စမ်းချောင်းမှာ တိုက်ခန်းပေါ်တက်ပစ္စည်းခိုးတဲ့အမျိုးသမီး လေးလွှာကနေခုန်ချရာမှ ပြုတ်ကျသေဆုံး

ဧပြီ – ၃၀ ၊ ၂၀၂၄
GG (VOM)
ရန်ကုန်၊စမ်းချောင်းမြို့နယ်၊မုန့်လက်ဆောင်းကုန်းရပ်ကွက် ၊ ပြည်သူ့ကွက်သစ် ၁ လမ်းထိပ်က တိုက်ခန်းပေါ် တက်ပြီး ပစ္စည်းခိုးယူတဲ့အမျိုးသမီး တိုက်ပေါ်ကနေခုန်ချစဥ် ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ ဧပြီ ၃၀ ရက်နေ့မနက် ၄ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ပစ္စည်းခိုးယူတဲ့အမျိုးသမီးကို တိုက်ခန်းနေအိမ်ပိုင်ရှင်ကတွေ့ရှိချိန်မှာ ခိုးယူတဲ့အမျိုးသမီးက ထွက်ပြေးပြီး တိုက်ခန်းလေးလွှာရဲ့ နောက်ဖေးပြတင်းပေါက်ကနေခုန်ချခဲ့တာကြောင့် ပြုတ်ကျသေဆုံးသွားတာဖြစ်တယ်လို့သိရပါတယ်။
“ဖြစ်စဥ်က ဖုန်းဝင်ခိုးတယ် ၊လူမိတယ်။အိမ်ရှင်ကမိသွားလို့သူ့ကို ခုန်မချနဲ့ပြောတာကို သူကနောက်ဖေးပြတင်းပေါက်ကနေခုန်ချသွားတာ အဲတာပါပဲ။လေးလွှာကလို့ပြောတယ်။” လို့ မြေပြင်ကူညီရေးသွားရောက်ခဲ့တဲ့ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့ဝင်ကပြောပါတယ်။
တိုက်ပေါ်ကို တက်ပြီး ဖုန်းနဲ့ပစ္စည်းတွေ ခိုးယူခဲ့တဲ့အမျိုးသမီးက အသက် ၄၀ အရွယ်ဝန်းကျင်လောက်ရှိပြီး ရုပ်အလောင်းကို စမ်းချောင်းမြို့နယ်အရန်မီးသတ်တပ်ဖွဲ့က ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေး ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ လစဥ် ပစ္စည်းခိုးယူခြင်းတွေ ၊ နေအိမ်နဲ့ ဆိုင်ခန်းတွေထဲ ဝင်ရောက်လုယက်မှုအပါအဝင် စတဲ့ ဖောက်ထွင်းမှုတွေ ခိုးဆိုးလုယက်မှုတွေအများအပြားရှိနေတယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW