ဇန်နဝါရီ ၂၀- ၂၀၂၅ CC (VOM) အဆိုတော် ကောင်းမြင့်စံ ခေါ် စုဗူးက ရန်ကုန်က အင်းလျားကန်ဘောင်အတွင်း ခုန်ချကာ မိမိကိုယ်ကိုသတ်သေခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့မှာနေအိမ်ကနေ ထွက်သွားပြီးနောက် အဆက်သွယ်ပြတ်တောက်သွားကာ ဇန်ဝါရီ ၁၉ ရက်မှာမှ အင်းလျားကန်ဘောင်ထဲကနေ အလောင်းတွေ့ရှိရတာဖြစ်တယ်လို့ သိရတယ်။ ” အင်းလျားကန်ထဲ ခုန်ချသတ်သေသွားတာပါ။အလောင်းလည်းတွေ့ပါပြီ။ ဘဝကိုခုလိုလွယ်လွယ်အရှုံးပေးသွားတာလည်းမပြောတတ်ပါဘူး။စိတ်သဘောထားကောင်းတဲ့ညီလေးပါ။ နောက်ဘဝခုလိုမဖြစ်ပါစေနဲ့ဆုတောင်းပေးပါတယ်။ တကယ်စိတ်မကောင်းဘူးဗျာ။မနက်ဖန်သဂြိုလ်မယ်ပြောတယ် ။” လို့ မိသားစုနဲ့နီးစပ်တဲ့ အဆိုတော်တယောက်ကပြောပါတယ်။ အဆိုတော်ကောင်းမြင့်စံ ခေါ် စုဗူးရဲ့အလောင်းကို မြောက်ဥက္ကလာဆေးရုံကိုပို့ဆောင်ထားပြီးနာရေးစျာပနကိုတော့ ဇန်နဝါရီ ၂၀ ရက်နေ့ ဒီနေ့ ထိမ်ပင်သုဿန်မှာ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။ ” စိတ်မကောင်းဘူး။ စိတ်ဓာတ်ကျဆင်းနေတယ်ဆိုတာတော့သိတယ် ။ဒါပေမယ့် ဘယ်လိုကြောင့်ဒီလောက်အထိလုပ်သွားရတာလဲမသိဘူး။ ကိုယ့်ကိုယ်ကိုသတ်သေရလောက်တဲ့အထိဗျာ ဘဝကိုအရှုံးပေးသွားတယ်။သူသိပ်ချစ်တဲ့ သီချင်းတွေဆက်မလုပ်ရတော့ဘူး။” လို့ အဆိုတော်တယောက်က ဝမ်းနည်းကြောင်းပြောဆိုထားပါတယ်။ အဆိုတော်ကောင်းမြင့်စံက သေဆုံးချိန်မှာအသက် ၃၉…
Read MoreDay: January 20, 2025
မြောင်းမြမြို့ညောင်ပင်လေးဈေး မီးလောင်မှု ဆိုင်ခန်းအားလုံးနီးပါး ဆုံးရှုံး
ဇန်နဝါရီ ၂၀ – ၂ဝ၂၅ KKO(VOM) ဇန်နဝါရီလ ၁၉ ရက်၊နံနက်အစောပိုင်းအချိန်မှာ ထလောင်တဲ့ မြောင်းမြမြို့က ညောင်ပင်လေးဈေး မီးလောင်မှုမှာ ဆိုင်ခန်းအားလုံးနီးပါးဆုံးရှုံးသွားခဲ့တယ်လို့ မြောင်းမြမြို့ဒေသခံတွေရဲ့ပြောပြမှုတွေအရ VOM က စုံစမ်းသိရှိရပါတယ်။ မြောင်းမြမြို့၊ညောင်ပင်လေးဈေးမီးလောင်မှုဟာ ဇန်နဝါရီလ ၁၉ ရက်၊အစောပိုင်းအချိန်ဖြစ်တဲ့ နံနက် ၁ နာရီခွဲ အချိန်ခန့်မှာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးကိုအချိန်တနာရီကျော်ကြာအောင် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အတူ ဒေသခံတွေကညတွင်းချင်းကြိုးစားပမ်းစားငြှိမ်းသတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသတွင်းသတင်းတွေအရ မြောင်းမြမြို့၊ ညောင်ပင်လေးစျေးမီးလောင်ကျွမ်းမှုမှာ ဆိုင်ခန်း ၁၀၀ နီးပါးဆုံးရှုံးသွားခဲ့တယ်လို့ သိရပြီး ဈေးအတွင်းမှာရှိတဲ့ ဆိုင်ခန်းအများစုကတော့ ဆန်ဆိုင်တွေအများဆုံးဖြစ်တယ်လို့ မြောင်းမြမြို့ဒေသခံတွေက VOM ကို ပြောပါတယ်။ “မနက် ၁ နာရီ ၁ဝ မိနစ်မှာစလောင်တာပါ။စံပြမုန့်တိုက်ရှေ့ကနေ စလောင်တာပါ။မနက် ၂ နာရီခန့်မှာမှ မီးညွန့်ကျသွားတယ်။ညောင်ပင်လေးစျေးတော့ကုန်သွားပေမဲ့တခြားနေရာတွေကိုတော့ကူးစက်လောင် ကျွမ်းခဲ့ခြင်းမရှိပါဘူး”လို့ မြောင်းမြမြို့ ဒေသခံတယောက်က ပြောပါတယ်။ မြောင်းမြမြို့၊ညောင်ပင်လေးဈေးမီးလောင်မှုဟာ ဝါယာရှော့ကြောင့် မီးလောင်မှုဖြစ်နိုင်တယ်လို့…
