သီပေါမှာ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှု တလအတွင်း ၂၀ ဝန်းကျင်ရှိလာပြီး ၅၀ ကျော်ဒဏ်ရာရ

ဩဂုတ် ၂၄၊ ၂၀၂၄ Shy V (VOM) သီပေါမှာ ပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်ပြီး ဩဂုတ် ၂၄ ရက် ဒီနေ့မနက်ပိုင်းမှာ ဘုရားကြီးကုန်းဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျလို့ တယောက်သေပြီး နှစ်ယောက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ “သီပေါမှာ ဒီမနက် ၉ နာရီလောက်က ဘုရားကြီးကုန်းဘက်က ပစ်လိုက်တဲ့ လက်နက်ကြီး ရပ်ကွက်ထဲ ကျလာလို့ အရပ်သား တယောက် ခေါင်းပွင့်ပြီး သေသွားတယ်။ နှစ်ယောက် ဒဏ်ရာရတာ ပရဟိတ တွေ ဆေးရုံခေါ်သွားပြီ” လို့ ဒေသခံ တယောက်က ပြောပါတယ်။ အခု သြဂုတ်လ ၉ ရက်နေ့ ကနေ ဒီနေ့ ဩဂုတ်လ ၂၄ ရက်နေ့ အထိ အရပ်သား လက်နက်ကြီးထိပြီး သေဆုံးတာ အယောက် ၂၀ ရှိပြီး ထိခိုက် ဒဏ်ရာရသူ အရပ်သား…

Read More

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လာမယ့်ရက်ပိုင်းအတွင်း မိုးကြီးရေလျှံနိုင်

သြဂုတ်၂၄ ၊ ၂၀၂၄Ms(VOM)ဘင်္ဂလားပင်လယ်အော် မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်သြဂုတ် ၂၂ရက်ကနေ ၃၁ ရက်အတွင်း ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာလာမယ့် ၈ရက်ကနေ ၁၀ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။မိုလေဝသနဲ့ ဇလဗေဒဦးစီး ဌာနရဲ့ တိုင်းထွာချက်တွေအရ သြဂုတ်လ ၂၁ရက် မှ ၃၁ရက်အထိ ယခုလ တတိယ၁၀ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တခု ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ဒါကြောင့် မိုးရွာသွန်းမှု အခြေအနေတွေအနေနဲ့ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့် ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့တွင် ၅ ရက်မှ ၇…

Read More

ရုရှား အကျဉ်းထောင်ဆူပူမှု အထူးတပ်ဖွဲ့ စီးနှင်းထိန်းချုပ်ခဲ့ရပြီး ဓါးစာခံလေးယောက်သေ

မော်စကို၊ ဩဂုတ်-၂၄-၂၀၂၄ မျိုးဆက်(VOM) ရုရှားရှိ ဝေးလံခေါင်သီတဲ့ ကိုလိုနီအကျဉ်းထောင်တခုမှာ အကျဉ်းသားအများအပြားက ဆူပူပုန်ကန်မှုတွေပြုလုပ်ပြီး ဓါးစာခံတွေကို ဖမ်းဆီးခဲ့ပြီးနောက် ထောင်ဝန်ထမ်း လေးယောက်သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အိုင်အက်စ်စစ်သွေးကြွလို့ သတ်မှတ်ခံထားရတဲ့ ဓါးကိုင်အကျဉ်းသားတွေဟာ အနောက်တောင်ပိုင်း ဗိုလ်ဂိုဂါ့ဒ်ဒေသရှိ အိုင်အေ-၁၉ ဆူရိုဗစ်ကီနို အကျဉ်ထောင်အတွင်းမှာ ဆူပူအုံကြွမှုကြောင့် ရုရှားအထူးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းပြီး ထိန်းချုပ်ခဲ့ရပါတယ်။ ဖြစ်စဉ်အတွင်း ဓါးစာခံအချို့ လွတ်မြောက်စေခဲ့ပြီး အကျဉ်းထောင်ဝန်ထမ်းလေးယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကယ်ဆယ်ရေးစစ်ဆင်ရေးအတွင်း တိုက်ခိုက်သူလေးယောက်ကိုလည်း စနိုက်ပါဖြင့် ပစ်ခတ်ခဲ့သုတ်သင်ခဲ့ပါတယ်။ တိုက်ခိုက်သူတွေဟာ အကျဉ်းထောင်ဝန်ထမ်းများကို ဓါးကိုင်တိုက်ခိုက်မှုကြောင့် ဝန်ထမ်းအများအပြား ဒဏ်ရာရရှိသွားကြောင်း ၊ တိုက်ခိုက်သူတွေဟာ ထောင်ဝန်ထမ်းရှစ်ယောက်နဲ့အကျဉ်းသားလေးယောက်ကို ဓါးစာခံအဖြစ် ဖမ်းဆီးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အကျဉ်းထောင် ညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူးတို့ ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ တိုက်ခိုက်ရေးသမားတွေဟာ အကျဉ်းထောင်တခုလုံးကိုတော့ ထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့ ရုရှားတာဝန်ရှိသူတွေက…

Read More

This Day in History

Voice of Myanmar ပြင်သစ်နိုင်ငံသည် ၎င်း၏ပထမဆုံးသော ဟိုက်ဒရိုဂျင်ဗုံးကို ပြင်သစ်ပိုလီနီးရှားဒေသ၌ ၁၉၆၈ ခုနှစ် ဩဂုတ် ၂၄ ရက်တွင် ပြုလုပ်ခဲ့ပြီး အမေရိကန်၊ ဆိုဗီယက်ယူနီယံ၊ ဗြိတိန်နှင့် တရုတ်တို့ပြီးလျှင် ကမ္ဘာ့ပဉ္စမမြောက် နျူကလီးယား အင်အားကြီးနိုင်ငံဖြစ်လာခဲ့သည်။

Read More

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးရဲ့ တရုတ်ခရီးစဉ် မြန်မာ့အရေး ဆွေးနွေးဖို့ရှိ

ဝါရှင်တန်၊ ဩဂုတ်-၂၄-၂၀၂၄မျိုးဆက်(VOM)အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်သည် လာမယ့်သီတင်းပတ်မှာ တရုတ်နိုင်ငံကို သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာ့အရေးလည်း ပါဝင်မယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုဝင်ဘာ ၅ ရက်မှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် ထွက်ပေါ်လာတာဖြစ်ပါတယ်။ဩဂုတ် ၂၇ ရက်ကနေ ၂၉ ရက်ထိ ဒီခရီးစဉ်အတွင်း အမေရိကန်-တရုတ် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပရေး၊ ထိုင်းဝမ်အရေးနဲ့ မြန်မာ့အရေးတို့ကို ဆွေးနွေးသွားဖို့ရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။ပေကျင်းမှာပြုလုပ်မယ့်ဆွေးနွေးပွဲမှာတော့ ရုရှားစစ်တပ်ကို တရုတ်နိုင်ငံက ကူညီထောက်ပံ့နေမှုတွေ၊ တောင်တရုတ်ပင်လယ်အရေး၊ အရှေ့အလယ်ပိုင်းအရေးနဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ ပတ်သက်တာတွေလည်း ပါဝင်မယ်လို့ဆိုပါတယ်။ဒီမိုကရက်တစ်သမ္မတလောင်းနဲ့ ဒုတိယသမ္မတဖြစ်သူ ကမလာဟားရစ်နဲ့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန်တို့ရဲ့ သမ္မတရွေးကောက်ပွဲပြိုင်ဆိုင်မှုဟာလည်း တရုတ်အပေါ်ထားတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက အဓိကအခန်းကဏ္ဍကပါဝင်နေပါတယ်။အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အမေရိကန်ပေါ် ဖြတ်ပျံလာတဲ့ တရုတ်သူလျှိုမိုးပျံပူပေါင်းတွေကို အမေရိကန်က ပစ်ချခဲ့တဲ့ ၂၀၂၃…

Read More

ရန်ကုန်မှာ စားသုံးဆီဝယ်ယူနိုင်မယ့် ဆီစာအုပ်လုပ်ဖို့ အိမ်ထောင်စုစာရင်းကောက်ယူနေ

ဩဂုတ် ၂၃ – ၂၀၂၄GG (VOM)ရန်ကုန်မှာ စားသုံးဆီကို ခွဲတမ်းနဲ့အိမ်ထောင်စု အလိုက်ရောင်းချပေးမယ်ဆိုပြီး ဆီစာအုပ်လုပ်ဖို့ အိမ်ထောင်စုစာရင်းကောက်ယူနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။သက်ဆိုင်ရာမြို့နယ်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နေအိမ်တွေကိုလိုက်လံအသိပေးပြီး အိမ်ထောင်စုလူဦးရေးစာရင်းကောက်ယူနေသလို ရပ်ကွက်ရုံးမှာလာရောက်လုပ်ဆောင်ဖို့လည်း လိုက်လံအသိပေးမှုတွေရှိနေတာဖြစ်တယ်လို့သိရပါတယ်။” လမ်းထဲက ဆယ်အိမ်မှုးက ဆီစာအုပ်လုပ်ဖို့ဆိုပြီး တအိမ်ဝင်တအိမ်ထွက် စာရင်းလိုက်ကောက်နေတာ။အိမ်ထောင်ဦးစီးနာမည် နဲ့မှတ်ပုံတင်နံပါတ​် ၊ အိမ်ရှိလူဦးရေ လာကောက်သွားတာ။စားသုံးဆီအတွက်ဆေးမြီးတိုလုပ်တာပဲထင်တယ်။ကျန်တာမပြောဘူး ဆီစာအုပ်ဖို့ဆိုပြီးပဲပြောကောက်သွားတာ။” လို့ ရန်ကုန် နေထိုင်သူတယောက်ကပြောပါတယ်။လက်ရှိမှာ ဆီစာအုပ်ပြု လုပ်ဖို​့ အိမ်ထောင်စုစာရင်းသာ ကောက်ယူနေပြီး ရောင်းချပေးမယ့် ဆီပမာဏကိုတော့ အသိပေးပြောတာမရှိကြောင်း ၊ ဘယ်လိုပုံစံရောင်းချပေးမယ်ဆိုတာကိုလည်း မသိရှိရသေးဘူးလို့သိရပါတယ်။” ဆီစာအုပ်လာလုပ်ကြဖို့ လိုက်အော်နေတယ်။ဆီစာအုပ်လုပ်ဖို့အတွက် ဧည့်စာရင်းမိတ္တူ၊ သန်းခေါင်းစာရင်းမိတ္တူပြရမယ်။ ဆီဘယ်လောက်ပေးမှာလဲဘာညာမသိဘူး။သူတို့ကလည်းမပြောဘူး။ ” လို့ နောက်ထပ်ဒေသခံတယောက်ကပြောပါတယ်။စားအုန်းဆီကို ပြည်ပကနေတင်သွင်းမှုလျှော့ချပြီးနောက် စားဆီလိုအပ်ချက်က အရင်ထက်ပိုမြင့်တက်လာပြီး စျေးနူန်းကလည်း နေရာဒေသလိုက်ပြီးတပိဿာကို ၂၀၀၀၀ ကျပ်အထိရှိလာတဲ့အပြင် ဆီဝယ်ယူရခက်တာ၊ဆီပြတ်လပ်ခြင်းတွေရှိလာတာကို ဖြေရှင်းဖို့ ခုလိုလုပ်ဆောင်လာတာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါတယ်။အခု စီစဥ်နေတဲ့ ဆီစာအုပ်လုပ်ပြီးဆီရောင်းချပေးမယ့်စနစ်ဟာအရင်အစိုးရအဆက်ဆက်လက်ထက် ကကျင်သုံးခဲ့တဲ့…

