကျချောင်းရေတွေ အဆမတန် တက်လာကာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သလို မြေပြိုမှုတွေလည်း မြို့နယ်အနှံ့အပြားမှာ ဖြစ်ပွားခဲ့ပြီး အဲဒီသဘာဝဘေး ကြောင့် သေဆုံးသူ ၂၅ဦးထက်မနည်း၊ ပျောက်ဆုံးသူ ၄၀ဦးခန့်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဖြစ်စဉ်အတွင်း ရေဘေးသင့်အိမ်ထောင်စု ၉၃၀ ဝန်းကျင်ရှိပြီး အဲဒီထဲက အိမ်ထောင်စု ၂၅၅ စုကတော့ အိမ်ပြိုကျ ပျက်စီးသွားတာကြောင့် ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေအပါအဝင် နိုင်ငံအနှံ့အပြားက အလှူရှင်တွေ လာရောက်လှူဒါန်းမှုတွေ ရှိခဲ့ပေမယ့် ရေဘေးသင့်ပြည်သူ အများစုဟာ စားနပ်ရိက္ခာတွေသာ လက်ခံရရှိနေကာ…
Read Moreတရုတ်စစ်တပ်ရဲ့ နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်း ယခုနှစ်အစောပိုင်းမှာ နစ်မြုပ်ပျက်စီးခဲ့
ဝါရှင်တန်၊ စက်တင်ဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံရဲ့ တည်ဆောက်ဆဲ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်းဟာ ယခုနှစ်အစောပိုင်းက နစ်မြုပ် ပျက်စီးသွားခဲ့တယ်လို့ အမေရိကန်စစ်တပ် ထိပ်တန်းတာဝန်ရှိသူတယောက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။တရုတ်စစ်တပ်ဟာ ရေတပ်သင်္ဘော အစင်းရေ ၃၇၀ ကျော်ကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးရေတပ်တခုဖြစ်ကာ မျိုးဆက်သစ် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို စတင်ထုတ်လုပ်နေပါတယ်။တရုတ်ရဲ့ ပထမတန်းစား နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဟာ ဟူဘေးပြည်နယ် ယန်ဇီမြစ်ပေါ်ရှိ သင်္ဘောကျင်းတခုမှာ မေလကနေ ဇွန်လအတွင်း နစ်မြုပ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ အမေရိကန် တာဝန်ရှိသူကပြောပါတယ်။သင်္ဘောနစ်မြုပ်ရတဲ့ အကြောင်းရင်း သို့မဟုတ် နစ်မြုပ်ချိန်မှာ နျူကလီးယားလောင်စာတွေ ပါရှိခြင်းရှိမရှိ ရှင်းလင်းစွာမသိရဘူးလို့ သူကဆိုပါတယ်။ ဝါရှင်တန်ရှိ တရုတ်သံရုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အခြေအနေမသိရသလို ပေးစရာအချက်အလက်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ဒီနစ်မြုပ်မှုကို တရုတ်က ဖုံးကွယ်ထားတာ အံ့ဩစရာမဟုတ်ဘူးလို့ အမေရိကန် အရာရှိက ပြောပါတယ်။ တရုတ်နိုင်ငံဟာ ရေတပ်အင်အားကို အလျင်အမြန်တိုးချဲ့ဖို့ လုပ်ဆောင်နေပြီး သင်္ဘောနစ်မြုပ်မှုက နိုင်ငံရဲ့…
Read Moreဆောမြို့နယ်မှာ ရေကြီးမှုကြောင့် စစ်ရှောင်စခန်းတချို့ ရေမြုပ်နေပြီး အသက်ဆုံးရှုံးမှုတွေ ရှိနေ
စက်တင်ဘာ ၂၇ – ၂၀၂၄ SN (VOM) မကွေးတိုင်း၊ ဆောမြို့နယ်မှာ ရေကြီးမှုကြောင့် စစ်ရှောင်စခန်းတချို့ ရေမြုပ်နေပြီး အသက်ဆုံးရှုံးမှုတွေလည်း ရှိနေတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ ဆောမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေတွေ စီးဆင်းလာတဲ့အတွက် စက်တင်ဘာ ၂၅ ရက်၊ ညနေပိုင်းမှစတင်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာမှာ စစ်ရှောင်စခန်း သုံးခု ရေဘေးသင့်နေပြီး စစ်ရှောင်သားအမိနှစ်ယောက် ရေစီးနဲ့မျောပါ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ “သေဆုံးမှု ဖြစ်တာကတော့ စက်တင်ဘာ ၂၅ ရက်နေ့က ဖြစ်ခဲ့တာပေါ့။ တောင်ဇလပ် စစ်ရှောင်စခန်းက သားအမိနှစ်ယောက် သေတာ။ ကလေးက အသက် သုံးနှစ်အရွယ်လောက်ရှိမယ်။ မနေ့ (စက်တင်ဘာ ၂၆ ရက်) ကတော့ ကလေးအလောင်းကို ပြန်တွေ့တယ်။ သူ့အမေကိုတော့ ဆက်ရှာနေတုန်းပဲ။ သူတို့ သားအမိနှစ်ယောက်က ရေစီးအရှိန်နဲ့ ကမ်းပါးပြိုပြီး ပါသွားတာ။…
