ဗန်းမော်မှာ စစ်ရှောင်နေအိမ်တွေ ဖောက်ထွင်းခံရမှု ဆိုးရွားနေ

ဖေဖော်ဝါရီ ၁၉ – ၂၀၂၅ GG (VOM) ကချင်ပြည်နယ်၊ဗန်းမော်မြို့က စစ်ဘေးရှောင်နေသူတွေရဲ့ နေအိမ်တွေမှာ ဖောက်ထွင်းခံရမှုဆိုးရွာနေပြီး ဖောက်ထွင်းလုယက်သူတွေက အိမ်ရှင်ပြန်လာရင် ခြိမ်းခြောက်မှုတွေအထိ ဖြစ်ပွားလာနေတယ်လို့သိရပါတယ်။ ဗန်းမော်မြို့က အိမ်စောင့်မရှိတဲ့ နေအိမ်တွေကို အဓိကဖောက်ထွင်းပြီးနေအိမ်ရှိ တန်ဖိုးရှိပစ္စည်းတွေကို ကုန်တင်ကားကြီးတွေနဲ့သယ်ယူနေကြတာဖြစ်ကြောင်း ၊ ပစ္စည်းတွေဖောက်ထွင်းရယူနေချိန် အိမ်ပိုင်ရှင်ပြန်လာချိန်နဲ့ကြုံပါက အိမ်ထဲအဝင်မခံတဲ့အပြင် နောက်တကြိမ်အိမ်ပြန်မလာဖို့ပါ ခြိမ်းခြောက်မှုတွေရှိလာနေတာဖြစ်တယ်လို့သိရပါတယ်။ “သူတို့ကအုပ်စုလိုက်ကိုယူနေကြတာ။ကားကိုဖင်ထိုးပြီးရှိသမျှရေခဲသေတ္တာ၊ ကျွန်းကုလားထိုင်တွေ၊တပ်ထားတဲ့ကျွန်းတံခါးကအစဖြုတ်ခိုးနေကြတာပါ။ကျွန်တော့မိတ်ဆွေ အိမ်ကိုခဏပြန်ကြည့်တာ သူ့အိမ်ကို ကားဖင်ထိုးပြီးပစ္စည်းသယ်နေတာတွေလို့ သွားတော့ သူ့ကိုတောင်ပြန်မေးတယ်ဘယ်ကလဲ ဘယ်သူလဲမေးလို့အိမ်ရှင်ပါပြောတော့ နောက်တခါပြန်မလာနဲ့ သတ်ပစ်မယ်ဆိုပြီးပြောလိုက်တယ်။ ကိုယ့်အိမ်ဖောက်ခံနေရတာမြင်ရင်လည်း ငြိမ်နေရတဲ့ဘဝပါ။အိမ်စောင့်ပါမနေခိုင်းလို့ထွက်ရတဲ့ရပ်ကွက်တွေမှာ တော်တော်ဆိုးနေတာပါ။”လို့ ဗန်းမော်စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့ ဒေသခံကပြောပါတယ်။ ဖောက်ထွင်းမှုဆိုးရွားနေတာက ရိုးကြီးရပ်ကွက်မှာ ဖြစ်ပွားနေတာဖြစ်ကြောင်း၊ဟန်းတဲ ဘက်မှာလည်း ဖောက်ထွင်းမှုတွေဖြစ်နေပြီး ကျန်တဲ့လူစောင့် မရှိတဲ့ရပ်ကွက်ကနေအိမ်တွေမှာလည်း ပစ္စည်းတွေဖောက်ထွင်းမှုဖြစ်ပွားနေတယ်လို့သိရပါတယ်။ လက်ရှိ ဗန်းမော် မြို့ပေါ်မှာ ရပ်ကွက်တခုနဲ့တခုပင် သွားလာရ မလွယ်ကူတော့သလို ဗန်းမော်မြို့ထဲကို ပြင်ပကနေဝင်ရောက်ဖို့ ခက်ခဲနေချိန်မှာ မြို့ထဲရှိ စစ်ဘေးရှောင်တွေရဲ့နေအိမ်တွေ…

Read More

ကနီနယ်မှာ လေကြောင်းတိုက်ခိုက်ခံမှုတွေ ထပ်မံဖြစ်ပွား

ဖေဖော်၀ါရီ၊ ၁၉၊ ၂၀၂၅ KH (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့နယ်မှာ အခုတလော လေကြောင်း တိုက်ခိုက်ခံမှု ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ကနီမြို့ခံတွေက ပြောပါတယ်။ ” မုံရွာ – ကလေး၀ – ကနီ လမ်းဆုံမှာရှိတဲ့ ကနီနယ် ချောင်းမ အရှေ့ ရွာ လမ်းဆုံကို မနေ့က ညနေပိုင်း ၄ နာရီ လောက်မှာ လေကြောင်း တိုက်ခိုက်ခံမှု ထပ်ဖြစ်ခဲ့တယ် ၊ နေအိမ်ဆိုင်ပေါ်ကိုကျတယ် ၊အဲ့ဒီ တိုက်ခိုက်မှုကြောင့် လူငါးယောက်သေဆုံးပြီး လူကိုးယောက် ဒဏ်ရာ ရတယ် ၊ နေအိမ် တချို့ ပျက်စီးတာတွေရှိတယ် ” လို့ ကနီ ချောင်းမ ရွာခံတယောက်က်က ပြောပါတယ်။ တောင်ပေါ်တက်မယ့် ကားက ကွမ်းယာဆင်းပြီး၀ယ်နေတုန်း တိုက်ခိုက်ခံရတာ ၊ ကွမ်းယာရောင်းတဲ့သူအပါအ၀င်…

Read More

မန္တလေးမှာ ရှေးဟောင်းသမိုင်းဝင် ကျောက်သား ဆင်းတုတော်တဆူ အခိုးခံရ

မန္တလေး၊ ဖေဖော်ဝါရီ – ၁၉- ၂၀၂၅ SA(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၂ လမ်း၊ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားက ရှေးဟောင်းသမိုင်းဝင် ရွှေအိုးရစေတီတော်အတွင်းမှာရှိတဲ့ ကျောက်သား ဆင်းတုတော်တဆူကို မနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ညက ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ ရှေးဟောင်းသမိုင်းဝင်စေတီတော်အတွင်းမှာ စကျင် ကျောက်မဟုတ်တဲ့ ကျောက်သားတမျိုးနဲ့ ထွင်းထုထားတဲ့ ရှေးဟောင်း ဆင်းတုတော် သုံးဆူရှိတဲ့အထဲက လျောင်းတော်မူ ဆင်းတုတော် ခိုးခံရတာကို ဒီကနေ့မနက် ၆ နာရီ မိနစ် ၃၀ အချိန်မှ သိရတာဖြစ်တယ်လို့ စေတီတော်နဲ့ ဆင်းတုတော်တွေကို မျိုးရိုးစဥ်ဆက် စောင့်ရှောက်လာခဲ့တဲ့ ဦးဇော်ဝင်းက VOM ကို ပြောပါတယ်။ “သူကတော့ ကြိုတင်ကြံစည်ပြီးတော့ လုပ်လာတဲ့သဘော၊ ဘာကြောင့်လည်းဆိုတော့ သံတူရွင်းတချောင်းနဲ့ သော့တွေအကုန်ဖျက်ပြီးတော့ ဆင်းတုတော်ကိုယူသွားတယ်ဆိုတော့လေ၊ ဒီဆင်းတုတော်ကို ဒီမှာရှိမှန်းသိလို့…

Read More

ပုဂ္ဂလိကလုံခြုံရေးဥပေဒသစ်မှာ လုံခြုံရေးကုမ္ပဏီတွေ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့် ပါဝင်လာ

ဖေဖော်ဝါရီ ၁၉ – ၂၀၂၅ CC (VOM) ပုဂ္ဂလိကလုံခြုံရေးဥပဒေကို မနေ့ကဖေဖော်ဝါရီ ၁၈ ရက်မှာ နစကမှပြဋ္ဌာန်းလိုက်ပြီး အဆိုပါဥပဒေအရ ပုဂ္ဂလိကလုံခြုံရေးလုပ်ငန်းတွေမှာ လက်နက်ကို်ငဆောင်ခွင့်အတွက် လျှောက်ထားခွင့်ပြုချက်ရယူနိုင်တဲ့ အချက်လည်း ပါဝင်လာပါတယ်။ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ လိုအပ်ချက်အရ လက်နက်၊ ခဲယမ်း ကိုင်ဆောင်ခွင့် လျှောက်ထားလာပါက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို တင်ပြပြီး သဘောထားရယူပြီး ဆောင်ရွက်ပေးမယ်လို့ ဥပဒေမှာထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ လိုင်စင်ရရှိသူဟာ လုပ်ငန်းလိုအပ်ချက်အရလက်နက်ခဲယမ်းကိုင်ဆောင်တဲ့အခါ လက်နက်ခဲယမ်းနဲ့ဆက်စပ်ပစ္စည်းတွေကို လက်နက်ဥပဒေ၊လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ ၊တည်ဆဲဥပဒေနဲ့အညီကိုင်ဆောင်ရမယ်လို့ဆို ပါတယ်။ လုံခြုံရေး ၁၀ ယောက်အထက် ခန့်မယ်ဆိုရင် လိုင်စင်လျှောက်ထားရမယ်လို့ ဥပဒေက ဆိုပါတယ်။ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်း ဒါမှမဟုတ် လုပ်ငန်းခွဲအတွက် လုံခြုံရေး ၁၀ ယောက် ထက် ပိုပြီး ခန့်ထားတဲ့လုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေပြဋ္ဌာန်းတဲ့ နေ့ကစပြီး ၆ လအတွင်း သတ်မှတ်ချက်နဲ့အညီ ခွင့်ပြုမိန့် လျှောက် ထားရမှာ ဖြစ်သလို ပုဂ္ဂလိကလုံခြုံရေး…

Read More

PJ နဲ့ ပြည်ပထွက်ခွာခွင့် ယာယီရပ်ဆိုင်းမှု အေဂျင်စီဘက်က လျော်ကြေးပေးရမှုတွေ ဖြစ်လာနိုင်

ဖေဖော်ဝါရီ ၁၉ – ၂၀၂၅ SS (VOM) အလုပ်အကိုင်ပတ်စ်ပို့ (Passport for Job – PJ) နဲ့ ပြည်ပထွက်မယ့်သူ အားလုံးကို အလုပ်သမားဝန်ကြီးဌာနက ထွက်ခွာခွင့် ယာယီ ရပ်ဆိုင်းလိုက်ပြီး ဒီကိစ္စကြောင့် အေဂျင်စီနဲ့ အလုပ်သမားတွေအကြား အခက်အခဲတွေ ကြုံနေရတယ်လို့ အေဂျင်စီ လုပ်ငန်းရှင်တွေက ပြောပါတယ်။ လက်ရှိ ပြည်ပ အလုပ်ထွက်လုပ်ခွင့် ရပ်ဆိုင်းမှုမှာ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ ပါဝင်လာတာဖြစ်ပြီး PJ နိုင်ငံကူးလက်မှတ်နဲ့ ထွက်ခွာမယ့်သူအားလုံးကို အကြောင်းပြချက်မပေးဘဲ အခုလို ယာယီပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ “အရင်က အမျိုးသမီးတွေနဲ့ အသက် ၃၅ နှစ်အထက် အမျိုးသားတွေကို ခွင့်ပြုထားသေးတယ်။ အခုက အမျိုးသမီးတွေလည်း ပါလာတာပေါ့။ ကန့်သတ်မှုတွေ နောက်ပိုင်း ပိုဆိုးလာနိုင်တယ်။ အလုပ်သမား ဝန်ကြီးဌာနဘက်ကတော့ ဒီလို ပိတ်ထားတာကို ယာယီလို့…

Read More

တောင်ကြီးမှာ ကား၊ ဆိုင်ကယ် ခိုးယူခံရမှုတွေ တိုးပွားလာ

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၅ ZY(VOM) ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအခြေစိုက်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ အခု ဖေဖော်ဝါရီလ၊ တတိယပတ်အတွင်း ကားနဲ့ ဆိုင်ကယ်ခိုးယူခံရမှုတွေ ပိုမိုတိုးပွားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ယခုသီတင်းပတ်အတွင်းကလည်း ပညာရေးဝန်ထမ်းအိမ်ယာက ကားတစ်စီးအပါအဝင် ကားနှစ်စီး ခိုးယူခံရမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မနေ့ ဖေဖော်ဝါရီလ ၁၈ရက်၊ ညပိုင်းက တောင်ကြီးမြို့၊ အမှတ်-၂ရဲစခန်းအနီး၊ မင်္ဂလာဦးရပ်ကွက်၊ အရှေ့မြို့ပါတ်လမ်းဆုံးအနီးမှာ နေအိမ်ရှေ့ ရပ်ထားတဲ့ Honda Fitအမျိုးအစား၊ ခဲရောင် ကားတစီးကို ကားမှန်ရိုက်ခွဲကာ သော့ဖျက်ပြီးတော့ ခိုးယူခံရမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ “မနေ့ည ၈နာရီထိ ကားက ရှိနေပါသေးတယ်။ မိုးလင်းတော့ ကားက မရှိတော့ဘူး။ ကားမှန်ကို ရိုက်ခွဲပြီး ခိုးသွားတာ။ မှန်ကွဲစတွေ ကျန်ခဲ့တယ်။ အစစအရာရာ ရှားပါးနေတဲ့ အချိန်မှာ ခိုးခံရတော့ နှမျောတာပေါ့။ ရှေ့ရက်က ဝါးပြားမှာ…

Read More

တက္ကသိုလ်ဝင် စာမေးပွဲလျှာက်လွှာ မဖြေခင်တရက်အလိုထိ လက်ခံမှာဖြစ်ပြီး စာရင်းသွင်းသူ အရင်နှစ်ထက် ပိုများ

ဖေဖော်ဝါရီ ၁၉ – ၂၀၂၅ CC (VOM) မကြာမီကျင်းပတော့မယ့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာမေးပွဲဖြေဆိုခွင့်လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူ ၂ သိန်းကျော်အထိရှိပြီး ဖြေဆိုခွင့်လျှောက်လွှာတွေကိုတော့ စာမေးပွဲမဖြေခင်တရက်အလိုအထိ လက်ခံပေးသွားမယ်လို့မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနကသိရပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းသွင်းဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် နောက်ကျတဲ့ ကျောင်းသား ကျောင်းသူတွေအားလုံး စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်စေ ရေးအတွက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတင်သွင်းမှုကို စာမေးပွဲ မကျင်းပမီ တရက်အလို မတ်လ ၁၆ ရက်နေ့အ ထိ လက်ခံပေးခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ” မနက်ဖြန်ဖြေမယ်ဆိုရင် ဒီနေ့ညနေ ၄ နာရီအထိ ဖြေဆိုခွင့်လျှောက်လွှာကို လက်ခံပေးမှာပါ။အဓိက စာမေးပွဲဖြေဆိုဖို့ကြိုးစားနေတဲ့ကျောင်းသူကျောင်းသားအားလုံး နောက်ဆုံးရက်အထိကြိုးစားလို့ရအောင်ပါ။ခုနှစ် စာမေးပွဲဖြေဖို့လျှောက်လွှာတင်တာများတယ်။မနှစ်ကထက်ပိုတယ်။စနစ်သစ်နဲ့ဖြေတာ ဒီနှစ်နဲ့ဆိုနှစ်နှစ်ရှိပြီပေါ့။မနှစ်ကထက်တော့ မေးခွန်းတွေလေ့လာလို့ရတယ်ဆိုတော့ပြင်ဆင်ချိန်ကောင်းကောင်းရပါတယ်။” လို့ အထက်တန်းပြကျောင်းဆရာမတယောက်ကပြောပါတယ်။ ဒါအပြင် အကြောင်းကြောင်းကြောင့် နေရပ်စွန့်ခွာပြီး ပြောင်းရွှေ့နေထိုင်ကြသူတွေအနေနဲ့လည်း မူလစာရင်းသွင်းထားတဲ့ စာစစ်ဌာနတွေမှာ မဖြေဆိုနိုင်ပါက…

Read More

အင်းလေးမှာ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ခန့်သာ ပေါက်ဈေးရှိလို့ တောင်သူတွေ အရှုံးပေါ်နေ

