မြန်မာ့လက်ဖက်စားသုံးတဲ့ဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်ဖို့ ယူနက်စကို တင်မယ်

ဇန်နဝါရီ၂၄-၂ဝ၂၅
Ms(VOM)
လာမယ့်နှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ မြန်မာ့လက်ဖက်စားသုံးတဲ့ဓလေ့ကိုကမ္ဘာ့ ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်ဖို့ UNESCO အဖွဲ့ကို စာတမ်းတင်သွင်းသွားဖို့ရှိကြောင်းသိရပါတယ်။
လက်ဖက်စားသုံးတဲ့ဓလေ့ကိုကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အဖြစ် စာရင်းဝင်ဖို့ စာတမ်းတင်မှာ က မြန်မာနိုင်ငံအနေနဲ့ တတိယမြောက်ဒြပ်မဲ့ယဉ်ကျေးမှုအဖြစ်စာရင်းတင်သွင်းမှာဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ၅ရက်က မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကိုကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုအဖွဲ့အစည်းကသတ်မှတ်ပေးခဲ့ရာ ယခု၂၀၂၅ခုနှစ်မတ်လမှာလည်း ဒုတိယ အကြိမ်အဖြစ် မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်တဲ့ ဓလေ့ကို ယူနက်စကို မှာစာတမ်းတင်သွင်းသွားမယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ် မတ်လအထိ စာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသားအဆင့် ဒြပ်မဲ့စာရင်းအဖြစ် သတ်မှတ်ထားတဲ့ အမွေအနှစ်ပေါင်း နှစ်ထောင်ကျော်ရှိကာ အဲဒီထဲက ယဉ်ကျေးမှုအမွေအနှစ်တွေကို သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေက ယူနက်စကို တင်သွင်းရတာ လို့ဆိုပါတယ်။
” ယူနက်စကို မှာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်နိုင်ဖို့ စာရင်းတင်သွင်းတာကို တနှစ်မှာ တခုသာ တင်သွင်းနိုင်တဲ့အတွက် တနှစ် တခုစီ တင်သွင်းသွားမယ်”လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်က ပြောပါတယ်။
ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တွေကို သတ်မှတ်ရာမှာ မြန်မာလူမျိုးတွေရှေးအစဉ်အဆက် သမိုင်းကြောင်းအရ အသုံးပြုခဲ့တဲ့ အလေ့အကျင့်၊အလေ့အထတွေကိုအဓိကသတ်မှတ်တာဖြစ်ပြီး ယူနက်စကိုအသိအမှတ်ပြုစာတမ်းတင်သွင်းရာတွင်လည်း စာတမ်းပါအချက်အလက်တွေက မြန်မာလူမျိုးတွေရှေးကတည်းက သုံးစွဲပြုမူလာတဲ့ အချက်အလက်တွေထည့်သွင်းထားကြောင်းသိရပါတယ်။
“တကယ်တမ်းကြတော့ ဒီလိုဒြပ်မဲ့ယဉ်ကျေးမှုဆိုတာအများပြည်သူတွေရဲ့ကြားထဲမှာကိန်းအောင်းနေတဲ့ဓလေ့တွေပေါ့ဗျာ။ဒီအစိုးရအဖွဲ့အစည်းတစ်ခုတည်းတင်ဦးဆောင်ပြီးလုပ်လို့ရတာမဟုတ်ဖူး။အဲ့ဒါကြောင့်အများပြည်သူတွေကသူတို့အတွက်ကျန်းမာရေး၊ပညာရေး၊လူမှုရေးစသဖြင့် လက်ခံကျင့်သုံးနိုင်လို့ဒီနှစ်ပေါင်းရှည်ကြာစွာသုံးလာတဲ့ဓလေ့တွေပေါ့။အဲ့ဓလေ့ဖြစ်လို့အများပြည်သူတွေကနေကိုယ်စားပြုတဲ့အဖွဲ့အစည်းတွေကဒီလိုမျိုးဖော်ထုတ်ပေးရမှာဖြစ်တယ်ပေါ့။အဲ့လိုဖော်ထုတ်ရာမှာလည်းတစ်ချို့ဓလေ့တွေကပျောက်ကွယ်လုတာတွေရှိနေတော့။အဲ့ဒါမျိုးတွေကိုလူမှုအဖွဲ့အစည်းကိုအခြေပြုတဲ့အဖွဲ့အစည်းတွေကနေပြန်လည်ဖော်ထုတ်မယ်၊သက်ဆိုင်ရာဒေသအများပြည်သူတွေကလည်းပါဝင်ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့တစ်ကယ့်ကောင်းတဲ့ရိုးရာယဉ်ကျေးမှုဓလေ့တွေကပြန်ပြီးတော့ပေါ်လာမှာပေါ့ အဲ့အတွက်ကြောင့်အများပြည်သူတွေနဲ့ကိုယ်စားပြုအဖွဲ့တွေပါဝင်ရင်ကျွန်တော်တို့ရဲ့ဒီဒြပ်မဲ့ယဉ်ကျေးမှုဖော်ထုတ်ရေးလုပ်ငန်းတွေပိုအောင်မြင်လာမှာဖြစ်ပါတယ်။” လို့သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေး ဟောင်းသုတေသန ဦးစီးဌာန မှဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြိုင် ကပြောပါတယ်။
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များ သတ်မှတ်အတည်ပြု တဲ့UNESCO စာရင်းဝင်ဒေသတွေအဖြစ်မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် က ပျူမြို့ပြ နိုင်ငံတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိသာနိုးမြို့ ဟောင်းနေရာတွေကို သတ်မှတ်ပေးခဲ့ပြီး
ပုဂံဒေသကိုလည်း ပြီးခဲ့တဲ့၂၀၁၉ ခုနှစ်မှာ ယူနက်စကို စာရင်းဝင်ဒေသအဖြစ် သတ်မှတ်ခဲ့ပါတယ်။
Photo- Cj

Related posts

Leave a Comment

VOM News

FREE
VIEW