ဝါရှင်တန်၊ မတ်-၁၆-၂၀၂၅
မျိုးဆက်(VOM)
ယီမင်အခြေစိုက် ဟူသီသူပုန်တွေကို လေကြောင်းကနေ အကြီးအကျယ်တိုက်ခိုက်မှု စတင်ခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ဟူသီအဖွဲ့ဟာ ပင်လယ်နီမှာ သင်္ဘောတွေကို တိုက်ခိုက်နေပြီး အီရန်ကျောထောက်နောက်ခံပြု အမေရိကန်လေယောဉ်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ မဟာမိတ်တွေကို ဒုံးကြည်တွေနဲ့ တိုက်ခိုက်နေပြီး သူတို့ရဲ့လုပ်ရပ်တွေကြောင့် ဒေါ်လာ ဘီလီယံများစွာ ဆုံးရှုံးပြီး အသက်များစွာ ဆုံးရှုံးနေတယ်လို့ ထရန့်ကပြောပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၅ ယောက်သေဆုံးခဲ့ပြီး ကိုးယောက်ဒဏ်ရာရခဲ့တယ်လို့ ဟူသီအဖွဲ့က ပြောပါတယ်။ ဂါဇာစစ်ပွဲစတင်ကတည်းက ဟားမတ်စ်တို့ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ပင်လယ်နီသင်္ဘောတွေကို တိုက်ခိုက်ခဲ့တဲ့ ဟူသီအဖွဲ့ကတော့ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ ပြောပါတယ်။
ဆော်ဒီအာရေဗျနဲ့ ထိစပ်နေတဲ့ ဆာဒါပြည်နယ်မှာ စနေနေ့ညပိုင်းက ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဟူသီတို့က ဆိုပါတယ်။ ဒီအဖွဲ့ဟာ ဆာနားနဲ့ ယီမင်အနောက်မြောက်ဘက်တို့ကို ထိန်းချုပ်ထားပေမယ့် နိုင်ငံတကာက အစိုးရအဖြစ် အသိအမှတ်ပြုမထားပါဘူး။
ရည်မှန်းချက်တွေ မပြီးမချင်း စွမ်းအားအကုန်သုံးမယ်လို့ ဟူသီတွေကို ထရန့်က သတိပေးထားပါတယ်။ ဟူသီအဖွဲ့ဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တို့မှာ သင်္ဘောဒါဇင်များစွာကို တိုက်ခိုက်ခဲ့ပြီး သင်္ဘောနှစ်စင်း နစ်မြုပ်ခဲ့ပါတယ်။
ဒီလိုတိုက်ခို်ကမှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးရဲ့ ၁၅ ရာခိုင်နှုန်းနီးပါးကို ရှိတဲ့ ပင်လယ်နီရေလမ်းကြောင်းကို အသုံးပြုသွားလာနေတာကို ရှောင်ရှားလာကြကာ အာဖရိကတောင်ပိုင်းကို ဖြတ်သန်းရတဲ့ ပိုရှည်တဲ့ လမ်းကြောင်းကို အသုံးပြုလာကြပါတယ်။
Ref:BBC
Photo:Getty Images