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅ ZY(VOM) ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ရက်ကနေ ဒီကနေ့ ဖေဖော်ဝါရီလ ၁၉ရက်အထိ ခရမ်းချဉ်သီး တပိဿာကို ၄၀၀ ကျပ်ဝန်းကျင်ခန့်သာ ဈေးရရှိနေတဲ့အတွက် အရှုံးပေါ်နေတယ်လို့ ခရမ်းချဉ်သီးစိုက်တောင်သူတွေထံကနေ သိရပါတယ်။ အင်းလေးဒေသထွက် ခရမ်းချဉ်သီးတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ နောက်ဆုံးပါတ်အတွင်းက တပိဿကို ၇၀၀ကျပ်ကနေ ၉၀၀ကျပ်အထိ ဈေးရရှိခဲ့ပေမယ့် ဖေဖော်ဝါရီလ ၁ရက်ကနေစတင်ပြီး တစ်ပိဿကို ၃၀၀ကျပ်ကနေ ၄၀၀ကျပ်ဝန်းကျင် ဈေးကျဆင်းသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “အခုချိန်က အင်းလေးက နေရာတိုင်းနီးပါးမှာ ခရမ်းချဉ်သီးတွေက တပြိုင်တည်းထွက်လာကြပြီဆိုတော့ ဈေးက ထိုးကျကုန်တာ။ အစိမ်းသီးဆိုရင် ၃၀၀၊ သံယောင်သီးဆိုရင် ၃၅၀၊ ၄၀၀လောက်ပဲ ရတယ်။ ကုန်ကျစရိတ်က တပိဿကို ၄၀၀၊ ၅၀၀လောက်ရှိတော့ ရှုံးပြီပေါ့။ ဒါတောင် ကိုယ့်လုပ်အားခ မပါသေးဘူး”လို့ တောင်သူတယောက်က…

Read More

TNLA နဲ့ နစက တွေ့ဆုံပြီးနောက် ဒေသတွင်းပြည်သူတွေရဲ့ သဘောထား အမြင်

ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅ Shy V (VOM) ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ကိုယ်စားလှယ် တွေနဲ့ ကစထ(၁) မှူးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ စနစက တပ်ဖွဲ့ရဲ့ ကိုယ်စားလှယ်တို့အကြား တရုတ်အစိုးရရဲ့ စီစဉ်ချက်အရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ နဲ့ ၁၇ ရက် တွေမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ဟိုင်ဂင်ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြရာ နှစ်ဖက်တောင်းဆိုတင်ပြမှုတွေ အပြန်အလှန်ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးညှိနှိုင်းရန် ခက်ခဲလို့ ၁၇ ရက်နေ့ ညနေပိုင်းမှာ တွေ့ဆုံပွဲ ပြီးဆုံးခဲ့ ကြောင်း PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာန က သတင်းထုတ်ပြန်ပါတယ်။ TNLA ဘက်က ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်နိုင်ဖို့ အချက် (၃) ချက်ကိုသာ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း…

Read More

ယူကရိန်းအရေး ဥရောပခေါင်းဆောင်တွေ ဒုတိယအကြိမ် စည်းဝေး

ပါရီ၊ ဖေဖော်ဝါရီ-၂၀-၂၀၂၅ ရတီ(VOM) ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်ပြီး ဥရောပခေါင်းဆောင်တွေရဲ့ ဒုတိယမြောက် အစည်းအဝေကို ပြင်သစ်နိုင်ငံ ကဦးဆောင်ပြီး မနေ့က ထပ်မံပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ပထမအကြိမ်ဆွေးနွေးပွဲ မတင်္ကရောက်ခဲ့တဲ့ နော်ဝေ၊ ဖင်လန်၊ ကနေဒါအပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဘောတစ်နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ယူကရိန်းကို ဆက်လက်ထောက်ပံ့ရေးနဲ့ ဥရောပလုံခြုံရေးအတွက် အစီအမံတွေကို သဘောတူခဲ့တယ်လို့ ပြင်သစ် သမ္မတက ပြောပါတယ်။ ဥရောပနဲ့ အမေရိကန်တို့အကြား ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရည်မှန်းချက်ကတော့ တူညီနေတယ်လို့ သူကဆိုပါတယ်။ ယူကရိန်းအဆက်မပြတ်ပါဝင်မှု၊ ခိုင်မာယုံကြည်ရတဲ့ အာမခံချက်နဲ့ အခြေခံမူတွေနဲ့ ထာ၀ရငြိမ်းချမ်းရေး ရရှိအောင်လုပ်မယ်လိုပ မက်ခရိုက ပြောပါတယ်။ ဥရောပကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်နဲ့ စွမ်းဆောင်ရည်တွေ တိုးမြှင့်ဖို့လိုအပ်ပြီး ဒီအစီအစဉ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို လာမယ့်သီတင်းပတ်တွေအတွင်း ချမှတ်သွားမယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။ လက်ရှိမှာတော့ အမေရိကန်နဲ့ ရုရှားတို့ဟာ ယူကရိန်းစစ်ပွဲ…

Read More
VOM News

FREE
VIEW