(စက်တင်ဘာ – ၂၆ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၆၆၀ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၄၀၇၉၄၅ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၆၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…
Read MoreYear: 2024
This Day in History
Voice of Myanmarအမေရိကန် သမ္မတလောင်းများအကြား ပထမဆုံးသော ရုပ်မြင်သံကြား စကားစစ်ထိုးပွဲကို ဒီမိုကရက်တစ်သမ္မတလောင်း ဂျွန်အက်ဖ်ကနေဒီနှင့် ရီပတ်ဘလီကန်သမ္မတလောင်း ရစ်ချက်နစ်ဆင်တို့အကြား ၁၉၆၀ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ပြုလုပ်ခဲ့ပြီး ကြည့်ရှုသူ သန်း ၈၀ ကျော် သို့မဟုတ် အမေရိကန်လူဦးရေ၏ ထက်ဝက်နီးပါး ကြည့်ရှုခဲ့ကြသည်။
Read Moreဘဝတွေကို တိုက်စားသွားတဲ့ ရေကြီးမှု
စက်တင်ဘာ ၂၆ ၊ ၂၀၂၄ SS (VOM) ရာဂီမုန်တိုင်းကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းအပြင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို၊ ထိုင်း၊ အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာ မိုးများပြီး ရေကြီး၊ မြေပြိုမှုဖြစ်ခဲ့ကာ လူသေဆုံးမှုတွေ များခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာ တခုက သဘာဝဘေးဒဏ်ကို ခံရတာချင်းတူတူ မြန်မာနိုင်ငံရဲ့ အထိအခိုက်အသေအပျောက်စာရင်းက တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အများဆုံးပါ။ ပြီးခဲ့တဲ့ရက်က ပြင်းထန်လှတဲ့ရေကြီးမြေပြိုမှု သဘာဝဘေးဒဏ်ကို မြန်မာပြည်နေရာ အတော်များများမှာ ခံစားခဲ့ကြရတာပါ။ အထူးသဖြင့် ရှမ်း၊ ကရင်နီ၊ ကရင်၊ နေပြည်တော် စတဲ့ ဒေသတွေက ပြည်သူတွေ အလူးအလဲနဲ့ မရှုမလှ ခံခဲ့ကြရပါတယ်။ အခု ရာဂီမုန်တိုင်းရဲ့ အဖျားခတ်ရုံအရှိန်ကြောင့် လူအသေအပျောက်ဟာ နာဂစ်တုန်းကနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်သာရှိပါတယ်။ ဒါပေမယ့် ရေဘေးသင့်ဧရိယာက နာဂစ်တုန်းကထက် ပိုမိုကျယ်ပြန့်ခဲ့ပြီး ၅၉ မြို့နယ်အထိ…
Read Moreလက်ဘနွန်ကို အစ္စရေးရဲ့တိုက်ခိုက်မှု လူ ၅၀၀ နီးပါးသေဆုံးပြီး လူသိန်းချီ ဘေးလွတ်ရာ ထွက်ပြေး
ဘေရွတ်၊ စက်တင်ဘာ-၂၄-၂၀၂၄ မျိုးဆက်(VOM) လက်ဘနွန် တောင်ပိုင်းရှိ ဟဇ်ဘိုလာပစ်မှတ် ဒါဇင်များစွာကို အစ္စရေးက လေကြောင်းကနေ ညလုံးပေါက်တိုက်ခိုက်မှုကြောင့် လူ ၅၀၀ နီးပါးသေဆုံးပြီး ထောင်နဲ့ချီဒဏ်ရာရခဲ့တယ်လို့ လက်ဘနွန်တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိချိန်ထိ လူ ၄၉၂ ယောက်သေပြီး ၁၆၄၅ ယောက်ဒဏ်ရာရရှိခဲ့ပြီး အစ္စရေး-ဟဇ်ဘိုလာ ပဋိပက္ခမှာ အဆိုးဝါးဆုံး အသေအပျောက်များတဲ့နေ့ဖြစ်ကာ လူသိန်းချီပြီး ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ အစ္စရေးမြောက်ပိုင်း ၃၇ မိုင်အကွာရှိ ဖောက်ခွဲရေးပစ္စည်းစက်ရုံအပါအဝင် အစ္စရေးစစ်ဘက်ပစ်မှတ် အများပြားကို တိုက်ခိုက်ခဲ့ပြီး မက်ဂီဒိုလေယာဉ်ကွင်းကိုလည်း သုံးကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဟဇ်ဘိုလာတို့က ဆိုပါတယ်။ ဟဇ်ဘိုလာတို့ရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးဟာ ဟဇ်ဘိုလာပစ်မှတ် ၁၃၀၀ ကျော်ကို တိုက်ခိုက်ခဲ့သလို ဟဇ်ဘိုလာတို့ကလည်း အစ္စရေးကို ဒုံးကျည် အစင်း ၂၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။ ဟဇ်ဘိုလာတွေအပေါ်…
Read Moreလုံခြုံရေး စိုးရိမ်ပူပန်မှုတွေကြောင့် တရုတ်နဲ့ ရုရှားနိုင်ငံထုတ်ကားတွေကို တားမြစ်ပိတ်ပင်ဖို့ အမေရိကန်စီစဉ်
ဝါရှင်တန်၊ စက်တင်ဘာ-၂၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန်အစိုးရဟာ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် ရုရှားနဲ့ တရုတ်ထုတ်ကားတွေကို တားမြစ်ပိတ်ပင်ဖို့ စီစဉ်နေတယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူတယောက်က ပြောပါတယ်။ရုရှားနဲ့ တရုတ်နိုင်ငံလုပ်ကားတွေကို ပိတ်ပင်ဖို့ အစီအစဉ်ဟာ အမေရိကန်ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှ ကာကွယ်ဖို့ အစီအစဉ်တွေဖြစ်ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂျီနာရိုင်မွန်ဒိုက ဆိုပါတယ်။ဒီထဲမှာ လျှပ်စစ်ကား၊ အိမ်စီးကား၊ ထရပ်ကားနဲ့ ဘတ်စ်ကားတွေလည်း ပါဝင်ပြီး အလိုအလျောက်မောင်းနှင်မှုနဲ့ တော်တော်ကားတွေကို အခြားကွန်ရက်တွေနဲ့ ချိတ်ဆက်တဲ့နည်းပညာတွေဟာ အမေရိကန်လမ်းတွေပေါ်ရှိကားတွေကို ရန်သူတွေက အဝေးမှခြယ်လှယ်ထိန်းချုပ်လာနိုင်တယ်လို့ သူကပြောပါတယ်။အမေရိကန်ရှိ ကားတွေမှာတော့ လက်ရှိချိန်ထိ တရုတ် သို့မဟုတ် ရုရှားဆော့ဖ်ဝဲကို အသုံးပြုမှုအနည်းငယ်သာရှိသေးပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကလည်း လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် တရုတ်အခြေစိုက် ဟွာဝေးကုမ္ပဏီရဲ့ ထုတ်ကုန်တွေကို အသုံးပြုတာတွေ တားမြစ်ခဲ့ပါတယ်။မျက်မှောက်ခေတ်ကားတွေမှာ ကင်မရာ၊ မိုက်ခရိုဖုန်း၊ ဂျီပီအက်စ်နှင့် အခြားသောအင်တာနက်ချိတ်ဆက် နည်းပညာများရှိနေပြီး ပြည်ပရန်သူတွေက အချက်အလက်များကြည့်ရှုနိုင်မယ့် အန္တရာယ်ရှိနေတာကြောင့် တားမြစ်ပိတ်ပင်မယ့်အစီအစဉ်ဟာ အမေရိကန်အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် လိုအပ်တယ်လို့ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက…
Read Moreမန္တလေးမြို့မှာ ဟိန္ဒူဘုရားကျောင်းအဟောင်း အဆောက်အဦ ပြိုကျပြီး လူ(၁)ဦး သေဆုံး
