ဘလင်ကင် တောင်ကိုရီးယားရောက်နေချိန် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်ခတ်



ဆိုးလ်၊ ဇန်နဝါရီ-၆-၂၀၂၅
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်တစင်းကို ဒီနေ့မွန်းလွဲပိုင်းက ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။ ဒါဟာနှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပထမဆုံး ဒုံးကျည်ပစ်ခတ်မှုလည်း ဖြစ်ပါတယ်။

ဒုံးကျည်ဟာ ဒေသစံတော်ချိန် နေ့လယ် ၃ နာရီအချိန်မှာ အရှေ့ပင်လယ်ထဲကို ကျရောက်ခဲ့တယ်လို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနကလည်း အတည်ပြုထားပါတယ်။ နိုင်ငံရေးအကြပ်ရိုက်နေတဲ့ တောင်ကိုရီးယားမှာ အဓိကခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် ရောက်ရှိနေချိန်မှာ ဒုံးကျည်ပစ်ခတ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဒီကနေ့မနက်အစောပိုင်းမှာတော့ ဘလင်ကင်ဟာ တောင်ကိုရီးယား ယာသီသမ္မတ ချွိုင်ဆန်မော့ခ်နဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဆက်ဆံရေး၊ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကိုဆွေးနွေးခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ အနာဂတ်ဒုံးကျည်ပစ်လွှတ်မှုတွေကို စောင့်ကြည့်ရေးနဲ့ ဒီနေ့ပစ်လွှတ်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မဟာမိတ်တွေနဲ့အတူ အနီးကပ်မျှဝေနေတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

တောင်ကိုရီးယားမှာ ဒီဇင်ဘာ ၃ ရက်မှာ သမ္မတယွန်းဆွတ်ခ်ယိုးလ်က စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် သူ့ကို စွပ်စွဲပြစ်တင်ပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့အတူ နိုင်ငံရေးအကြပ်ရိုက်နေချိန်မှာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆုံးဒုံးကျည်စမ်းသပ်မှုမှာ နိုဝင်ဘာလအတွင်းကဖြစ်ပြီး အမေရိကန်ရွေးကောက်ပွဲမတိုင်မီ တရက်အလိုမှာဖြစ်ပါတယ်။

Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW