ဆမ်ဆောင်း တွဲဖက်အမှုဆောင်အရာရှိချုပ် နှလုံးရပ်ပြီး ကွယ်လွန်

ဆိုးလ်၊ မတ်-၂၅-၂၀၂၅
ရတီ(VOM)
တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီး ဆမ်ဆောင်းရဲ့ တွဲဖက်အမှုဆောင်အရာရှိချုပ် ဟန်ဂျုံဟီးဟာ မတ် ၂၅ ရက်မှာ နှလုံးရပ်ပြီး ကွယ်လွန်သွားကြောင်း ဆမ်းဆောင်းက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
အသက် ၆၃ နှစ်အရွယ် ဟန်ဂျံဟီးဟာ ဆမ်ဆောင်းလူသုံးကုန် အီလက်ထရွန်းနစ်နဲ့ မိုဘိုင်းလ်ဌာနကို တာဝန်ယူသူဖြစ်ပြီးပြီး သူရဲ့တွဲဖက်အမှုဆောင်အရာရှိချုပ် ဂျန်ယောင်ဟွန်းကတော့ ဆမ်ဆောင်းရဲ့ ချစ်ပ်လုပ်ငန်းကို တာဝန်ယူခဲ့ကြပါတယ်။
သူဟာ ဆေးရုံမှာ နှလုံးရပ်သေဆုံးခဲ့တာဖြစ်ပြီး ဆက်ခံမယ့်သူကို မဆုံးဖြတ်ရသေးဘူးလို့ ဆမ်ဆောင်းကဆိုပါတယ်။ ဟန်ဂျုံဟီးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါးက ဆမ်ဆောင်းအီလက်ထရွန်းနစ်ရဲ့ ရုပ်မြင်သံကြား ထုတ်လုပ်ရေး လုပ်ငန်းမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာတော့ သူဟာ ဆမ်ဆောင်းအီလက်ထရွန်းနစ်ရဲ့ ဒုတိယဥက္ကဌနဲ့ စီအီးအိုဖြစ်လာခဲ့ကာ ကုမ္ပဏီ ဘုတ်အဖွဲ့ဝင်တွေထဲက တယောက်လည်းဖြစ်ပါတယ်။ သူဟာ ဒီကနေမှာ ဆမ်ဆောင်းရဲ့ အိမ်သုံးပစ္စည်း မိတ်ဆက်ပွဲကို တက်ရောက်ဖို့ စီစဉ်ထားတာပါ။
ဆမ်းဆောင်းဟာ ပြီးခဲ့တဲ့နှစ်အတွင်းက အေအိုင်ချစ်ပ်တွေ ထုတ်လုပ်မှုမှာ ပြိုင်ဘက်တွေထွက် စျေးကွက်ကျဆင်းခဲ့ပြီးနောက် မကြာသေးမီကာလတွေမှာ ဝင်ငွေကျဆင်းတာနဲ့ ရှယ်ယာစျေးကျတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါအပြင် စမတ်ဖုန်းရောင်းချမှုမှာလည်း ပြိုင်ဘက် အက်ပဲကုမ္ပဏီက ကျော်တက်ခဲ့ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာလည်း ဟန်ဂျုံဟီးကွယ်လွန်တဲ့ သတင်းကြောင့် ဆမ်ဆောင်းရဲ့ ရှယ်ယာတွေ ကျဆင်းခဲ့ပါတယ်။
Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW