VOM အယ်ဒီတာမှတစ်ဆင့် သက်ဆိုင်ရာလူကြီးမင်းများသိရှိစေရန်

ပြည်သူအသံကဏ္ဍ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ၊ ပန်ဟတ်ကျေးရွာ ရှိ အထက မိုင်းကိုး ကျောင်းအုပ်ကြီးဒေါ်လှလှမိုးသည် ပညာရေးဋ္ဌာနမှခွင့်ပြုထားခြင်းမရှိသော ငွေကြေးကောက်ခံမှုကို ရေကြေးမီးကြေးဟုခေါင်းစဥ်တပ်ကာ ကျောင်းသားကျောင်းသူ ၈၀၀ ကျော်ထံမှ တစ်ဦးလျှင် ၁၀ ဘတ် ( မြန်မာငွေ ၁၃၀၀ ကျပ် ) ကို လစဥ်ကောက်ခံနေပါသည်။ ရေစက်ပျက်လျှင်လည်း ကလေးများထံကောက်ခံပြီးဝယ်ပါသည်။
ကလေးများထံမှငွေကြေးများလစဥ်ကောက်ခံနေသော်လည်း ကျားသုံးအိမ်သာများမှာ သုံး၍မရအောင်စုတ်ပြတ်နေပြီး ပြုပြင်ခြင်းမရှိပဲ ကလေးများ၏ကျန်းမာရေးနှင့် အရှက်တရားကိုလျစ်လျူရှုထားပြီး ၄င်းငွေရရှိရေးကိုသာရှေးရှုဆောင်ရွက်နေပါသည်။
ထို့ကြောင့် ကျွန်မတို့ အထက မိုင်းကိုးရှိ ကျောင်းသူကျောင်းသားများသည် အခမဲ့ပညာရေးစနစ်တွင် တာချီလိတ်မြို့ပေါ်ရှိ အခြားကျောင်းများမှ ကလေးများနည်းတူ တန်းတူအခွင့်အရေးရရှိပြီး စိတ်ဓာတ်ရေးရာနှင့် ကျန်းမာရေး ကောင်းမွန်စေရေးအတွက် ကလေးများ အားမငဲ့ကွက်ပဲ ၄င်းရရှိရေးကိုသာ အမြဲလုံးပမ်းနေသော ကျောင်းအုပ်အား ထိရောက်စွာစစ်ဆေးအရေးယူပေးပါရန် Voice of Myanmar မှတစ်ဆင့် သက်ဆိုင်ရာလူကြီးမင်းများအား တင်ပြလိုက်ရပါသည်။
အထက မိုင်းကိုး ကျောင်းသားမိဘများ

Related posts

Leave a Comment

VOM News

FREE
VIEW