မန္တလေး၊ စက်တင်ဘာ ၂၄-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၉လမ်းနှင့် ၂၀လမ်းကြား၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ ဟိန္ဒူဘုရားကျောင်းအဟောင်းအဆောက်အဦတလုံးပြိုကျမှု ဒီကနေ့မနက် ၂နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ မီးသတ်ဦးစီးဌာနနဲ့နီးစပ်သူတဦးက ” မနက်အစော ၂နာရီခန့်က အဆောက်အဦပြိုတဲ့သတင်းရတယ်၊ မီးသတ်က ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးဆောင်ရွက်ကြတယ်၊ ကနဦးအရတော့ အမျိုးသမီး(၃)ဦးနဲ့ အမျိုးသား(၂)ဦး ဒဏ်ရာရတယ်၊ အဲ့ဒီအထဲက အမျိုးသမီးတဦး သေဆုံးပါတယ်”လို့ ပြောပါတယ်။ ပေ ၅၀ ပတ်လည် တထပ်တိုက် ဟိန္ဒူဘုရားကျောင်းအဟောင်း ညာဘက်ရှိ အဖီဆွဲထားသော သွပ်မိုးအုတ်ကာ အခန်း(၃)ခန်း ပြိုကျမှုဖြစ်ပွားပြီး အသက်(၅၀)နဲ့ အသက် (၃၀)အမျိုးသမီး (၂)ဦး၊ အသက်(၁၁)နှစ်အရွယ် မိန်းကလေး(၁)ဦး၊ အသက်(၂၂)နှစ်အရွယ်အမျိုးသား(၁)ဦး ၊ အသက်(၁၁)နှစ်အရွယ် ယောကျာ်းလေး(၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အသက်(၅၀)အရွယ်အမျိုးသမီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအဆောက်အဦမှာ…
Read Moreလွိုင်လင် – မိုင်းပွန် ကုန်သွယ်ရေးလမ်းမ မြေပြိုမှု အခြေအနေ မကောင်းသေး
စက်တင်ဘာ ၂၄၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် တောင်ပိုင်း၊ အာရှ လမ်းမရဲ့ လမ်းပိုင်း ဖြစ်တဲ့ လွိုင်လင် – မိုင်းပွန်ကြား ကုန်သွယ်ရာ လမ်းမဟာ ရေကြီး မြေပြိုမှုကြောင့် အခြေအနေ မကောင်းသေးကြောင်း ဒေသခံတွေနဲ့ ကုန်တင် ယာဉ်မောင်းတွေဆီက သိရပါတယ်။ “အခုက လမ်း မြေပြိုထားတဲ့ နေရာတွေကို ပရဟိတ နဲ့ မီးသတ်တပ်ဖွဲ့ ရှင်းလင်း ဖယ်ထုတ်ထားတယ်။ ဒါပေမယ့် စိတ်မချရဘူး။ တောင် အပေါ်ဘက်က မြေတွေ ထပ်ပြိုလာနိုင်တယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မိုးမရွာရင်တောင် တောင်ရဲ့ ဘေးတွေမှာ မြေသားတွေက ပွ နေပြီး မြေတွေ ထပ်ပြိုကျနိုင်သလို မိုးရွာရင် မြေ ထပ်ပြိုလာမယ့် အခြေအနေလဲရှိနေတာကြောင့် ပို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။…
Read Moreခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်ဖို့ မြောက်ကိုရီးယား အဆင်သင့်ဖြစ်နေ
ဆိုးလ်၊ စက်တင်ဘာ-၂၄-၂၀၂၄ရတီ(VOM)မြောက်ကိုရီးယားသည် နျူကလီးယားစမ်းသပ်မှုပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး အထူးသဖြင့် နိုဝင်ဘာလတွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၀န်းကျင်တွင် စမ်းသပ်နိုင်ကြောင်း တောင်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူတယောက် သတိပေးလိုက်ပါတယ်။တောင်ကိုရီးယား သမ္မတအိမ်တော် အမျိုးသားလုံခြုံရေးအကြီးအကဲ ရှင်ဝန်ဆစ်ခ်က မြောက်ကိုရီးယားရဲ့ ခုနှစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်နိုင်ခြေ အကဲဖြတ်မှုကို ဝိုင်တီအင်န် သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သူက ပြောဆိုခဲ့တာဖြစ်ပါတယ်။ကင်ဂျုံအန်က ဆုံးဖြတ်လိုက်တဲ့အချိန်မှာ နျူကလီးယားစမ်းသပ်ဖို့ မြောက်ကိုရီးယားက အဆင့်သင့်ပြင်ထားတာဖြစ်ပြီး ဒီအတွက် အသေးစား နျူကလီးယားစမ်းသပ်မှုတခု လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။နျူကလီးယားစမ်းသပ်မှုကို အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် သို့မဟုတ် ရွေးကောက်ပွဲအပြီးမှာ ပြုလုပ်ဖို့ ဆုံးဖြတ်နိုင်ခြေရှိကြောင်း တောင်ကိုရီးယား အမျိုးသားလုံခြုံရေး အကြီးအကဲကဆိုပါတယ်။ယခုလအစောပိုင်းမှာတော့ ကင်ဂျုံအန်ဟာ နျူကလီးယားလက်နက်တွေအတွက် ယူနေရနီယံသန့်စင်စက်ရုံကို သွားရောက်စစ်ဆေးခဲ့ပြီး ယူရေနီယံတိုးမြှင့်သန့်စင်ဖို့ကိုလည်း ညွှန်ကြားခဲ့ပါတယ်။မြောက်ကိုရီးယားဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကာလမှာ နိုင်ငံရဲ့ နျူကလီးယားစွမ်းရည်ကို နိုင်ငံတကာက အာရုံစိုက် သိလာစေဖို့ အားထုတ်ကြိုးပမ်းနေပုံရကြောင်း စောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားပါတယ်။Ref:NHKPhoto:Getty Images
Read Moreနောင်ချို တောင်ခမ်းဘက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေ
စက်တင်ဘာ ၂၄၊ ၂၀၂၄Shy V (VOM)ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ တောင်ခမ်းရွာဘက်မှာ ဒီနေ့ စက်တင်ဘာလ ၂၃ ရက်နေ့အထိ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။“ဒီနေ့ တောင်ခမ်းဘက် နောက်ဆုံးအခြေအနေ တော်တော်လေး ပြင်းထန်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။လက်နက်ကြီး ပစ်ခတ်သံတွေလည်း ကြား နေရပြီး မနေ့ကတော့ နစက ဘက်က လူနဲ့ ရိက္ခာ ထပ်ချ ပေး တယ်လို့ သိရကာ တိုက်ပွဲက ပြင်းထန်နေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။“တောင်ခမ်းဘက်က တိုက်ပွဲဖြစ်နေဆဲပဲ။ နစက ဘက်က အခု နောက်ပိုင်း ဆက်တိုက် ဆိုသလို ထိုးစစ်ဆင် နေတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။စက်တင်ဘာ ၂၃…
Read Moreလားရှိုးကို လေကြောင်းနဲ့ ထပ်တိုက်လို့ ဒဏ်ရာရသူ သေဆုံးသူတွေရှိ
စက်တင်ဘာ ၂၄၊ ၂၀၂၄ Shy V (VOM) ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ နစက တပ်က ေန လေကြောင်းနဲ့ ထပ်မံ တိုက်ခိုက်တာမှာ တယောက်သေဆုံးပြီး ၉ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “၄ လုံး လာကြဲသွားတယ်။ ပထမ ၂ လုံးက ရပ်ကွက် ၂ ထဲက ရထိုက် ဟိုတယ် နဲ့ ဖူလီလိုက် ဟိုတယ်မှာ ကျတယ်။ ၉ ယောက် ထိခိုက် ဒဏ်ရာရတယ်။ အဆောက်အဦးတွေ ပျက်ကုန်တယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မနက် ၁ နာရီ ၃၀ မိနစ်မှာ တလုံး၊ ၁…
Read More