ဂန့်ဂေါနဲ့ ကလေးနယ်ကြားမှာတိုက်ပွဲတွေ ပြန်ဖြစ်လာ

ဧပြီ ၃၀ ၊၂၀၂၅
SP(VOM)
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းနဲဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲတွေ အခုရက်ပိုင်း အတွင်း ပြန်ဖြစ်လာပြီး ကျေးရွာပေါင်း နှစ်ဆယ်ထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကလေးမြို့နယ် မှန်တောရွာခံတွေဆီက သိရပါတယ်။
” ဒီလ ၂၅ ရက်ကစပြီး ဒီကနေ့အထိ ဂန့်ဂေါနဲ့ ကလေးနယ်ကြားမှာ နစကတပ်တွေ နဲ့ CNA လို့ခေါ်တဲ့ ချင်းလက်နက်ကိုင် အဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတယ် အဲ့ဒီ တိုက်ပွဲတွေကြောင့် ကြံသာ ၊တင်သား ၊ဟံသာ၀တီ ၊မှန်တော ၊ရှားဖို ၊ကျောက်ဖူး ၊ဒိုးနွယ် ၊ ဆည်တော အရှေ့စည် ၊မြောက်စည်း စတဲ့ ရွာပေါင်း ၂၀ ကျော်မှာ နေထိုင်နေတဲ့ သူတွေဟာ တိုက်ပွဲတွေနဲ့ ကင်းလွတ်တဲ့နေရာဆီ ထွက်ပြေးတိမ်းရှောင် နေရတယ် ၊ အဲ့ဒီအပြင် တိုက်ပွဲဖြစ်ပွားရင် လေကြောင်းတိုက်ခိုက်မှုတွေ နောက်ဆက်တွဲ ဖြစ်လာတတ်လို့ လေကြောင်းအန္တရာယ်က ကင်း​ေ၀းဖို့ တောတွေ တောင်တွေထဲကို ပြေးရတယ် ၊ဒီနှစ် အတွင်း နှစ်ဆန်းပိုင်းကစလို့ ကလေးမြို့နယ်တောင်ပိုင်းနဲ့ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းကြားမှာ တိုက်ပွဲတွေ မကြာခဏဖော်ခံနေရတယ်၊ တိုက်ပွဲဖြစ်ပြီဆိုရင် အရင်ဆုံး ရွာကနေ ထွက်ပြေးရတယ်”
လို့ ကလေးမြို့နယ် တောင်ပိုင်း ၊ ဒိုးနွယ်ရွာခံ ကိုကြည်လှိုင်က ပြောပါတယ်။
” ကလေးမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်ကြားမှာလမ်းကြောင်းတွေပိတ်ဆို့ထားတယ် အဲ့ဒါကြောင့် အရေးအကြောင်းရှိလို့မဖြစ်မနေသွားရမယ်ဆိုရင် ဂန့်ဂေါကနေ ကလေးမြို့ကို ဟားခါး ဖလမ်း ကနေ တောင်ပေါ်လမ်းအတိုင်း သွားရတယ် အခုအခြေအနေက ဖလမ်းဘက်မှာလဲ တိုက်ပွဲတွေ ရှိသေးတာကြောင့် သွားလာလို့ မရသေးဘူး ” လို့ ဂန့်ဂေါမြို့ခံတယောက်က ပြောပါတယ်။
မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းစပ်ကြားမှာရှိတဲ့ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ လေးနှစ်ကျော် ကာလကစလို့ အခုထိတိုင်အောင် လယ်ယာလုပ်ငန်းတွေ ပြန်မ၀င်နိုင်သေးတာကြောင့် ကျေးရွာ အများစုဟာ စားရေးရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW