ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၁၀ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၅၀၅ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၄၄၈၉၇ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၃၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

ပန်ဆန်း နဲ့ မိုင်းပေါက်မှာ မိုးသည်းထန်စွာရွာပြီး မြေနိမ့်ပိုင်းတွေ ရေလျှံ

စက်တင်ဘာ ၁၀၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နဲ့ မိုင်းပေါက် မြို့တွေမှာ စက်တင်ဘာ ၉ ရက်နေ့ မနက် အစောပိုင်းကတည်းက မိုးသည်းထန်လို့ ရေကြီးပြီး မြေနိမ့်ပိုင်းတွေ ရေလျှံဖြစ်ကာ နေအိမ်တချို့ ရေဝင်ကုန်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ပန်ဆန်းမှာ မနေ့က မိုးတအား ရွာလို့ ရေကြီးတာ။ ညနေပိုင်းတော့ ရေပြန်ကျသွားတယ်။ ပန်ဆန်း နဲ့ မိုင်းပေါက် လမ်းကဝောာ့ သွားလို့ ရပြီလား မသိသေးဘူး။ လမ်းတွေ တအားပြိုတယ်လေ။ သက်ဆိုင်ရာက လုပ်တော့ လုပ်မှာပါ။ မိုင်းပေါက်မှာလည်း ရေကြီးတာ ပန်ဆန်းထက် ပိုဆိုးတယ်။ တိုက် အောက်ထပ်တွေရော အကုန်မြှုပ်ကုန်တာ။ အခုတော့ မိုးမရွာတော့ဘူး။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နေအိမ်…

Read More

This Day in History

Voice of Myanmarအမေရိကန်နိုင်ငံသား တီထွင်သူ Elias Howe သည် စက်ရုံနှင့် နေအိမ်များတွင် အထည်ချုပ်လုပ်ငန်းကို တော်လှန်ပြောင်းလဲမှု ဖြစ်စေခဲ့သည့် အပ်ချုပ်စက်အတွက် မူပိုင်ခွင့်ကို ၁၈၄၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်တွင် ရရှိခဲ့သည်။

Read More

ဆီးရီးယားနိုင်ငံရှိ စစ်သွေးကြွပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်လို့ ၁၄ ယောက်သေ

စမတ်စကတ်၊ စက်တင်ဘာ-၉-၂၀၂၄မျိုးဆက်(VOM)ဆီးရီးယားအလယ်ပိုင်းရှိ စစ်သွေးကြွတွေရဲ့ စစ်ဘက်ဆိုင်ရာ နေရာအများအပြားကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လူ ၁၄ ယောက်သေဆုံးခဲ့တယ်လို့ ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ဟာမာပြည်နယ် မက်စ်ယက်ဖ်ဒေသမှာ မနေ့ညက ဖြစ်ပွားခဲ့တဲ့ ဒီတို်ကခိုက်မှုအတွင်း လူ ၄၃ ယောက် ဒဏ်ရာရသွားတယ်လို့ ဆေးရုံတာဝန်ရှိသူက ပြောပါတယ်။ အစ္စရေးဒုံးကျည်အချို့ကို ပစ်ချနိုင်ခဲ့တယ်လို့ ဆီးရီးယား စစ်တပ်က ဆိုပါတယ်။အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေရှိနေတဲ့ သိပ္ပံဆိုင်ရာ အဆောက်အအုံအပါအဝင် စစ်ရေးပစ်မှတ်တွေကို တိုက်ခို်ကခဲ့တဲ့ စစ်ဆင်ရေးအတွက် ဆီးရီးယားတပ်ဖွဲ့ဝင် လေးယောက်နဲ့ အရပ်သားသုံးယောက်လည်း သေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။အစ္စရေးစစ်တပ်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း မကြာသေးမီနှစ်တွေကစလို့ ဆီးရီးယားရှိ စစ်သွေးကြွပစ်မှတ်တွေကို ရာနဲ့ချီတဲ့တိုက်ခို်ကမှုတွေ ပြုလုပ်ခဲ့တယ်လို့ ယခင်က ပြောဆိုခဲ့ဖူးပါတယ်။ဂါဇာစစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတောင်ပိုင်းကို ဟဇ်ဘိုလာအဖွဲ့၊ လက်ဘနွန်နဲ့ဆီးရီးယားရှိ စစ်သွေးကြွတွေက တိုက်ခို်ကမှုအရှိန်မြှင့်ခဲ့တဲ့ ပြီးခဲ့တဲ့…

Read More

MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို နစကဘက်က လေကြောင်းနဲ့ထပ်တိုက်

စက်တင်ဘာ ၉၊ ၂၀၂၄ Shy V (VOM) MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို နစကဘက်ကနေ လေကြောင်းနဲ့ စက်တင်ဘာ ၉ ရက်နေ့ မနက်ပိုင်းက ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ရပ်ကွက် ၁၊ ထွေအုပ်ရုံးမှာ ကျတယ်။ လူထိခိုက်မှုရှိတယ်။ သေဆုံးသူတွေတော့ အတိအကျမသိရဘူး” လို့ ဒေသခံ တယောက်က ပြောပါတယ်။ ဒီမနက် ၁၀ နာရီ ၂၅ မိနစ်မှာ တလုံး ၊ ၁၀ နာရီ မှာ တလုံးချသွားတာလို့ ဆိုပါတယ်။ “လားရှိုး ရပ်ကွက် ၁ ဗျူဟာလမ်း အဆုံးက တိုင်းရုံး အဝင် ပေါက်ဘက် တိုင်ရုံးဝင်းထဲ တလုံးကျတယ်လို့ သိရတယ်။ အဲဒီဘက်က အရင် ကတည်းက လူတွေ ဝင်လို မရဘူး။ ပိတ်ထားတာ ကြာလှပြီ။…

Read More

တရုတ်နဲ့ ရုရှားတို့ ယခုလအတွင်း ပူးတွဲစစ်ရေး လေ့ကျင့်မယ်

ပေကျင်း ၊ စက်တင်ဘာ-၉-၂၀၂၄မျိုးဆက်(VOM)တရုတ်နိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီပေးနေတယ်လို့ နေတိုးမဟာမိတ်တွေက ရှုမြင်နေကြချိန်မှာ တရုတ်နဲ့ရုရှားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယခုလအတွင်း ပြုလုပ်မယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။North-Joint 2024 ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ နှစ်နိုင်ငံ လေတပ်နဲ့ ရေတပ်တို့ဟာ ရုရှားကမ်းရိုးတန်း၊ အော့ဟိုတက်စ်ပင်လယ်နဲ့ ဂျပန်ပင်လယ်ဝန်းကျင် ရေပြင် ဝေဟင်မှာ ပြုလုပ်သွားမယ်လို့ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနကဆိုပါတယ်။“ ဒီလေ့ကျင့်ခန်းဟာ တရုတ်နဲ့ ရုရှားစစ်တပ်အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဖို့နဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ဖို့ ရည်ရွယ်ပါတယ် ”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။နှစ်နိုင်ငံ ပူးတွဲရေကြောင်းကင်းလှည့်ဖိုပ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ သက်ဆိုင်ရာပင်လယ်ဒေသတွေကို ရေတပ်သင်္ဘောတွေ စေလွှတ်မှာဖြစ်ပြီး ရုရှားရဲ့ Ocean-2024 မဟာဗျူဟာလေ့ကျင့်ခန်းမှာ ပါဝင်ဦးမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ဒါပေမယ့်လည်း စစ်ရေးလေ့ကျင့်မှုပြုလုပ်မယ့် အချိန်ကတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ နှစ်နိုင်ငံအကြား ဝေဟင် ရေပြင်ပူးတွဲစစ်ရေးလေ့ကျင့်မှုတရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လက…

Read More

မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းမှု များနိုင်

စက်တင်ဘာ ၉ – ၂၀၂၄SS (VOM)ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနဲ့ ယင်းနဲ့ ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံတဝန်း မိုးရွာသွန်းမှု များနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး ကြေညာထားပါတယ်။ဒီကနေ့ စက်တင်ဘာ ၉ ရက်၊ မနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်ကို ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသောမုန်တိုင်းငယ် (Deep Depression) အဖြစ် ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။အဲဒီ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ စစ်တွေမြို့ (Sittwe) ရဲ့ အနောက် – အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ ကျောက်ဖြူမြို့ (Kyaukpyu) ရဲ့ အနောက်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဂိုလ်ပါပူမြို့ (Gopalpur) ရဲ့…

Read More

နိုင်ဂျီးရီးယားမှာ လောင်စာကားနဲ့ ကုန်တင်ကားတိုက်မိပြီး ပေါက်ကွဲမီးလောင်လို့ ၄၈ ယောက်သေဆုံး

အဘူဂျာ ၊ စက်တင်ဘာ-၉-၂၀၂၄မျိုးဆက်(VOM)နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းမှာ လောင်စာတင်ကားတစီးနဲ့ ခရီးသည်၊ ကျွဲနွားတွေကို တင်ဆောင်လာတဲ့ ကုန်တင်ကားတစီးတို့ တိုက်မိပြီး မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၄၈ ယောက်သေဆုံးသွားပါတယ်။ဒီမတော်တဆမှုအတွင်း ယာဉ်နှစ်စီးစလုံး ပေါက်ကွဲသွားခဲ့ပြီး အခြားမော်တော်ယာဉ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ ကျွဲနွားတွေလည်း အများအပြား မီးလောင်သေဆုံးခဲ့ပါတယ်။လက်ရှိမှာတော့ အခင်းဖြစ်ရာနေရာကို ကယ်ဆယ်ရေးသမားတွေက ရှင်းလင်းဖို့ ကြိုးစားနေဆဲဖြစ်ပြီး ယာဉ်အတွင်းမှာ တိရိစာ္ဆန်အသေတွေရှိနေတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြောင်း နိုင်ဂျာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။နိုင်ဂျီးရီးယားနိုင်ငံမှာ လမ်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ ညံ့ဖျင်းမှု၊ ဝန်ပိုတင်ဆောင်မှုနဲ့ လမ်းစည်းကမ်း ဖောက်ဖျက်မှုတွေကြောင့် လောင်စာကာတွေ တိမ်းမှောက်မှုအပါအ၀င် လူအများအပြား သေဆုံးစေတဲ့ယာဉ်တိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။နိုင်ငံတွင်းမှာ လောင်စာဆီစျေးကို နို်ငငံပိုင်ရေနံကုမ္ပဏီက ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ၃၉ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး ဒါဟာ တနှစ်ကာလအတွင်း နှစ်ဆမြင့်တက်ခဲ့ပေမယ့်…

Read More

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(စက်တင်ဘာ – ၉ ရက်၊ နံနက် ၁၀ နာရီ) Voice of Myanmar #ရွှေဈေး -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၉၆ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၆၅၀၆၈ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၅၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၄၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၃၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၂၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” (ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။) #နိုင်ငံခြားငွေလဲလှယ်နှုန်း -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ…

Read More

ဗီယက်နမ်မှာ မုန်တိုင်းရာဂီတိုက်ခတ်မှု လူ ၂၁ ယောက်သေပြီး ၃၀၀ ထက်မနည်း ဒဏ်ရာရ

ဟနွိုင်း ၊ စက်တင်ဘာ-၉-၂၀၂၄မျိုးဆက်(VOM)ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် လူ ၂၁ ယောက်သေဆုံးပြီး ၃၀၀ ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။နိုင်ငံမြောက်ပိုင်း တောင်ထူထပ်တဲ့ ဟိုဘင့်ချ်ပြည်နယ်မှာတော့ မြေပြိုမှုတခုအတွင်း မိသားစုတခုက အမျိူးသားတယောက်သာ အသက်ရှင်လွတ်မြောက်ခဲ့ပြီး ဇနီး၊ သမီးနဲ့ မြေးနှစ်ယောက် သေဆုံးသွားခဲ့ပါတယ်။လာအိုချိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာတော့ လူ ၁၇ ယောက်အနက် ခြောက်ယောက်သေပြီး ကိုးယောက်ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းကြောင့် မြို့တော်ဟနွိုင်းအပါအဝင် ဒေသအတော်များများမှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ယခုနှစ်အတွင်း အာရှတိုက်ရဲ့ အပြင်းထန်ဆုံးမုန်တိုင်းလို့ သတ်မှတ်ခံခဲ့ရတဲ့ စူပါမုန်တိုင်း ရာဂီဟာ တနာရီလေတိုက်နှုန်း ၂၀၃ ကီလိုမီတာထိ တိုက်ခတ်ခဲ့ပြီး ယခုအခါမှာတော့ အပူပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားပြီဖြစ်ပါတယ်။ဒါပေမယ့် မုန်တိုင်းဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ရေကြီးမှုနဲ့ မြေပြိုမှုအန္တရာယ်တွေ ရှိသေးတယ်လို့ ဗီယက်နမ်အာဏာပိုင်တွေက သတိပေးထားပါတယ်။မုန်တိုင်းကြောင့် ငါးဖမ်းသမား တဒါဇင်ပျောက်ဆုံးနေပြီး…

Read More
VOM News

FREE
VIEW