မေ ၅၊ ၂၀၂၅
Shy V (VOM)
မန္တလေး – မြစ်ကြီးနား လမ်းကြောင်းပေါ်က ကွင်းလမ်း လမ်းပိုင်းတွေ ဒီရက်ပိုင်းအတွင်း မိုးရွာလို့ ကားတွေ ခက်ခက်ခဲခဲ သွားနေရကြောင်း ကုန်သည်၊ ယာဉ်မောင်းတွေဆီက သိရပါတယ်။
“ပေကြီး ကွင်းလမ်းထဲမှာ ဒုက္ခ ရောက်နေတယ်။ တရက်၊ နှစ်ရက် လမ်းခြောက်သွားရင်တော့ ပြန်ပွင့်ပါပြီ။” လို့ ကုန်သည် တယောက်က ပြောပါတယ်။
ဒီရက်ပိုင်းတောင် သွားလာရ အရမ်းခက်နေပြီ ဖြစ်တာကြောင့် ကွင်းလမ်းထဲ မိုးတွင်းဆိုရင် မလွယ်ဘူးလို့ သူက ပြောပါတယ်။
ကွင်းလမ်းက ဘယ်လိုမှ အဆင်မပြေနိုင် သလို ကုန်သည်တွေလည်း အဲဒီဘက်က ရောက်မယ့် ကုန် စောင့်နေရတာ စိတ်မောနေရတယ်လို့ ဆိုပါတယ်။
ဒီရက်ပိုင်းထဲ မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်းဖြစ်တဲ့ ပေကြီး – စပယ်နံ့သာ ကွင်းလမ်း မိုးရွာတာကြောင့် အတက်၊ အဆင်း ကားတွေများစွာ ပိတ်မိနေလို့ အဆင်းကားတွေအားလုံး လွှဲဆိပ်မှာ ရပ်နားနေရပြီး အတက်ကားတွေအားလုံးက ပေကြီးကွင်းလမ်းအဝင်မှာ ရပ်နားထားရတယ်လို့ ကုန်တင် ယာဉ်ေမာင်းတွေက ပြောပါတယ်။
“လမ်းကောင်းရှိရက်နဲ့လည်း လမ်းဆိားကနေ သွားရလို့ ထပ်ပြီး အကုန်ခံရတယ်။ ဒီနှစ် မိုးတွင်း ကတော့ငတ်ယုံပဲ။ အင်းတော်ကွင်းလမ်းထက် ဆိုးမှာ။ လမ်းမကြီး မဖွင့်ရင်တော့ ကားတွေတော့ ရပ်ထားရုံပါ့။ မြန်မာပြည် အထက်ပိုင်းတော့ ငတ်ရုံပေါ့။” လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။
ထွန်စက်ဆွဲခက ထွန်စက် တစီးကို ၂၅၀၀၀၀ ပေးရပြီး ၃ စီး ဆိုရင် ၇၅၀၀၀၀ ကုန်ကာ သုံး နေရာလောက် ကားဆွဲရရင် ရတဲ့ ကားခ အကုန် ဘာမှ မကျန်ဘူး လို့ ဆိုပါတယ်။
ဘယ်လမ်း မောင်းမောင်း အခွန်ဆောင်ရတာချင်းအတူတူ နှစ်ဖက်ညှိနိုင်းပြီး ခရီးသွားနဲ့ ကုန်စည် တွေကို မိန်းလမ်း ကနေ ပေးမောင်းသင့်တယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
မန္တလေး – မြစ်ကြီးနား လမ်းမကီ့းရဲ့ တခဖို့ လမ်းပိုင်းမှာတော့ စစ်ရေးတင်းမာနေလို့ လမ်းမကြီးကနေ သွားလို့ မရပဲ ကွင်းသွားနေကြရကြောင်း ကုန်သည်၊ ယာဉ်ေမာင်း ေတွဆီက သိရပါတယ်။
Photo Crd# ဒေသခံ