Read Moreဟဇ်ဘိုလာအဖွဲ့ကို စစ်အင်အားအပြည့်သုံး တိုက်ခိုက်ဖို့ အစ္စရေးဝန်ကြီးချုပ် အမိန့်ထုတ်
တဲလ်အဗစ်၊ စက်တင်ဘာ-၂၇-၂၀၂၄မျိုးဆက်(VOM)အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နဲ့ မဟာမိတ်တွေက တောင်းဆိုတိုက်တွန်းမှုတွေရှိနေပမယ့် လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ကို စစ်အင်အားအပြည့်သုံးပြီး တိုက်ခိုက်ဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အမိန့်ထုတ်လိုက်ပါတယ်။ကြသပတေးနေ့ကပြုလုပ်တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၉၂ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။ တိုက်ခိုက်မှုတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ကစ ပြင်းထန်ခဲ့ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၅၀၀ သေဆုံးခဲ့ပါတယ်။မြို့တော်ဘေရွတ်တောင်ဘက်ရှိ အဆောက်အအုံတခုကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ဒရုန်းတပ်ဖွဲ့အကြီးအကဲ မိုဟာမက်ဆူရာသေဆုံးခဲ့တယ်လို့ ဟဇ်ဘိုလာအဖွဲ့က အတည်ပြုထုတ်ပြန်ထားပြီး နှစ်ဖက်အကြား အလုံးစုံစစ်ပွဲဖြစ်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ဟဇ်ဘိုလာတို့ကလည်း အစ္စရေးမြောက်ပိုင်းနယ်စပ်တွေအပြင် နိုင်ငံအလယ်ပိုင်းထိ ဒုံးကျည်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး တင်းမာမှုတွေလျှော့ချရေးအတွက် ၂၁ ရက်ကြာ အပစ်အခတ်ရပ်စဲရေးကို အမေရိကန်၊ ဗြိတိန်၊ အီးယူအပါအဝင် ၁၂ နိုင်ငံက တောင်းဆိုထားကြပါတယ်။လက်ဘနွန်မှာ အစ္စရေးရဲ့ စစ်ရေးရည်မှန်းချက်တွေ မပြည့်မချင်း ရပ်တန့်မှာမဟုတ်ကြောင်း၊ အစ္စရေးမြောက်ပိုင်းက…
Read Moreအိန္ဒိယအရှေ့ပိုင်း ဘာသာရေးပွဲတော်တခုမှာ ကလေးငယ်အများစုအပါအဝင် လူ ၄၆ ယောက် ရေနစ်သေဆုံး
ဒေလီ၊ စက်တင်ဘာ-၂၇-၂၀၂၄ရတီ(VOM)အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဟိန္ဒူဘာသာရေးပွဲတော်တခုမှာ ကလေးငယ် ၃၇ ယောက်နဲ့ အမျိုးသမီး ခုနှစ်ယောက်အပါအဝင် လူ ၄၆ ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ပွဲတော်ကာလအတွင်း မကြာသေးမီက ရေကြီးရေလျှံခဲ့သည့် မြစ်ချောင်းများအတွင်း ရေဆင်းချိုးရာမှ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ခရိုင် ၁၅ ခုမှာလည်း သေဆုံးမှုတွေရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဂျီဗစ်ပူထရာကာ ပွဲတော်ဟာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲတော်ဖြစ်ပြီး ကလေးငယ်များဟာ မိခင်တွေနဲ့အတူ ဥပုသ်စောင့် ၊ ကုသိုလ်ပြုတာတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။ ပွဲတော်ကျင်းပဖို့ ရေချိုးကြစဉ်မှာ လူအများအပြားဟာ မြစ်တွေရေကြီးမှုကို လျစ်လျူရှုခဲ့ကြတယ်လို့ ဘီဟာပြည်နယ် တာဝန်ရှိသူတွေက ပြောပါတယ်။ရေနစ်သေဆုံးသူ တိုးလာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ဘာသာရေးပွဲတော်တွေမှာ လုံခြုံရေးအစီအမံတွေ လိုက်နာမှုအားနည်းတာနဲ့ လူအုပ်နဲ့ကျင်းပတာမျိုးတွေကြောင့် လူအသေအပျောက်များတဲ့ မတော်တဆမှုတွေ အဖြစ်များပါတယ်။ဇူလိုင်လအတွင်းကလည်း နိုင်ငံမြောက်ပိုင်း ဥတာပရောဒေ့ရှ်ပြည်နယ်မှာ ဘာသာရေးအခမ်းအနားတခုမှာ လူအုပ်ပြိုကျပြီး…
Read Morehis Day in History
Voice of Myanmarမိုဟာမက်အိုမာ ဦးဆောင်သော တာဘီဘန်အဖွဲ့သည် ၁၉၉၆ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် မြို့တော်ကဘူးလ်ကို သိမ်းပိုက်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်ကို အစ္စလာမ္မစ်နိုင်ငံအဖြစ် ကြေညာခဲ့သည်။
Read More