နုန်းမြေတွေကြောင့် အင်းလေးဒေသ နေရာအချို့မှာ စက်လှေတွေသွားလာမရလို့ ဒေသခံတွေ အခက်ကြုံ

ZY(VOM)
ဇန်နဝါရီ ၁၇၊ ၂၀၂၅
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာတော့ ရေကြီးပြီး ကျန်ခဲ့တဲ့ နုန်းမြေတွေကြောင့် အင်းလေးကန်ရှိ ကျေးရွာအချို့မှာ စက်လှေတွေသွားလာမရလို့ အခက်ကြုံနေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
4
ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး အင်းလေးကန်အတွင်းသို့ ရေများ တဖြည်းဖြည်းတိုးဝင်လာပြီး ရေမျက်နှာပြင် မြင့်တက်လာခဲ့ရာကနေ စက်တင်ဘာလ၊ တတိယပါတ်အတွင်းမှာ ရေကြီးမှုအခြေအနေ အဆိုးရွားဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး အင်းလေးကန်အတွင်းသို့ တောင်ကျရေတွေ စီးဝင်လာမှုကြောင့် ရေမြင့်တက်မှုဒဏ်ကို နှစ်လကျော်ကြာခံစားခဲ့ရပြီး လက်ရှိမှာ ရေပြန်ကျသွားပေမယ့် ရေကြီးမှုနဲ့ အတူပါလာတဲ့ နှုန်းမြေတွေကြောင့် ရွာမကျေးရွာနဲ့ အင်းတိန်ကျေးရွာတို့မှာ စက်လှေတွေ သွားလာလို့ မရတော့ဘူးလို့ ဆိုပါတယ်။
“ရွာမကျေးရွာနဲ့ အင်းတိန်ကျေးရွာတို့ဆိုတာ ဒေသတွင်းသွားလာဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး အတွက် အရေးပါတဲ့ ဒေသတွေပေါ့။ အခုလို စက်လှေတွေသွားလို့မရတော့ အတော်လေး အခက်အခဲ ဖြစ်နေကြတယ်။ ၂၀၁၅က ဝယ်ထားတဲ့ ကျပ် သိန်းပေါင်း၄၀၀၀၀ ကျော်တန် ရွှံစုပ်စက်ကြီးဆိုတာလည်း အစိုးရအဆက်ဆက် မျောက်အုန်းသီးရသလို ဘာမှမလုပ်နိုင် ဘာမှမလုပ်ပဲ ရေကြီးတုန်းက ရေမြုပ်ပြီးပျက်စီးသွားပြီလားမသိဘူး”လို့ ဒေသခံရပ်မိရပ်ဖတယောက်က VOMကို ပြောပါတယ်။
အင်းလေးကန်အတွင်းကို စီးဝင်တဲ့ ရေလမ်းကြောင်းတွေ များစွာရှိပြီး လက်ရှိအချိန်မှာ ရေချောင်းတွေလည်း ရေစတင်ခမ်းခြောက်လာပြီဖြစ်သလို ရေကြီးမှုကြောင့် ကျန်ခဲ့တဲ့ နုန်းမြေတွေကြောင့် ရေခမ်းခြောက်မှု ပိုမိုမြန်ဆန်လာမှာ ဖြစ်တဲ့အတွက် ဒေသခံတွေရဲ့ စက်လှေသွားလာရေး ပိုမိုအခက်ကြုံလာရနိုင်တယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-Local
VOM Viber Channel: https://invite.viber.com/…

Related posts

Leave a Comment

VOM News

FREE
VIEW