အဘူဂျာ ၊ စက်တင်ဘာ-၉-၂၀၂၄
မျိုးဆက်(VOM)
နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းမှာ လောင်စာတင်ကားတစီးနဲ့ ခရီးသည်၊ ကျွဲနွားတွေကို တင်ဆောင်လာတဲ့ ကုန်တင်ကားတစီးတို့ တိုက်မိပြီး မီးလောင်ပေါက်ကွဲမှုကြောင့် လူ ၄၈ ယောက်သေဆုံးသွားပါတယ်။
ဒီမတော်တဆမှုအတွင်း ယာဉ်နှစ်စီးစလုံး ပေါက်ကွဲသွားခဲ့ပြီး အခြားမော်တော်ယာဉ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ အခင်းဖြစ်ပွားရာနေရာမှာ ကျွဲနွားတွေလည်း အများအပြား မီးလောင်သေဆုံးခဲ့ပါတယ်။
လက်ရှိမှာတော့ အခင်းဖြစ်ရာနေရာကို ကယ်ဆယ်ရေးသမားတွေက ရှင်းလင်းဖို့ ကြိုးစားနေဆဲဖြစ်ပြီး ယာဉ်အတွင်းမှာ တိရိစာ္ဆန်အသေတွေရှိနေတယ်လို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြောင်း နိုင်ဂျာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ လမ်းဆိုင်ရာ အခြေခံအဆောက်အအုံတွေ ညံ့ဖျင်းမှု၊ ဝန်ပိုတင်ဆောင်မှုနဲ့ လမ်းစည်းကမ်း ဖောက်ဖျက်မှုတွေကြောင့် လောင်စာကာတွေ တိမ်းမှောက်မှုအပါအ၀င် လူအများအပြား သေဆုံးစေတဲ့ယာဉ်တိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။
နိုင်ငံတွင်းမှာ လောင်စာဆီစျေးကို နို်ငငံပိုင်ရေနံကုမ္ပဏီက ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ၃၉ ရာခိုင်နှုန်း တိုးမြှင့်လိုက်ပြီး ဒါဟာ တနှစ်ကာလအတွင်း နှစ်ဆမြင့်တက်ခဲ့ပေမယ့် ရှားပါးပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
Ref:BBC
Photo:Reuters
Related posts
-
တနင်္သာရီမြစ်ရေ အန္တရာယ်ရေမှတ် အထက် ၇ လက်မကျော် ရောက်ရှိလာ
ဩဂုတ် ၃၀ – ၂၀၂၆ SS (VOM) တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီ... -
မြောက်ပိုင်းလမ်းပေါ်က ခရီးသွား
CM(VOM) ရှမ်းမြောက်ဒေသက မြို့တော်တော်များများမှာ ပြီးခဲ့တဲ့နှစ်တွေက တိုက်ပွဲ တွေကြောင့် ထိခိုက်မှုတွေ ရှိခဲ့ပေမယ့် ကျွန်မတို့မြို့လေးကတော့... -
မော်လမြိုင်က ကိုကိုညီညီလျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်သူတချို့ကို ကားနဲ့အတူဖမ်းမိ
ဩဂုတ် ၂၉ ၊ ၂၀၂၆ GG (VOM) မော်လမြိုင်မြို့ ၊ မရမ်းကုန်းရပ်ကွက်...