Read More

လကမ္ဘာရဲ့ မြေဆီလွှာကနေ ရေထုတ်နိုင်မယ့် နည်းလမ်းတွေ့ပြီလို့ တရုတ်သိပ္ပံပညာရှင်တွေ ကြေညာ

ပေကျင်း၊ ဩဂုတ်-၂၃-၂၀၂၄ မျိုးဆက်(VOM) လကမ္ဘာရဲ့ မြေဆီလွှာကနေ ရေထုတ်နိုင်မယ့် နည်းပညာသစ်တခုကို တီထွင်ခဲ့ကြောင်း တရုတ်သိပ္ပံပညာရှင်တွေက ထုတ်ဖော်ကြေညာလိုက်ပါတယ်။ တရုတ်သိပ္ပံအကယ်ဒမီက သုတေသီအဖွဲ့တဖွဲ့က ဒီနည်းလမ်းကို တီထွင်နိုင်ခဲ့ကြတာလို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီအဖွဲ့ဟာ ၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံက လွှတ်တင်ခဲ့တဲ့ လူလိုက်ပါခြင်းမရှိတဲ့ Chang’e-5 လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်က ပြန်လည်ယူဆောင်လာတဲ့ နမူနာတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာနေခဲ့ကြတာဖြစ်ပါတယ်။ လရဲ့ မြေဆီလွှာကို ၁၀၀၀ ဒီဂရီစင်တီဂရိတ်မှာ အပူပေးလိုက်မယ်ဆိုရင် တွေဟာ ရေငွေ့ထွက်ပေါ်လာမယ့် ဟိုဒရိုဂျင်နဲ့ အိုင်းယွန်းအောက်ဆိုဒ် ဓါတုဗေဒဆိုင်ရာ ဓါတ်ပြုမှုတခုဖြစ်တယ်လို့ သုတေသီအဖွဲ့က ပြောပါတယ်။ လကမ္ဘာရဲ့ မြေဆီလွှာ ၁ ဂရမ်ကနေ ရေ ၇၆ မီလီဂရမ်ထိ ထုတ်နိုင်တယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။ မြေဆီလွှာကို အပူပေးဖို့ကိုလည်း တခြားစွမ်းအင်မသုံးဘဲ နေရောင်ခြည်ကိုသာ အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ သုတေသီတွေဟာ လကမ္ဘာရဲ့မြေဆီလွှာကနေ…

Read More

ထိုင်းနိုင်ငံ တောအုပ်ထဲကို လေယာဉ်တစင်းပျက်ကျလို့ လိုက်ပါသူအားလုံး သေဆုံး

ဘန်ကောက်၊ ဩဂုတ်-၂၃-၂၀၂၄ မျီုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကောက်မြို့အရှေ့တောင်ပိုင်းမှာ တာဘိုပရော့လေယာဉ်တစင်း တောအုပ်ထဲကို ပျက်ကျသွားပြီးနောက် လိုက်ပါသွားသူအားလုံး သေဆုံးသွားဖွယ်ရှိတယ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့ ဩဂုတ် ၂၃ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ ဒီလေယာဉ်ဟာ ပြီးခဲ့တဲ့နေ့က ချာကီယာဆောင်ပြည်နယ်ရှိ တောအုပ်ထဲကို ပျက်ကျခဲ့တာဖြစ်ပြီး လိုက်ပါသူ ကိုးယောက်စလုံးသေဆုံးနိုင်ပြီး ရှာဖွေရေးတွေကိုတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လေယာဉ်မှူးနှစ်ယောက်နဲ့ ခရီးသည်ခုနှစ်ယောက်လိုက်ပါလာတဲ့ အဲဒီလေယာဉ်ဟာ ဘန်ကောက်ရှိ သု၀ဏ္ဏဘူမိလေဆိပ်ကနေ ကမ်းခြေတွေကြောင့် လူသိများတဲ့ ထိုင်းပင်လယ်ကွေ့ရှိ တီရက်ပြည်နယ်ကို ပျံသန်းစဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။ “မနေ့က ညနေ ၃ နာရီ ၁၀ မိနစ်မှာ လေယာဉ်ပျက်ကျတာပါ ။ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ဆက်လက်ကြိုးစားနေပေမယ့် သူတို့အားလုံး သေဆုံးသွားလောက်ပြီ ”လို့ ချာကီယာဆောင်ပြည်နယ်အုပ်ချုပ်ရေးမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေယာဉ်ပေါ်မှာ အသက် ၁၂ နဲ့ ၁၃ နှစ်ကြား…

Read More

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မြေပြိုမှုနဲ့ လမ်းပျက်မှုတွေကြောင့် ကားအသွားအလာ ခက်ခဲ ကြန့်ကြာ

ဩဂုတ် ၂၃၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကားလမ်းတွေ မိုးသည်းလို့ လမ်းပျက်မြေပြို ဖြစ်ပြီး ကားအသွားအလာ ခက်ခဲ ကြန့်ကြာနေကြောင်း ခရီးသွား ယာဉ်မောင်းတွေဆီက သိရပါတယ်။ “လမ်းက တော်တော်ဆိုးတယ်။ အခုက မိုးတွင်းဆိုတော့။ ကားက ကိုယ့် တစီး ရပ်သွားရင် ကျန်တဲ့ ကားတွေပါ သွားလို့ မရတော့ဘူး။ လမ်းကလည်း ကျဉ်းတယ်။” လို့ ယဉ်မောင်း တယောက် ကပြောပါတယ်။ ကုန်ကားတွေဆိုရင် ရှမ်းမြောက်ဘက် လမ်းပိတ်တာကြောင့် ရှမ်းရှေ့ဘက် ကားတွေ စုပြုံ ရောက်ရှိလာကြပြီး ကားတွေ ပိုများနေတဲ့ အပြင် လမ်းပျက် မြေပြို လမ်းပိတ် နေတာကြောင့် ၂ ရက်၊ ၃ ရက် သွားတဲ့ ခရီး တပတ် ထက်မနည်း ကြန့်ကြာနေတယ်လို့ သူက…

Read More

ဒေါ်နယ်ထရန့်ကို သတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသား ဖမ်းဆီးခံရ

ဝါရှင်တန် ၊ ဩဂုတ်-၂၃-၂၀၂၄ ရတီ(VOM) အမေရိကန်-မက္ကဆီကိုနယ်စပ် အရီဇိုးနားပြည်နယ်ကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသားတယောက်ကို အရီဇိုးနားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ အရီဇိုးနားပြည်နယ် ကိုချီကောင်တီက အသက် ၆၆ နှစ်အရွယ် ရော်နယ်လီဆီဗာ့ဆိုဟာ သမ္မတဟောင်းဒေါ်နယ်ထရန့်ကို သတ်ဖြတ်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်တွင် ခြိမ်းခြောက်ရေးသားထားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုနဲ့ အခြားစွဲချက်တွေ အတွက် ရဲတပ်ဖွဲ့က အလိုရှိနေသူလည်းဖြစ်ပြီး ၀စ္စကွန်ဆင်နဲ့ အရီဇိုးနားပြည်နယ်တို့မှာ ဖမ်း၀ရမ်းအများအပြားနဲ့ ရင်ဆိုင်နေရသူဖြစ်ပါတယ်။ သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ပြီးခဲ့သည့်လက မဲဆွယ်စည်းရုံးရေး ပြုလုပ်စဉ်ကလည်း သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခံခဲ့ရပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ လက်ရှိမှာတော့ အမေရိကန်-မက္ကဆီကို နယ်စပ်ကိုရောက်ရှိနေတဲ့ ဒေါ်နယ်ထရန့်က ဒီမိုကရက်တစ်တွေရဲ့ လူဝင်မှုကြီးကြပ်ရေး မူဝါဒများနဲ့ပတ်သက်ပြီး ဒုသမ္မတ ကမလာဟားရစ်ကို ဝေဖန်ပြောဆိုမှုတွေ…

Read More
VOM News

FREE
VIEW