Over the decades, a growing body of evidence from books, political confessions, and military statements has established Pakistan’s deep and sustained involvement in terrorism, both regionally and globally. The Pakistani state, led by its military and intelligence agencies, has systematically nurtured extremist groups to pursue strategic goals, particularly against India. Over time, direct admissions by Pakistan’s civilian…
Read MoreDay: May 6, 2025
ဖော်ထုတ်ခဲ့သည်- ပါကစ္စတန်နိုင်ငံမှ ကျောထောက်နောက်ခံပြုထားသော အကြမ်းဖက်ဝါဒနှင့် ၎င်း၏နောင်တမရသော ဝန်ခံခြင်းများ
ဆယ်စုနှစ်များစွာကြာလာသည်နှင့်အမျှ စာအုပ်များ၊ နိုင်ငံရေးဝန်ခံချက်များနှင့် စစ်ရေးထုတ်ပြန်ချက်များမှ အထောက်အထားများ တိုးပွားလာကာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုများတွင် ပါကစ္စတန်၏ နက်နဲပြီး စဉ်ဆက်မပြတ်ပါဝင်ပတ်သက်နေမှုကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်း၏စစ်တပ်နှင့် ထောက်လှမ်းရေး အေဂျင်စီများ ဦးဆောင်သည့် ပါကစ္စတန်နိုင်ငံသည် အထူးသဖြင့် အိန္ဒိယကို ဆန့်ကျင်သည့် မဟာဗျူဟာ ပန်းတိုင်များကို အကောင်အထည်ဖော်ရန် အစွန်းရောက်အုပ်စုများကို စနစ်တကျ ပြုစုပျိုးထောင်ပေးခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ၊ ပါကစ္စတန်၏ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများက တိုက်ရိုက်ဝန်ခံ ချက်များသည် ဤဆက်စပ်မှုကို ဖော်ထုတ်ခဲ့ကြသည်။ ဤသုတေသနမှတ်စုသည် ထင်ရှားသောစာအုပ်များနှင့် ဝန်ခံချက်များမှ အရေးကြီးသော အထောက်အထားများကို စုစည်းထားပြီး ပါကစ္စတန်နိုင်ငံမှ ကျောထောက်နောက်ခံပြုထားသော အကြမ်းဖက်ဝါဒကို ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်သုံးသပ်ထားသည်။ ဝန်ခံခြင်းနှင့် ထုတ်ဖော်ချက်များ- ပါကစ္စတန်ခေါင်းဆောင်မှု၏ကိုယ်တိုင်ဝန်ခံမှုများ နိုင်ငံရေးခေါင်းဆောင်မှု…
Read Moreမီးစာတဖက် ရေမှုတ်တဖက်နဲ့ အိမ်နီးချင်း
AT မြန်မာပြည်တွင်း ပဋိပက္ခမှာ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ MNDAA ကိုးကန့်တပ်တွေ လားရှိုးမြို့ကနေ ဆုတ်ခွာပေးလိုက်ရပါတယ်။ တရုတ်နိုင်ငံဟာ အခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာ မလုပ်ဘူးလို့ တရုတ်အစိုးရက အစဉ်အမြဲ ပြောကြားလေ့ရှိပေမယ့် မြန်မာပြည်တွင်း အင်အားစုတွေနဲ့ ပြည်သူတွေကတော့ အဲ့ဒီလို မမြင်ကြပါဘူး။ ကိုးကန့်တပ်တွေကို လားရှိုးကနေ ဆုတ်ခွာစေခဲ့တာဟာ တရုတ်အစိုးရအနေနဲ့ နစကကို အတိအလင်း ထောက်ခံလိုက်တာလို့ ပြောဆိုမှုတွေလည်း ရှိနေတာပါ။ ၁၀၂၇ စစ်ဆင်ရေး တရုတ် ခွင့်ပြုခဲ့သလား ၁၀၂၇ လို့ခေါ်တဲ့ စစ်ဆင်ရေးတရပ်ကို ၂၀၂၃ ခုနှစ် အောက်တိုလာလအတွင်း မြောက်ပိုင်းညီနောင် ၃ဖွဲ့က စတင်ခဲ့ပြီးနောက် နစကနဲ့ တော်လှန်ရေးအဖွဲ့တွေကြား အင်အားချိန်ခွင်လျှာ အတန်ငယ် ပြောင်းလဲလာပါတယ်။ မြောက်ပိုင်းအဖွဲ့တွေဟာ စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက…
