ဂါဇာစီးတီး၊ ဇန်နဝါရီ-၆-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာစစ်ပွဲအဆုံးသတ်ရေး အလားအလာရှိတဲ့ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ဓါးစာခံတွေ လွှတ်ပေးဖို့ဆန္ဒရှိကြောင်း ဟားမတ်စ်ထိပ်တန်း တာဝန်ရှိသူတယောက်က ထုတ်ဖော်ပြောဆိုပါတယ်။
ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ရဲ့ ပြန်လွှတ်ပေးမယ့် ဓါစားခံစာရင်းမှာ ၃၄ ယောက်ရဲ့ နာမည်တွေပါဝင်ပြီး ဓါးစာခံဘယ်လောက် အသက်ရှင်သေးတယ်ဆိုတာကိုတော့ လက်ရှိအချိန်ထိ ရှင်းလင်းစွာ မသိရသေးပါဘူး။
ပြန်လွှတ်ပေးမယ့် စာရင်းမှာ ပါဝင်သူတွေဟာ အသက် ၅၀ ကနေ ၈၅ အရွယ်အရှိ သက်ကြီးရွယ်အို အမျိုးသား ၁၁ ယောက်၊ အမျိုးသမီး ၁၁ ယောက်နဲ့ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသွားပြီလို့ ဟားမတ်စ်တို့ ယခင်ကပြောဆိုဖူးတဲ့ ကလေးတွေလည်း ပါဝင်နေပါတယ်။
ကျန်းမာရေးမကောင်းဘူးလို့ ဟားမတ်စ်တို့ ထုတ်ပြန်ထားသူတွေလည်း ပါဝင်ပါတယ်။ ဒီအတောအတွင်း ဂါဇာမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။
ပြန်လွှတ်မယ့် ဓါးစာခံစာရင်းကို ဟားမတ်စ်တို့က ပေးပို့ထားတယ်ဆိုတဲ့သတင်းကို အစ္စရေးဝန်ကြီးချုပ်ရုံးက ငြင်းဆိုထားပါတယ်။ နှစ်ဖက်အကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ကာတာနိုင်ငံမှာသီတင်းပတ်ကုန်ကု ပြန်လည်စတင်ခဲ့ပေမယ့် သိသာထင်ရှားတဲ့ တိုးတက်မှုမရှိသေးဘူးလို့ စေ့စပ်ညှိနှိုင်းသူတွေက ပြောပါတယ်။
Ref:BBC
Photo:AFP
Related posts
-
အလှအပရေးရာ ဆေးခန်းမှာ အမျိုးသမီးတယောက် သေဆုံး အလောင်းဖျောက်ဖျက်ခံရမှု စုံစမ်းစစ်ဆေးနေ
ဇန်နဝါရီ ၆ – ၂ဝ၂၅ KKO(VOM) အလှအပရေးရာဆေးခန်းတခုရဲ့ပေါ့ဆမှုကြောင့် သေဆုံးခဲ့ရပြီး အလောင်းကို ရန်ကုန်မြို့ပြင်တနေရာမှာဖျောက်ဖျက်ခံခဲ့ရတဲ့... -
ဘလင်ကင် တောင်ကိုရီးယားရောက်နေချိန် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်ခတ်
ဆိုးလ်၊ ဇန်နဝါရီ-၆-၂၀၂၅မျိုးဆက်(VOM)မြောက်ကိုရီးယားဟာ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်တစင်းကို ဒီနေ့မွန်းလွဲပိုင်းက ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က... -
ကနေဒါဝန်ကြီးချုပ် ထရူးဒိုး ရာထူးကနေ နုတ်ထွက်ဖွယ်ရှိ
တိုရွန်တို၊ ဇန်နဝါရီ-၆-၂၀၂၅မျိုးဆက်(VOM)ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးဟာ လစ်ဘရယ်ပါတီအတွင်း သဘောထားကွဲလွဲမှုတွေ ပြင်းထန်လာနေတာကြောင့် ယခုသီတင်းပတ်အတွင်းမှာ ရာထူးကနေ နုတ်ထွက်ဖို့...