ဝါရှင်တန်၊ ဇန်ဝါရီ-၉-၂၀၂၅
မျိုးဆက်(VOM)
အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်နဲ့ အနီးနားရှိ ဗန်တူရာတို့မှာ တောမီးလောင်ကျွမ်းမှု ပိုမိုဆိုးရွားလာပြီး လက်ရှိအချိန်ထိ လူငါးဦးထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
Sunset Fire လို့အမည်ပေးထားတဲ့ ဒီတောမီးဟာ နေရာခြောက်ခုထက်မနည်းမှာ အကြီးအကျယ်လောင်ကျွမ်းနေပြီး ၀ုဒ်လေမှာ လောင်ကျွမ်းမှုနည်းပါးသွားတာကလွဲပြီး ထိန်းချုပ်လို့ မရသေးဘူးလို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ အီတန်ဒေသရှိ လူတသိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အမိန့်ထုတ်ထားပြီး ပါလစ်ဆာဒက်မှ လူ ၃၇၀၀၀ ကျော်ကိုလည်း ကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။ တောမီးဟာ နာမည်ကျော် ဆယ်လီတွေပိုင်ဆိုင်တာတွေအပါအဝင် နေအိမ်ထောင်ပေါင်းများစွာကို ခြိမ်းခြောက်နေပါတယ်။
ပါလစ်ဒက်စ်၊ အိစတန်၊ ဟာ့စ်နှင့် ၀ုဒ်လေတို့မှာ တောမီလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ အဆောက်အဦ ၁၀၀၀ ကျော်မီးလောင်ကျွမ်းခဲ့ပါတယ်။ ဇန်နဝါရီ ၇ ရက်က စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးမှာ လော့အိန်ဂျလိစ်သမိုင်းမှာ အဆိုးရွားဆုံး တောမီးလောင်ကျွမ်းမှုဖြစ်လာနိုင်ကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
မြို့နှင့်အနီးတဝိုက်ရှိ တောမီးကို မီးသတ်သမားတွေက အဓိကထိန်းချုပ်ဖို့ ကြိုးပမ်းနေပြီး ရေရှားပါးမှုနဲ့လည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ တောမီးလောင်ကျွမ်းမှု ဆိုးရွားလာခြင်းကြောင့် အရေးပေါ်အခြေအနေကို ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဇင်နယူဆမ်က ကြေညာထားပါတယ်။
ကယ်လီဖိုးနီးယားတောင်ပိုင်းရှိ နေအိမ်နှင့် စီးပွားရေးလုပ်ငန်း လေးသိန်းသည်လည်း လျှပ်စစ်ဓါတ်အား ပြတ်တောက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တောမီးအခြေအနေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒငဟြာ ဆန်တာမိုနီကာ မီးသတ်စခန်းကို သွားရောက်ဖို့ အစီအစဉ်ရှိနေပါတယ်။
Ref:BBC
Photo:AP