လှိုင်သာယာမှာ ဖယ်ရီကား တိမ်းမှောက်ပြီး အလုပ်သမား အယောက် ၆၀ နီးပါး ဒဏ်ရာရ

  ဩဂုတ် ၂ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာ အဝေးပြေးကားဝင်းအနီးမှာ ဒီကနေ့ သြဂုတ် ၂ ရက်၊ မနက် ၈ နာရီဝန်းကျင်က စက်ရုံဝန်ထမ်း ကြို/ပို့ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အလုပ်သမား အယောက် ၆၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သွေးဒါနမျိုးဆက် လူမှုကူညီရေးအသင်းမှ သိရပါတယ်။ အဲဒီ ဝန်ထမ်းကြို/ပို့ယာဉ်ဟာ လမ်းဖြတ်ကူးသူတယောက်ကို ရှောင်တိမ်းလိုက်ရာကနေ လက်ယာဘက်ကို တိမ်းမှောက်ခဲ့တာဖြစ်ပြီး ကားပေါ်မှာ လိုက်ပါလာသူတွေအနက် အမျိုးသား ၁၀ ယောက်၊ အမျိုးသမီး ၄၇ ‌ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။ “အမျိုးသမီးတယောက် လမ်းဖြတ်ကူးတာကို ရှောင်ရင်း တိမ်းမှောက်သွားတာပါ။ ကားပေါ်မှာ လူဘယ်နှစ်ယောက်ပါလဲ မသိပေမယ့် ဒဏ်ရာရတဲ့သူကတော့ အယောက် ၆၀ နီးပါးရှိတယ်။ ပြင်ပဒဏ်ရာတွေကတော့…

Read More

ရွှေပြင်ပပေါက်စျေး သိန်း ၇၀ ထိမြင့်တက်လာ

  ယနေ့ ရွှေဈေး (ဩဂုတ် – ၂ ရက်၊ ညနေ ၃ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၅၂ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၇၆၄၃၉၃ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၀၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၉၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice…

Read More

မှော်ဘီလေတပ် ရဟတ်ယာဉ်ပျက်ကျမှု   လေတပ် ဗိုလ်ချုပ်တယောက်နဲ့ တွဲဘက်လေယာဥ်မှူးသေဆုံး

  ဩဂုတ် ၂ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့၊ မှော်ဘီမြို့မှာ ဒီကနေ့ ဩဂုတ်လ ၂ ရက်၊ မနက်ပိုင်းက နစက ရဟတ်ယာဉ်တစီး လေတပ်အတွင်း ပျက်ကျပြီး တောင်ပိုင်းတိုင်း လေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နဲ့ တွဲဘက်လေယာဥ်မှူး သေဆုံးခဲ့ကာ အမျိုးသမီးလေယာဥ်မှူးနဲ့ စက်မှူအကြပ်တယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ Eurocopter ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ရဟတ်ယာဉ်ကွင်းမှ ပျံတက်ပြီး သိပ်မကြာခင်မှာပဲ ကွင်းအတွင်းကို ပျက်ကျခဲ့တာလို့ မှော်ဘီလေတပ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ “မှော်ဘီလေတပ်ကနေ ရှေ့တန်းသွားဖို့ ပျံတက်တဲ့အချိန် ပျက်ကျတာ။ ဒဏ်ရာရသူတွေလည်း စိုးရိမ်ရတဲ့ အခြေအနေ သိပ်‌မကောင်းဘူးလို့ ကြားတယ်” လို့ သူက ပြောပါတယ်။ သေဆုံးသူ ဗိုလ်ချုပ်စိုးတင်လတ်ဟာ မကွေး လေတပ်စခန်းဌာနချုပ်မှူးအဖြစ်မှ တောင်ပိုင်းတိုင်း၊ လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးအဖြစ်…

Read More

မာန်အောင်မှာ ဆေးဝါးပြတ်လပ်နေလို့ လူဦးရေခြောက်သောင်းဝန်းကျင် အခက်အခဲဖြစ်နေ

  ဩဂုတ် ၁ – ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှာ ဆေးဝါးပြတ်လပ်မှုတွေ ဖြစ်ပေါ်နေလို့ လူဦးရေ ခြောက်သောင်းဝန်းကျင် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုလို ဆေးဝါး ပြတ်လပ်နေတာဟာ နစကတပ်က ရခိုင်ပြည်နယ်ရှိ ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ဆို့ထားတာကြောင့် ဖြစ်သလို ဗဟိုလိုင်လူငယ်အဖွဲ့ (Central Young Lai Association – CYLA) ကလည်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ပလက်ဝမြို့နယ်ဆီ ကုန်စည်တင်သွင်းမှုကို စက်သုံးဆီနဲ့ ဆေးဝါး ကန့်သတ်ထားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ “ဆေးဝါးသယ်လို့ရမယ့် လမ်းကြောင်းတွေက အကုန်ပိတ်ခံထားရတာလေ။ အခုဆို သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကင်ဆာသမားတွေအတွက်ဆေးက လုံးဝကို ရှာလို့မရတော့ဘူး။ ဆေးစွဲပြီး သောက်နေရတာလေ။ တချို့ ရောဂါသမားတွေဆို ဆေးပြတ်နေတာ နှစ်လနီးပါးလောက်ရှိပြီ။ အသက်အန္တရာယ်တောင်…

Read More

ယနေ့ ရွှေဈေး (ဩဂုတ် – ၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၄၂ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၉၂၂၃၅ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၃၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၉၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၃၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၉၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဩဂုတ် – ၁ ရက်)

Voice of Myanmar -မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း အမေရိကန် တဒေါ်လာ – ၂၁၀၀ ကျပ် -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၄၅၀ ကျပ် ဝယ်ဈေး – ၅၃၅၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၃၈၇၀ ကျပ် ဝယ်ဈေး – ၃၇၆၅ ကျပ် -ယူရို ရောင်းဈေး – ၅၇၀၀ ကျပ် ဝယ်ဈေး – ၅၄၅၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၄၈.၁၅ ကျပ် ဝယ်ဈေး – ၁၄၁.၈၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၄၄ ကျပ် ဝယ်ဈေး – ၁၀၉၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၂၇ ကျပ်…

Read More

ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် အသတ်ခံရပြီး ရွှေထည်လုယူခံရမှုမှ တရားခံတွေကို သေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်

  ဩဂုတ် ၁ – ၂၀၂၄ SN (VOM) ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ညစျေးက ဇမ္ဗူရာဇ်ရွှေဆိုင်ပိုင်ရှင် အသတ်ခံရပြီး ရွှေထည်လုယူခံရမှုမှ တရားခံတွေကို အလုံခရိုင်တရားရုံးကနေ သေဒဏ်နဲ့ ထောင်ဒဏ် အသီးသီး ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဆီက သိရပါတယ်။ အဲဒီအမှုက တရားခံ ခြောက်ယောက်မှာ အမျိုးသား သုံးယောက်ကို သေဒဏ်ချမှတ်ခဲ့ပြီး အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီးတယောက်ကို ထောင်ဒဏ် နှစ်နှစ်စီ အမိန့်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အမှုဖြစ်ပြီး ကိုးလအကြာမှာ အမိန့်ချနိုင်ခဲ့တာပါ။ အမိန့်ချတာကတော့ ဇူလိုင်လ ၃၀ ရက်နေ့ကပါ။ အဓိက တရားခံ သုံးယောက်ကို မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့ အမိန့်ချလိုက်တယ်” လို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။ အဓိက တရားခံတွေဖြစ်တဲ့ ဖိုးသား (ခေါ်) ချစ်ကို၊ ကိုဖြိုးနဲ့ ခိုင်ကိုကိုမောင်တို့ သုံးယောက်ကို ပုဒ်မ…

Read More

ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်အပြင် စစ်ရေးခေါင်းဆောင်ပါ သေဆုံးသွားပြီလို့ အစ္စရေး ကြေညာ

  ဂါဇာစီးတီး၊ ဩဂုတ်-၁-၂၀၂၄ မျိုးဆက်(VOM) ဂါဇာကမ်းမြှောင်ဒေသမှာ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်စစ်ရေးခေါင်းဆောင် သေဆုံးသွားတယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဇူလိုင် ၁၃ ရက်နေ့က ခန်းယွန်နစ်ဒေသရှိ ခြံဝန်းတခုမှာ ဟားမတ်စ်စစ်ရေးခေါင်းဆောင် Mohammed Deif ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ထားပြီး သူသေဆုံးမှုကိုတော့ဟားမတ်စ်တို့က အတည်မပြုနိုင်သေးပါဘူး။ အဲဒီနေ့က တိုက်ခိုက်မှုမှာ လူပေါင်း ၉၀ ကျော်သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ပေမယ့် Mohammed Deif သေဆုံးမှုကို ရှင်းလင်းစွာမသိရပါဘူး။ သူခိုလှုံနေတဲ့ လက်ထောက်တယောက်ရဲ့ အိမ်ဝန်းကျင်မှာ ပေါင် ၂၀၀၀ အလေးချိန်ရှိတဲ့ဗုံးလိုမျိုး ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က အစ္စရေးတောင်ပိုင်းကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂၀၀ သေဆုံးမှုမှာ Mohammed Deif တာဝန်ရှိတယ်လို့ အစ္စရေးစစ်တပ်က…

Read More

ငါးကန်တွေ ရေလျှံလို့ ထွက်လာတဲ့ ငါး လိုက်ဖမ်းတဲ့လူတွေနဲ့ စည်ကား

  ဩဂုတ် ၁ – ၂၀၂၄ SN (VOM) ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့မှာ ရေကြီးမှုကြောင့် ငါးကန်အများအပြား ရေလျှံလာတဲ့အတွက် ထွက်လာတဲ့ငါးတွေကို လိုက်လံ ဖမ်းဆီးနေသူတွေနဲ့ စည်ကားနေတယ်လို့ ဒေသခံတွေဆီမှ သိရပါတယ်။ တိုက်ကြီးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ ရေကြီးနစ်မြုပ်မှုတွေဖြစ်ခဲ့တာကြောင့် အဲ့ဒီမြို့မှာရှိတဲ့ ငါးကန်တွေရဲ့ ၉၀ ရာခိုင်နှုန်းက ရေတွေလျှံလာပြီး ငါးတွေလွတ်ကုန်တာလို့ အဲ့ဒီမြို့က ငါးကန်ပိုင်ရှင်တယောက်က ပြောပါတယ်။ “ဒီရက်ပိုင်းတွေက မိုးကအရမ်းရွာတာလေ။ တိုက်ကြီး၊ အူတိုနဲ့ အဖျောက်ဘက်တွေက ငါးကန်တွေအကုန် ရေကျော်ကုန်ကြတာ။ အခု လမ်းဘေးမြောင်းတွေ လမ်းမပေါ်တွေနဲ့ လယ်ကွက်တွေမှာ ငါးတွေကို ဖွေးနေတာပဲ။ ကျွန်တော်တို့တွေကတော့ ရင်ကွဲတာပေါ့ဗျာ” လို့ သူက ပြောပါတယ်။ ငါးကန်တွေဟာ လှိုင်မြစ်ရေမြင့်တက်လာတာကြောင့် ရေလျှံတက်လာတာဖြစ်ပြီး မြစ်အနောက်ဘက်ခြမ်းမှာ ငါးကန်တွေအများအပြား ရှိနေကာ တီလားဗီးယား၊ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးမုန့် စတဲ့…

Read More

ယနေ့ ရွှေဈေး (ဩဂုတ် – ၁ ရက်၊ ညနေ ၃ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၃၄ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၉၂၂၃၅ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၉၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၈၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၇၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၆၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More
VOM News

FREE
VIEW