ZY(VOM)
ဇန်နဝါရီ ၁၇၊ ၂၀၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့မှာ ဒီကနေ့ ဇန်နဝါရီလ ၁၇ရက်၊ မနက် အစောပိုင်းအချိန်က နစကအဖွဲ့ဝင်တွေ ထိုင်နေကြ ဘားနဲ့ ကာရာအိုကေဆိုင် မီးလောင်မှုဖြစ်ပွား ခဲ့ပေမယ့် ဖြစ်စဉ်ကို ဒေသအာဏာပိုင်တွေက ဖုံးဖိပေးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေ ထံကနေ သိရပါတယ်။
ပင်းတယမြို့၊ ပင်းတယ-ဘော်ဆိုင်းသွားလမ်း၊ ရွာငယ်ရပ်ကွက်၊ ရွာငယ်တံတားထိပ်မှာ ဖွင့်လှစ်ထားတဲ့ CENTRAL &သူငယ်ချင်း ၂ စားသောက်ဆိုင်မှာ ဘားနဲ့ မိန်းကလေး စားပွဲထိုးတွေရှိသလို ကာရာအိုကေလည်း ထည့်သွင်းထားပြီး မနက် ၃နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ဝါယာရှော့တော့မဟုတ်ဘူး၊ ပေါ့ဆမီးဖြစ်မယ်။ အရမ်းတော့ မများဘူး။ ဒါပေမယ့် တပ်အရာရှိတွေ ထိုင်နေကြဆိုင်၊ သူတို့နဲ့ ပါတနာဆိုင်ဆိုတော့ အမှုဖွင့်တာတွေ မလုပ်ပဲ ဖုံးဖိပေးထားတာ။ ပင်းတယ ဖေ့ဘွတ်စ်ဂရုမှာ မီးလောင်တဲ့ပုံတွေ၊ အကြောင်းအရာတွေ တင်တာတောင် ဖြုတ်ချခိုင်းထားတယ်”လို့ သတင်းရင်းမြစ်တယောက်က VOMကို ပြောပါတယ်။
အဲဒီဆိုင်မှာ နစက အဖွဲ့ဝင်တွေ နေ့စဥ်စားသောက်နေထိုင်တဲ့ ဆိုင်ဖြစ်ပြီး စားသောက်ဆိုင်ပိုင်ရှင် ကျော်နိုင်ဝင်း(ခ)တရုတ် မှာ ရွာငံမြို့နယ်မှာ ရေအားလျှပ်စစ်ကုမ္ပဏီ ဆောင်ရွက်မယ့် သူဌေးဖြစ်တာကြောင့် နစကအဖွဲ့ဝင်တွေက ကာကွယ်ပေးထားတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စားသောက်ဆိုင်မှာ ယစ်မျိုးလိုင်စင်(အရက်လိုင်စင်)မရှိသလို စားသောက်ဆိုင်ပိုင်ရှင်မှာလည်း တရုတ်လူမျိုး ဖြစ်ပြီး ငွေကြေးချို့တဲ့တဲ့ ဓနု မိန်းကလေးတွေကို လစာငွေနည်းပါးစွာနဲ့ ခေါ် ယူထားသလို မီးလောင်မှုကို ဒေသတွင်း အာဏာပိုင်အကြီးအကဲတွေက အကာအကွယ်ပေးထားတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
VOM Telegram Channel: https://t.me/VOMNEWS2023/11769
VOM Viber Channel: https://invite.viber.com/…
VOM Youtube Channel: https://www.youtube.com/channel/UCMHge_I_r2t4sISomPm392g
VOM Website Link: http://tinyurl.com/ywyd7eyn.n.