သောင်ရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁၀ ပေခွဲတက်လို့ မြ၀တီရှိ အနိမ့်ပိုင်းရပ်ကွက်အားလုံး ရေမြုပ် စက်တင်ဘာ ၁၁ – ၂၀၂၄ KG(VOM) အဆက်မပြတ်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေတိုးလာပြီး ကရင်ပြည်နယ်အတွင်းက မြ၀တီမြို့ပေါ် ရှိ အနိမ့်ပိုင်းရပ်ကွက်များအားလုံးဟာ ဒီကနေ့ စက်တင်ဘာ ၁၁ ရက်၊နံနက်အစောပိုင်းအချိန်မှစတင်လို့ ရေများ၀င်ရောက်လာကာ အမှတ်(၁)ချစ်ကြည်ရေးတံတား အပါအဝင် အနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များရေနစ်မြုပ်လျက်ရှိတယ်လို့ မြို့နေဒေသခံတွေထံကနေ သိရပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ စက်တင်ဘာ ၁၀ ရက်၊နံနက်ပိုင်းကစတင်လို့ မြဝတီမြို့ပေါ် သောင်ရင်းမြစ်ရေတွေတိုးလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “အနိမ့်ပိုင်းကနေအိမ်အားလုံးရေမြုပ်တယ်။မြေနီကုန်းဘက်ကတော့လမ်းဖြတ်တံတား တလအတွင်းပြီးသွားလို့ ရေအရင်လို မကြီးတော့ပါဘူး။ ရေတင်လဲခဏပါပဲ၊မိုးတိတ်တာနဲ့ပြန်ကျသွားတာပါ”လို့ မြ၀တီမြို့ခံတယောက်က ပြောပါတယ်။ မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့စက်တင်ဘာ ၁၁ ရက်၊မြန်မာစံတော်ချိန် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်အရ မြ၀တီမြို့ရဲ့သောင်ရင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်က ၉၆၃ စင်တီမီတာအထက်၁၀ ပေခွဲခန့်(၃၁၉ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေတယ်လို့…
Read MoreYear: 2024
ကျိုင်းတုံ၊ တာချီလိတ်၊ မယ်ဆိုင် တွေဘက် မကြုံဖူးတဲ့ ရေကြီးမှုမျိုးကြုံနေ
စက်တင်ဘာ ၁၁၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ် ဘက် မိုးအဆက်မပြတ် ရွာသွန်းပြီး စက်တင်ဘာ ၁၀ ရက်နေ့ကစ ရေကြီးရေလျှံနေကာ တာချီလိတ်နဲ့ ထိစပ်နေတဲ့ ထိုင်းဘက် မယ်ဆိုင်မှာလည်း မကြုံဖူးတဲ့ ရေကြီးမှုမျိုးကြုံနေရတယ်လို့ နယ်စပ်ဒေသခံတွေ ဆီက သိရပါတယ်။ “ညကတည်းက အိမ်ခေါင်မိုးပေါ်တက်နေရတာ အခုမနက်ထိ ကယ်ဆယ်ရေးတွေလာမကယ်နိုင်ဘူး။ ဒါကတော့မယ်ဆိုင်ဘက်ပါ။မြန်မာဘက်နဲ့လည်း ဖုန်းအဆက်သွယ် မရတော့ဘူး။ မြန်မာဘက်ဆို ဒီထက်နှစ်ဆပိုဆိုးပါတယ်။” လို့ နယ်စပ် ဒေသခံတယောက်က ပြောပါတယ်။ ယမန်နေ့ ညပိုင်းမှာ မယ်ဆိုင်တံတား ရေမြုပ်သွားပါပြီဖြစ်ပြီး မယ်ဆိုင်မြို့ပေါ်က နေအိမ်တွေထဲလည်း ရေတက်လာကာ မယ်ဆိုင်မြို့ပေါ် နှစ် ပေါင်း ၃၀ ကျော် – ၄၀ အတွင်း တခါမှ မကြီးဘူးတဲ့ နေရာတွေပါ ရေအကုန်အပြည့်ဝင်ကုန် တာကြောင့် နေစရာ တောင်မရှိဘူးလို့…
Read Moreရုရှားကို လက်နက်ထောက်ပံ့လို့ အီရန်အပေါ် အမေရိကန်နဲ့မဟာမိတ်တွေ ဒဏ်ခတ်ပိတ်ဆို့
လန်ဒန်၊ စက်တင်ဘာ-၁၁-၂၀၂၄မျိုးဆက်(VOM)ယူကရိန်းစစ်ပွဲမှာ ရုရှားအတွက် ပဲ့ထိန်းဒုံးကျည်တွေ ထောက်ပံ့ပေးနေတဲ့အတွက် အီရန်အပေါ် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်ပါတယ်။ချမှတ်လိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေထဲမှာ အီရန်လေကြောင်းလိုင်းကို ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေကို ပျံသန်းခွင့်တားမြစ်တာ၊ ရုရှားအတွက် စစ်ရေးအရ ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲခံရတဲ့ အီရန်နိုင်ငံသား အများအပြားကို ခရီးသွားလာခွင့် ပိတ်ပင်တာနဲ့ ပိုင်ဆိုင်မှု ရပ်ဆိုင်းတာတွေပါဝင်ပါတယ်။အီရန်ဟာ ရုရှားတပ်ဖွဲ့ဝင်တွေကို တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ အသုံးပြုဖို့ လေ့ကျင့်ပေးခဲ့ပြီး လာမယ့် ရက်တ္တပတ်အတွင်း ယူကရိန်းကို တိုက်ခိုက်နိုင်တယ်လို့ လန်ဒန်ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ပြောပါတယ်။အီရန်ကတော့ ရုရှားအတွက် ပဲ့ထိန်းဒုံးကျည်တွေ ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။ ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲမှာ အီရန်နဲ့ မြောက်ကိုရီးယားတို့ရဲ့ ကူညီထောက်ပံ့မှုတွေကို မှီခိုနေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတယ်လို့ ဘလင်ကင်က ပြောပါတယ်။အကွာအဝေး ၇၅ မိုင်ထိ ရောက်ရှိပစ်ခတ်နိုင်တဲ့…
Read Moreယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(စက်တင်ဘာ – ၁၁ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၁၉ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၇၁၁၂၀ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၅၀၀၀၀ ကျပ် ဝယ်ဈေး ၆၆၁၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…
Read Moreဆည်တော်ကြီး ရေလှောင်တမံကနေ ဆည်ရေမရလို့ စပါးစိုက်ပျိုးရေး အခက်ကြုံနေရ
စက်တင်ဘာ ၁၁- ၂၀၂၄SN (VOM)ဆည်တော်ကြီး ရေလှောင်တမံကနေ ရေမရရှိတဲ့အတွက် ဆည်ရေသောက် စိုက်ဧကတွေ စပါးစိုက်ပျိုးနိုင်ဖို့ အခက်တွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY PDF) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ပြီးနောက် ဆည်တော်ကြီး ရေလှောင်တမံကနေ ရေလွှတ်နိုင်ဖို့ ဝန်ထမ်းတွေမရှိတော့တဲ့အပြင် ရေထိန်းတံခါးတွေလည်း ပိတ်ခံထားရတယ်လို့ သိရပါတယ်။“အောင်ရေတက်တဲ့အချိန် ဆိုတာရှိတယ်။ စပါးတွေ ရင့်မှည့်တဲ့အချိန်ကျမှ ရေကိုဖြတ်တောက်တာပေါ့။ ဒီ ဆည်ကြီးရဲ့အရှည် ရေမိုင်က ၄၂ မိုင်ရှိတယ်။ ရေမလာတော့ ဘာတွေဖြစ်လာလဲဆိုတော့ စပါးစိုက်တဲ့ဧက လျော့သွားတယ်။ စပါး ပျိုးထောင်ထားတာတွေကလည်း ပျိုးခင်းတွေ တော်တော်များများ ပျက်စီးကုန်တယ်။ ပျိုးဈေးက ဈေးကြီးတော့ ပြန်စိုက်ဖို့ကလည်း အဆင်မပြေဘူး။ အဲဒီတော့ စိုက်ရမယ့်အချိန် ကျော်သွားတယ်။ ရေမလာတဲ့အတွက် ဘယ်သူမှလည်း မစိုက်ရဲတော့ဘူး။ ကျွန်တော်တို့ဘက်က တကြောလုံးပဲ ရေတော်တော်ပြတ်သွားလို့ ဒုက္ခရောက်ကုန်ကြတယ်”…
Read Moreဖားကန့် ဆိုင်းတောင်မှာ KIA နဲ့ နစကတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွား
စက်တင်ဘာ ၁၀၊ ၂၀၂၄ BD (VOM) ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းတောင်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းထိ KIA နဲ့ နစကတပ်တွေတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ဒီနေ့လည်း ပစ်နေတုန်းပဲ။ ဆိုင်းတောင် မီးမလောင်ပါစေနဲ့လို့ ဆုတောင်းနေတာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ရပ်ကွက်ထဲ မီးခိုး တလူလူ ထွက်နေတာကို အဝေးကနေ လှမ်းမြင်နေရလို့ စိတ်ပူနေတာလို့ သူက ပြောပါတယ်။ “တိုက်ပွဲက ကျနော်တို့ နေတဲ့ ဘက် ဖြစ်နေတာ။ ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၄။ ကျနော်တို့ တခြား နေရာဘက် စစ်ရှောင်နေရတယ်။ တိုက်ပွဲ ဖြစ်နေတာ တပတ်လောက် ရှိလာပြီ” လို့ ဆိုင်းတောင်ရောက်နေတဲ့ လူငယ်…
Read Moreတာချီလိတ်မှာ မယ်ဆိုင်ချောင်း စိုးရိမ်ရေမှတ် ၅ ပေကျော်လာလို့ ရေကြီးနေ
စက်တင်ဘာ ၁၀၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ထိုင်း – မြန်မာ နယ်စပ် တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းဟာ စက်တင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းကစ စိုးရိမ်ရိမ်ရေမှတ် ၅ ပေထိ ကျော်လာလို့ မြို့ထဲမှာ ရေကြီးရေလျှံ ဖြစ်ပွားနေတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။ ” အိမ်ဘေးနား အကုန် မြှုပ်နေပြီ။ လူက ခေါင်းပေါ်ရုံပဲ ကျန်တော့တယ်။ ပုန်းထွန်ဘက် ကယ်ဆယ်ရေး ကိုလည်း ဖုန်းဆက်မရဘူး။” လို့ ဒေသခံ တယောက်က ပြောပါတယ်။ တာချီလိတ်မြို့ အဝိုင်းပတ်နဲ့ ပုန်းထွန်ရပ်ကွက်က တချို့ နေအိမ်တွေ ရေမြှုပ်ကုန်ပြီဖြစ်ပြီး တာချီလိတ် မြို့ဘက် မြန်မာ – ထိုင်း ချစ်ကြည်ရေး အမှတ် ၁ တံတားပေါ် အထိထိရေတွေ တက်လာတယ်လို့…
Read Moreယူကရိန်းရဲ့ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု ၁၄၄ စင်းကို ရုရှားပစ်ချ
မော်စကို ၊ စက်တင်ဘာ-၁၀-၂၀၂၄မျိုးဆက် (VOM)ရုရှားနိုင်ငံတဝန်းကို ယူကရိန်းက အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဒီထဲက ၁၄၄ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတယောက်သေဆုံးကာ မော်စကိုမှာရှိတဲ့ အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ မော်စကိုရှိ လေဆိပ်လေးခုကို ပိတ်ခဲ့ရပြီး ပြည်တွင်းနဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ် ၃၀ ကျော်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ရုရှား လေကြောင်းရန် ကာကွယ်ရေးစနစ်က ပစ်ချခဲ့တဲ့ ယူကရိန်းဒရုန်း ၁၄၄ စင်းအနက် ထက်ဝင်လောက်က အနောက်ဘက်နယ်စပ်ဒေသ ဘရိုင်ယန်စကီ၊ အစင်း ၂၀ က မော်စကိုနဲ့ ၁၄ စင်းကတော့ ကာ့စ်ဒေသတို့မှာဖြစ်တယ်လို့ ရုရှားစစ်တပ်က ဆိုပါတယ်။မော်စကိုရှိ Ramenskoye ဒေသမှာ လူသုံးယောက်ဒဏ်ရာရခဲ့ပြီး ၄၃ ယောက်ကို ယာယီခိုလှုံရာကို ရွှေ့ပြောင်းပေထားတယ်လို့ ဒေသန္တရတာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းကတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်မပေးသေးပါဘူး။ဒီအတောအတွင်း ယူကရိန်းဘက်ကို…
Read Moreဒေသတွင်းမှာ အကျပ်ကိုင်တဲ့နည်းလမ်းနဲ့ အပြုအမူတွေကို ပြန်သုံးသပ်ဖို့ တရုတ်ကို အမေရိကန်တိုက်တွန်း
ဝါရှင်တန်၊ စက်တင်ဘာ-၁၀-၂၀၂၄မျိုးဆက်(VOM)တရုတ်နဲ့ အမေရိကန်စစ်တပ် ထိပ်တန်းတာဝန်ရှိသူတွေဟာ ဒီနေ့ စက်တင်ဘာ ၁၀ က ဆွေးနွေးခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။တောင်တရုတ်ပင်လယ်နဲ့ ဒေသတွင်းမှာ အန္တရာယ်ရှိပြီး အကျပ်ကိုင်တဲ့ နည်းလမ်းတွေ အပြုအမူတွေကို ပြန်လည်သုံးသပ်ဖို့ တရုတ်ဘက်ကို တိုက်တွန်းခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေးနဲ့ တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေဆဲဖြစ်ပြီး တင်းမာမှုတွေရှိနေချိန်မှာ အခုလို ဆွေးနွေးမှု ထွက်ပေါ်လာတာပါ။ထိပ်တိုက်ပဋိပက္ခတွေကို ရှောင်ရှားရေးနဲ့ တင်းမာမှုတွေလျှော့ချဖို့အတွက် စစ်ဘိုင်ဆိုင်ရာ ဆွေးနွေးပွဲတွေ ပုံမှန်ပြန်ဖြစ်ဖို့နဲ့ ဘုံစိုးရိမ်ပူပန်မှုတွေကို တားဆီးဖို့ ကြိုးပမ်းနေကြပါတယ်။ဒီနေ့မှာတော့ တရုတ်စစ်တပ်ရဲ့ တောင်ပိုင်းစစ်ဒေသအကြီးအကဲ ၀ူယန်နန်နဲ့ အမေရိကန် အင်ဒို-ပစိဖိတ်ဒေသတပ်မှူး ဆင်မျူရယ်ပါပါရိုတို့ နှစ်နိုင်ငံအရေးတွေ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။နှစ်နိုင်ငံစစ်တပ်အကြား အထင်အမြင်လွဲမှားမှုနဲ့ တွက်ချက်မှုအမှားအယွင်းများကြောင့် ပဋိပက္ခအန္တရာယ်ကို လျှော့ချရန် ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုတယ်လို့ သူကတိုက်တွန်းပြောဆိုခဲ့ကြောင်း သိရပါတယ်။Ref:AFPPhoto:AP
Read Moreဗီယက်နမ်မှာ မုန်တိုင်းကြောင့် တံတားတစင်းကျိုးကျပြီး ၁၃ ယောက်ပျောက်ဆုံး
ဟနွိုင်း၊ စက်တင်ဘာ-၁၀-၂၀၂၄ မျိုးဆက်(VOM) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ဖူသိုပြည်နယ်ရှိ လူသုံးများတဲ့ တံတားတစင်း ကျိုးကျခဲ့ပြီး ကားနဲ့လူတွေ မြစ်ထဲ မျောပါပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကျိုးကျခဲ့တဲ့ ဖုန်ချောင်တံတားပေါ်ကနေ ကား ၁၀ စီး မြစ်ထဲကျရောက်ခဲ့ပြီး ပျောက်ဆုံးနေသူ ၁၃ ယောက်ကို ကယ်ဆယ်ရေးသမားတွေက အပူတပြင်းရှာဖွေနေကြပါတယ်။ ဗီယက်နမ်နိုင်ငံမှာ နှစ်ပေါင်း ၃၀ အတွင်း အပြင်းထန်ဆုံးလို့ သတ်မှတ်ရတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် လူ ၈၀ ကျော်သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကာ ဒေသခံ ၁ ဒသမ ၅ သန်း လျှပ်စစ်ဓါတ်အား ပြတ်တောက်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ မုန်တိုင်းဟာ တနာရီလေတိုက်နှုန်း ၂၀၃ ကီလိုမီတာနှုန်းနဲ့ ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တာဖြစ်ပြီး လူ ၂၄၀ ကျော်ထိ ဒဏ်ရာရရှိခဲ့ကာ ယခုနှစ်အတွင်း အာရှတိုက်ရဲ့…
Read More