မန္တလေး၊ ဧပြီ – ၃၀ – ၂၀၂၅
SA(VOM)
မန္တလေးမြို့က ရှင်ပြုအလှူပွဲတွေနဲ့ မင်္ဂလာပွဲ အများအပြား ငှားရမ်းပြီး ကျင်းပလေ့ရှိတဲ့ ချမ်းမြသာစည်မြို့နယ်၊ ၈၄ လမ်း ၄၅ လမ်းထောင့် ဘုရားကြီး အနောက် ၄၅တာကွင်း၊ စစ်ကိုင်း – မန္တလေးလမ်းပေါ်ရှိ သာသနာ ၂၅၀၀ အထိန်းအမှတ် ဗိမာန်ကြီးဟာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ပျက်စီးခဲ့ရပါတယ်။
အဲ့ဒီဗိမာန်ကို သာသနာနှစ် ၂၅၀၀ ပြည့်နှစ် အထိမ်းအမှတ်အဖြစ် ၁၉၅၇ ခုနှစ်မှာ မဟာမုနိဂေါပက အဖွဲ့က ဘုရားကြီးဘဏ္ဍာငွေတွေနဲ့ တည်ဆောက်ခဲ့ကြတာဖြစ်ပြီး သာသနာဘွဲ့နှင်းသဘင်များ၊ ရှင်ပြုနားသ ရဟန်းခံ အလှူများ၊ တရားပွဲများ၊ ဗုဒ္ဓစာပေဆိုင်ရာသင်တန်းတွေနဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေကိုသာ အဓိကထား ကျင်းပခဲ့ရာက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ မှာ မဟာမုနိဂေါပကအဖွဲ့က အခမ်းအနားပွဲအမျိုးမျိုးကို ကျင်းပပြုလုပ်ဖို့ ငှားရမ်းနိုင်တယ်လို့ ကြေငြာပြီးနောက်ပိုင်းမှာ အဲ့ဒီအဆောက်အဦကို မတ်လ ၂၈ ရက်နေ့ မတိုင်ခင်အထိ ပွဲအမျိုးမျိုးကျင်းပဖို့ ငှားရမ်းခဲ့တာဖြစ်ပါတယ်။
မတ်လ ၂၈ ရက်နေ့ နေ့လည် ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြောင့် သာသနာ ၂၅၀၀ ဗိမာန်ကြီးဟာ ပျက်စီးခဲ့ပြီး လက်ရှိမှာ ရှင်းလင်းရေးတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။
မှတ်ချက် – ဓာတ်ပုံတချို့ကို မဟာမုနိဂေါပကအဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ကူးယူဖော်ပြထားပါတယ်။