၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲနိုင်ရေး အမျိုးညီလာခံမှာ ပါဝင်ခဲ့သူ ၂၄၉ ယောက်ကို လူမှုထူးချွှန်ဆု ချီးမြှင့်

ဇန်နဝါရီ ၄ – ၂၀၂၅
GG (VOM)
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရန် အသေးစိတ်အခြေခံ မယ့်မူတွေ ချမှတ်နိုင်ရေးအတွက် အမျိုးသားညီလာခံမှာပါဝင်ဆွေးနွေးခဲ့ကြတဲ့ ညီလာခံကိုယ်စားလှယ် ၂၄၉ ယောက်ကိုဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်)ဆုတွေချီးမြှင့်တာဖြစ်ကြောင်း နစကရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုင်းရင်းသားပါတီတွေကနိုင်ငံရေး ခေါင်ဆောင်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) မှ ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် အပြင် မွန်တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ချေမွန်၊ နိုင်တလမွန်၊ နိုင်ဧကတို့ကို နစကမှ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်)ဆုတွေချီးမြှင့်ခံရသူတွေထဲမှာ ပါဝင်နေပါတယ်။
ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်)ဆုတွေချီးမြှင့်ခံရတဲ့အထဲမှာ ဦးခွန်ထွန်းဦး အပါအဝင် လူပုဂ္ဂိုလ်အချို့ကတော့ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။
” အမျိုးသားညီလာခံမှာ တက်ခဲ့တဲ့သူတွေဆိုပြီးအကြောင်းပြထားတယ်။ အမျိုးသားညီလာခံကနေ နေအခြေခံမူတွေချမှတ်ခဲ့တယ်။ အဲဒီတုန်းက ဦးစိုင်းညွန့်လွင်တို့ဦးခွန်ထွန်းဦးတို့ပါတီက တောက်လျှောက်ကန့်ကွက်ခဲ့တာ။ သတ်မှတ်တာတို့စနစ်တွေပေါ့။ အမျိုးသားညီလာခံမှာတက်တဲ့သူတိုင်းလည်း မဟုတ်ဘူး။ညီလာခံမှာတက်ခဲ့ပြီး အခုလတ်တလောငွေဆောင်အစည်းအဝေးမှာ တက်ခဲ့တဲ့ဆက်နွယ်သူတွေကို ပေးလိုက်တာတွေ့ရတယ်။ တမင်ပေးတယ်ထင်တယ်။ အရင်ကထူးချွန်ပထမ၊ဒုတိယ၊တတိယဆုတွေဆို သေတဲ့သူတွေမပေးဘူး။ အခုကသေတဲ့သူတွေပါလာတယ်။ ပါလာတော့ ကျန်ရစ်တဲ့မိသားစု အကျိုးခံစားခွင့်ရှိတာပေါ့။ ” လို့ နိုင်ငံရေးသမားတယောက်က သုံးသပ်ပြောပါတယ်။
ဂုဏ်ထူးဆောင်တံဆိပ် လူမှုထူးချွန်(ပထမအဆင့်)ဆုချီးမြင့်ခံရတဲ့ ဦးစိုင်းညွန့်လွင်ရဲ့ SNLD ပါတီဟာဆိုရင် မှတ်ပုံတင်ခွင့်ပယ်ဖျက်ခံထားရပါတယ်။ဦးခွန်ထွန်ဦးဆိုရင် ၂၀၂၂ ခုနှစ်က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရေးအတွက်အမျိုးသားညီလာခံကိုတော့ ၁၉၉၃ ခုနှစ်မှစပြီး ၂၀ဝ၈ ခုနှစ် မှာအပြီးသတ်ကျင်းပနိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ် မေ ၁၀၊ ၂၄ ရက်နေ့မှာတော့ အခြေခံဥပဒေ မူကြမ်းကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုနိုင်ခဲ့တယ်လို့သိရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုတော့ လက်ရှိ နစက လက်ထက်မှာလည်းကျင့်သုံးနေဆဲဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW