တရုတ်ဘက် အထည်ချုပ်သွားမယ့်သူတွေ လမ်းမှာ ပိတ်မိသူတွေ ရှိနေသလို အဖမ်းခံရသူတွေလည်းရှိ

စက်တင်ဘာ ၆၊ ၂၀၂၄Shy V (VOM)တရုတ်ဘက် အထည်ချုပ်သွားမယ့် သူတွေ လတ်တလော လမ်းမှာ ပိတ်မိနေသူတွေ ရှိနေသလို ဖမ်းခံထားရသူတွေလည်းရှိနေကြောင်း ခရီးသည် ယာဉ်မောင်းတွေနဲ့ စက်ချုပ်သွားမယ့် သူတွေ ဆီက သိရပါတယ်။“အထည်ချုပ်သမားတွေ လမ်းမှာ ဖမ်းတာလားဖမ်းထားတာရှိတယ်။ မှတ်ပုံတင်မှာ ဘာမျဥ်းစောင်းတွေလဲတော့ မသိဘူး။” လို့ မျက်မြင် ယာဉ်မောင်း တယောက်က ပြောပါတယ်။မူဆယ် ကနေ တရုတ်ဘက် အထည်ချုပ် အလုပ်သွားလုပ်မယ့် သူတွေအနေနဲ့ တောင် ကြီး ကနေ မူဆယ် ကို ရှမ်းပြည်နယ် မှတ်ပုံတင် ၁၃ / ဆိုရင် သွားရ လွယ်ကူပေမယ့် ကျန် မျဉ်းစောင်းတွေက သွားဖို့ လမ်းမှာ အရမ်းခက်ခဲတယ်လို့ သူက ပြောပါတယ်။“အေးဂျင့် (ပွဲစား /ကိုယ်စားလှယ်) တိုင်းကိုည်း မယုံ ကြပါနဲ့။ နမ့်ခမ်းအဝင်မှာ အေးဂျင့်လာမကြိုရင် ဒဏ်ငွေ…

Read More

မြူးနစ်ရှိ အစ္စရေးကောင်စစ်ဝန်ရုံးအနီး ပစ်ခတ်မှု သေနတ်သမား သေဆုံး

  ဘာလင်၊ စက်တင်ဘာ-၆-၂၀၂၄ မျိုးဆက်(VOM) ဂျာမနီတောင်ပိုင်း မြူးနစ်မြို့ရှိ အစ္စရေးကောင်စစ်ဝန်ရုံးအနီးမှာ သေနတ်သမားနဲ့ ရဲတပ်ဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီး သေနတ်သမားသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေနတ်သမားဟာ အသက် ၁၈ နှစ်အရွယ် ဩစတြေးလျနိုင်ငံသားဖြစ်ပြီး ကောင်စစ်ဝန်ရုံးကို အကြမ်းဖက်တို်ကခိုက်ဖို့ စီစဉ်ခဲ့တာဖြစ်နို်ငကြောင်း ဂျာမနီအာဏာပိုင်တွေက ပြောပါတယ်။ ယခုဖြစ်စဉ်အတွင်း ထိခိုက်သေဆုံးသူမရှိဘူးလို့ ဆိုပါတယ်။ ၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ်အားကစားပွဲတော်ကို တက်ရောက်လာတဲ့ အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို ပါလက်စတိုင်း အစွန်းရောက်အဖွဲ့က အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၁ ယောက်သေဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့နဲ့ တိုက်ဆို်ငနေပါတယ်။ ဒါဟာ ကောင်စစ်ဝန်ရုံးကို အကြမ်းဖက်တိုက်ခို်ကဖို့ ကြိုးပမ်းမှုအဖြစ် ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေက ဖော်ပြထားပြီး တိုက်ခိုက်ရတဲ့အကြောင်းရင်းအသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။ သေနတ်သမား ဆယ်ကျော်သက်ဟာ အစွန်းရောက် အစ္စလာမ္မစ် အယူအဆတွေရဲ့ လွှမ်းမိုးမှုအောက်မှာရှိနေတယ်ဆိုတဲ့ သံသယနဲ့ ဩစတြေးလျအာဏာပိုင်တွေဟာ သူ့ရဲ့နေအိမ်ကို ယခင်က ရှာဖွေမှုတွေ…

Read More

နမ့်ခမ်းမှာ လက်နက်ကြီးကျလို့ ၁၁ ယောက်သေပြီး ၁၁ ဒဏ်ရာရ

စက်တင်ဘာ ၆၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ နမ့်ခမ်းမြို့မှာ ဒီနေ့ စက်တင်ဘာ ၆ ရက် နေ့မနက် ၁ နာ ရီခွဲခန့်က လက်နက်ကြီးကျလို့ ၁၁ ယောက်သေပြီး ၁၁ ယောက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေနဲ့ TNLA ရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။ “သေဆုံးသွားတဲ့ ထဲ ကျနော်တို့ ရွာထိပ်က မိသားစု သုံးယောက်လည်းပါတယ်။ အားလုံးဘယ်နှစ်ယောက် သေဆုံးတာတော့ ကျနော် မသိဘူး။ ဒဏ်ရာရတာက ၁၀ ယောက် ကျော်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။ TNLA ဘက်ကတော့ နမ့်ခမ်းမြို့မှာ စက်တင်ဘာလ ၆ ရက် မနက် ၁ နာရီ ၃၅ မိနစ်အချိန် နစက တပ်ဖွဲ့က…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၆ ရက်၊ နံနက် ၁၀ နာရီ)Voice of Myanmar#ရွှေဈေး-ကမ္ဘာ့ရွှေဈေးတအောင်စ ၂၅၁၇ ဒေါ်လာရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား၅၀၇၇၁၇၁ ကျပ်ပြင်ပရွှေဈေးနှုန်း-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)ရောင်းဈေး ၇၁၀၀၀၀၀ ကျပ်ဝယ်ဈေး ၇၀၆၀၀၀၀ ကျပ်-၁၅ ပဲရည် တကျပ်သားရောင်းဈေး ၆၉၀၀၀၀၀ ကျပ်ဝယ်ဈေး ၆၈၆၀၀၀၀ ကျပ်“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)#နိုင်ငံခြားငွေလဲလှယ်နှုန်း-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းအမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ်ပြင်ပပေါက်စျေး-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၅၅၀၀ ကျပ်ဝယ်ဈေး – ၅၄၀၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၄၀၈၀ ကျပ်ဝယ်ဈေး – ၃၉၆၅ ကျပ်-ယူရိုရောင်းဈေး – ၅၉၁၅ ကျပ်ဝယ်ဈေး –…

Read More

This Day in History

Voice of Myanmarအမေရိကန်၏ ၂၅ ယောက်သမ္မတ ဝီလီယံမက်ကင်လေသည် နယူးယောက်ရှိ ဘတ်ဖလိုမြို့တွင် ၁၉၀၁ ခုနှစ် စက်တင်ဘာ ၆ ရက်၌ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရပြီးနောက် ရှစ်ရက်အကြာတွင် သေဆုံးသွားခဲ့သည်။

Read More

အမေရိကန် သမ္မတအဖြစ် ကမလာဟားရစ်ကို ထောက်ခံတယ်လို့ ပူတင်ပြော

မော်စကို၊ စက်တင်ဘာ-၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်ထက် ဒီမိုကရက်တစ်သမ္မတလောင်း ကမလာဟားရစ် အနိုင်ရပြီး သမ္မတဖြစ်စေချင်တယ်လို့ ရုရှားသမ္မတ ပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ရုရှားလိုလားတဲ့ ဝါဒဖြန့်မှုတွေလုပ်ပြီး ဩဇာလွှမ်းမိုးဖို့ ကြိုးစားတာကြောင့် ရုရှားသတင်းမီဒီယာ ထိပ်တန်းတာဝန်ရှိသူနှစ်ယောက်ကို အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ကြေညာပြီးနောက် ပူတင်က အခုလို မှတ်ချက်ပြု ပြောဆိုလာတာဖြစ်ပါတယ်။ သမ္မတဂျိုးဘိုင်ဒင် သမ္မတရွေးကောက်ပွဲကနေ မနုတ်ထွက်မီကလည်း ဘိုင်ဒင်ဟာ ထရန့်ထက် ပိုမိုခန့်မှန်းရလွယ်တဲ့ နိုင်ငံရေးသမားဖြစ်တာကြောင့် သမ္မတဖြစ်စေချင်လို့ ယခုနှစ်အစောပိုင်းကလည်း ပြောဆိုခဲ့ဖူးပါတယ်။ ရုရှားအရှေ့ဖျား စီးပွားရေးဖိုရမ် လက်ခံကျင်းပနေတဲ့ ပူတင်ကို အမေရိကန်ရွေးကောက်ပွဲကို ဘယ်လိုအမြင်ရှိလဲဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းအပေါ် ပူတင်က “ ဒါက အမေရိကန်ပြည်သူတွေရဲ့ ရွေးချယ်မှုပါ။. ဒါပေမယ့်လည်း ဘိုင်ဒင်က သူ့ထောက်ခံသူတွေကို ဟားရစ်ကိုဆက်ဝန်းရံဖို့ ပြောခဲ့သလိုပါပဲ ကျွန်တော်တို့လည်း သူမကို ထောက်ခံမယ် ”လို့…

Read More

နမ့်လန်မှာ တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်း ရပ်ကွက်တချို့ ရေကြီးနေပြီး ကားလမ်းတွေလည်း ပိတ်နေ

စက်တင်ဘာ ၅၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ့်လန်မြို့မှာ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်း မိုးသည်းထန်ခဲ့လို့ တောင်ကျရေကြီးလာကာ တောင်ကျရေတွေကြောင့် မြေနိမ့်ပိုင်းမှာရှိတဲ့ ရပ်ကွက်တချို့ ရေကြီးနေပြီး ကားလမ်းတွေလည်း ပိတ်နေ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နမ့်လန်မှာ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်း မိုးကြီးပြီး တောင်ကျရေများလို့ မြို့တွင်း ရေကြီးရေလျှံ ဖြစ်လာတယ်။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ တမနက်ပဲ မိုး သည်းသည်း ထန်ထန်ရွာပေမယ့် မြို့ထဲက နေအိမ်တွေနဲ့ ကျောင်းဝင်းမှာရော ရေတွေဝင်ကုန်ပြီး ကားလမ်းမှာလည်း ရေတွေလျှံကုန်တာ်လို့ ဆိုပါတယ်။ “ရေ ဝင်တဲ့ အိမ်လည်းဝင်တယ်။ အိမ်တော်တော် များများ ရေဝင်ကုန်တယ်။ တောင်ကျရေ တွေပါ။” လို့…

Read More

နောင်ချို တောင်ခမ်းနဲ့ မိုးမောက် – ဗန်းမော် ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

စက်တင်ဘာ ၄၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ရှည် တောင်ခမ်းဘက် နဲ့ ကချင်ပြည်နယ်၊ မိုးမောက် – ဗန်းမော် ကြား တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လက်ရှိထိ နောင်ချို တောင်ရှည် တောင်ခမ်းဘက် တိုက်နေတုန်းပဲ။ စခန်းတွေက စစ်တပ်က ပြန်ရသွားတာတွေရှိတယ်။ တိုက်ပွဲကပြင်းထန်နေဆဲပဲ။ အဲဒီဘက်က အမြောက်တပ် ၂၀၆၊ ၃၅၄၊ ၄ဝ၆ ၊ ၉၀၂ တပ်တွေနဲ့ တပြိုင်ထဲ တိုက်ပွဲပြင်းထန်နေတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နစက တပ်ဖွဲ့ ဆီက TNLA တပ်ဖွဲ့ သိမ်းဆည်းရရှိထားတဲ့ သံချပ်ကာ ကားတွေကို စစ်မြေပြင်မှာ သုံးဖို့ စက်တင်ဘာ ၄ ရက်နေ့က အရှေ့တန်းကို ပို့နေတာလို့…

Read More

စူပါတိုင်ဖွန်း မုန်တိုင်းကြောင့် တရုတ်တောင်ပိုင်းမှာ စာသင်ကျောင်းနဲ့ အလုပ်တွေပိတ်ထားပြီး လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်း

ပေကျင်း၊ စက်တင်ဘာ-၅-၂၀၂၄ မျိုးဆက်(VOM) အပူပိုင်းမုန်းတိုင်း ယာဂီဟာ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် အားကောင်းလာပြီး ဟိုင်နန်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်နေတာကြောင့် တရုတ်တောင်ပိုင်းက မြို့ကြီးတွေမှာ အလုပ်တွေ၊ စာသင်ကျောင်းတွေ ပိတ်ထားရပြီး လေကြောင်းခရီးစဉ်အချို့ကိုလည်း ဖျက်သိမ်းလိုက်ရပါတယ်။ ဟိုင်နန်မှာ စူပါတိုင်ဖွန်းမုန်တိုင်းတွေတို်ကခတ်မှုနည်းပါးပြီး ၁၉၄၉ ခုနှစ်ကတည်းက တိုင်ဖွန်းမုန်တိုင်း ၁၀၆ ကြိမ် ဝင်ရောက်တို်ကခတ်ခဲ့ရာ ကိုးကြိမ်သာ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် သတ်မှတ်ခဲ့ပါတယ်။ တိုင်ဖွန်းမုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ကိုဖြတ်၍ အနောက်ဘက်ကို ရွေ့လျားကာ ဟိုင်နန်ပြည်နယ်ကို တနာရီလေတိုက်နှုန်း ၂၀၉ ကီလိုမီတာနှုန်းနဲ့ ဆက်လက်ရွေ့လျားနေတယ်လို့ တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ ဟိုင်နန်အာဏာပိုင်တွေဟာ ဒီနေ့မနက် ၁၁ နာရီ မိနစ် ၃၀ ကစပြီး မုန်တိုင်းယာဂီနဲ့ပတ်သက်တဲ့ အရေးပေါ်တုံ့ပြန်မှုအဆင့်ကို အဆင့်ဆုံး တိုးမြှင့်လိုက်ပါတယ်။ တိုင်ဖွန်းမုန်တိုင်းဟာ မနက်ဖြန်မွန်းလွဲပိုင်းမှာတော့ ဟိုင်နန်အပြင် အိမ်နီးချင်း ဂွမ်ဒေါင်းပြည်နယ် ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။ ဟိုင်နန်ပြည်နယ်မြို့တော် ဟိုင်ကူမှာတော့…

Read More

ဒီပဲယင်း စစ်ရှောင် တသောင်းကျော် အရေးပေါ်အကူအညီတွေ လိုအပ်နေ

စက်တင်ဘာ ၅ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ ဒီပဲယင်းမြို့က စစ်ရှောင်ပြည်သူ တသောင်းကျော်အတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသအခြေစိုက် စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ အဲဒီ စစ်ဘေးဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ နေရပ်စွန့်ခွာ ထွက်ပြေးကြရတာဖြစ်ပြီး ရက်ပေါင်း ၂၀ ဝန်းကျင်ရှိလာတဲ့အထိ နေရပ်မပြန်နိုင်သေးတာကြောင့် စားဝတ်နေရေး ခက်ခဲနေသလို ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ “လောလောဆယ်မှာတော့ တခြားကျေးရွာက ဒေသခံတွေရဲ့ အကူအညီနဲ့ စားဝတ်နေရေး ဖြေရှင်းနေရတာ။ လူဦးရေကလည်း အရမ်းများတော့ ကြာလာတော့ လုံလောက်မှု မရှိတော့ဘူး။ အခုအချိန်က ကုန်ဈေးနှုန်း ကြီးတာကြောင့်ရော၊ တိုက်ပွဲတွေကြောင့် အစစအရာရာ ရှားပါးလာတာကြောင့်ရော ဘယ်လိုမှ အဆင်မပြေဘူး။ ပြီးတော့ စစ်ရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေလည်းပါတော့…

Read More
VOM News

FREE
VIEW