Read Moreဒေါ်နယ်ထရန့်က အာမခံပြီးနောက် အမေရိကန်မှာ TikTok ဝန်ဆောင်မှုတွေ ပြန်သုံးလို့ရ
ဝါရှင်တန်၊ ဇန်နဝါရီ-၂၀-၂၀၂၅ ရတီ(VOM) အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က သူသမ္မတဖြစ်လာရင် TikTok ကိုပိတ်သိမ်းထားတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အမိန့်တရပ် ထုတ်ပြန်မယ်လို့ အာမခံလိုက်ပြီးနောက် အမေရိကန်မှာ TikTok အသုံးပြုမှုတွေ ပြတ်တောက်ခဲ့ရာကနေ ပြန်ရရှိနေပြီဖြစ်ပါတယ်။ တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီပိုင် TikTok ကို လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် ရောင်းချခြင်းမပြုရင် အမေရိကန်မှာ ပိတ်ပင်မယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ပြီးနောက် စနေနေ့ ညနေကတည်းက အမေရိကန်သုံးစွဲသူ သန်း ၁၇၀ ဟာ TikTok အသုံးပြုမရဖြစ်ခဲ့ပါတယ်။ TikTok ပိတ်ပင်တာကို ယခင်ကထောက်ခံတဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က ဒီဥပဒေ အကောင်အထည်ဖော်မှုကို နှောင့်နှေးစေပြီး သဘောတူညီချက်တခုပြုရန် အချိန်ပိုပေးမယ်လို့ ကတိပြုလိုက်ပြီးနောက် ဝန်ဆောင်မှုတွေ ပြန်လည်သုံးစွဲနိုင်ပြီလို့ TikTok က မနေ့က ဆိုပါတယ်။ သမ္မတဖြစ်လာမယ့် ထရန့်က လိုအပ်တဲ့ရှင်းလင်းမှုတွေနဲ့ အာမခံချက်တွေပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း၊ TikTok ကိုအမေရိကန်မှာ ရေရှည်လည်ပတ်လုပ်ကိုင်နိုင်ရေးအတွက်…
Read Moreတပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်
ဇန်နဝါရီ ၂၀ – ၂၀၂၅ SN (VOM) ဒီတပတ်မှာလည်း ရွှေဈေးတွေက အတက်ဈေးမှာပဲ ရှိနေပါတယ်။ အဲဒီလိုပဲ အမေရိကန်ဒေါ်လာဈေးဟာလည်း အတက်ဘက်မှာသာ ရှိနေတာဖြစ်ပါတယ်။ စက်သုံးဆီဈေးကွက်မှာတော့ ၉၂ ဓာတ်ဆီတမျိုးတည်းသာ အရင်တပတ်ဈေးနှုန်းအတိုင်း မပြောင်းမလဲ ရှိနေပါတယ်။ ၉၅ ဓာတ်ဆီဈေးကတော့ ကျနေပြီး ဒီဇယ်ဈေးတွေကတော့ မြင့်တက်နေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ ကုန်စည်တချို့ အမြင့်ဈေးမှာရှိနေပြီး တချို့ ကုန်စည်ဈေးတွေကတော့ ပြန်တက်နေပါတယ်။ #ပြည်တွင်းရွှေဈေးနှုန်း အခု ၂၀၂၅ ခုနှစ်၊ နှစ်စမှာ အတက်ဘက်ကို ပြန်ရောက်လာတဲ့ ပြည်တွင်းက အခေါက်ရွှေဈေးဟာ လက်ရှိမှာတော့ ၆၅ သိန်းဝန်းကျင်ကို ရောက်ရှိလို့နေပါတယ်။ ရွှေဈေးဟာ ဒီတပတ် ဇန်နဝါရီ ၁၅ ရက်၊ နေ့လယ်ပိုင်းမှာ ၆၇ သိန်းဝန်းကျင်အထိ အတက်ကြမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဇန်နဝါရီ ၁၆ ရက်၊ မနက်ပိုင်းမှာတော့ ၆၆…
Read More