Read Moreမန္တလေး – မြစ်ကြီးနား လမ်းပေါ်က လမ်ပိုင်းအချို့မှာ မိုးရွာလို့ ကုန်ကားတွေ ပိတ်မိနေ
မေ ၅၊ ၂၀၂၅ Shy V (VOM) မန္တလေး – မြစ်ကြီးနား လမ်းကြောင်းပေါ်က ကွင်းလမ်း လမ်းပိုင်းတွေ ဒီရက်ပိုင်းအတွင်း မိုးရွာလို့ ကားတွေ ခက်ခက်ခဲခဲ သွားနေရကြောင်း ကုန်သည်၊ ယာဉ်မောင်းတွေဆီက သိရပါတယ်။ “ပေကြီး ကွင်းလမ်းထဲမှာ ဒုက္ခ ရောက်နေတယ်။ တရက်၊ နှစ်ရက် လမ်းခြောက်သွားရင်တော့ ပြန်ပွင့်ပါပြီ။” လို့ ကုန်သည် တယောက်က ပြောပါတယ်။ ဒီရက်ပိုင်းတောင် သွားလာရ အရမ်းခက်နေပြီ ဖြစ်တာကြောင့် ကွင်းလမ်းထဲ မိုးတွင်းဆိုရင် မလွယ်ဘူးလို့ သူက ပြောပါတယ်။ ကွင်းလမ်းက ဘယ်လိုမှ အဆင်မပြေနိုင် သလို ကုန်သည်တွေလည်း အဲဒီဘက်က ရောက်မယ့် ကုန် စောင့်နေရတာ စိတ်မောနေရတယ်လို့ ဆိုပါတယ်။ ဒီရက်ပိုင်းထဲ မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်းဖြစ်တဲ့ ပေကြီး – စပယ်နံ့သာ…
Read Moreအလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း (၆)
ဆူးငှက် ဘာလိုလိုနဲ့ ညနေစောင်းလုပြီ။ ငလျင်အသေးလေးတွေက လှုပ်နေဆဲလို့ ထင်တာပဲ။ ခေါင်းထဲမှာ ရိပ်တိတ်ရိတ်တိတ် မူးနောက်နောက်နဲ့။ ပြန်စဉ်းစားလိုက်တော့ မနက်စာထမင်း မစားရသေးတာလေ။ မြေးလေးက ဆာပြီတဲ့။ ဟုတ်မှာပေါ့ သူကလည်း မနက်က ပေါင်မုန့်ပဲ စားရသေးတာတဲ့။ ဒါနဲ့ လမ်းထိပ်ဆိုင်လေးကပဲ ကြာဆံကြော်၂ပွဲ ဝယ်ပြီး ၄ယောက် မျှစားလိုက်ကြတယ်။ ခဏနေတော့ ဖုန်းလိုင်းတချို့ ဖျပ်ခနဲ ပြန်ရတယ်။ ဇနီးဆီကို ရန်ကုန်က သူ့ညီမတွေက စိတ်ပူလို့ ဖုန်းတောက်လျှောက် ဆက်နေတာတဲ့။ ဒီမှာအန္တရာယ်ကင်းတယ်လို့ ပြန်ပြောရတယ်။ သူတို့ရန်ကုန်လည်း လှုပ်သတဲ့။ သူတို့ဆီမှာ အင်တာနက်လိုင်း ရသေးလို့ ဒီက ငလျင်သတင်းကို ဓာတ်ပုံတွေနဲ့ပါ တွေ့နေရတယ်တဲ့။ စစ်ကိုင်းတံတားကြီး ပြိုသွားပြီလို့ သူတို့က ပြောတယ်။ ကျွန်တော် အံ့အားသင့်သွားတယ်။ ကနဦးသတင်းမို့ ဂျင်းသတင်းပဲ ဖြစ်ပါစေလို့ ဆုတောင်းနေမိပါတယ်။ လမ်းပေါ်မှာ လူတွေများသထက် များလာပြီ။ အိမ်တွေထဲ…
Read Moreတရုတ်နယ်စပ်မှာ ရဲအဖမ်းခံရတဲ့ မြန်မာလုပ်သားတွေ အကြွေးကျန်ရှိရင် ဆပ်ပြီးမှ ပြန်လို့ရ
မေ ၅၊ ၂၀၂၅ Shy V (VOM ) မြန်မာ – တရုတ် နယ်စပ်ဘက် စက်ရုံတွေမှာ အလုပ်လုပ်တဲ့ မြန်မာ လုပ်သားတွေ ရဲ အဖမ်းခံပြီး ပြန်ပေမယ့် အကြွေး ကျန်နေရင် အကြွေး ဆပ်ပြီးမှ ပြန်လို့ရကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။ “အကြွေးရှိတယ် ဆိုရင်တော့ သူတို့ ပိုက်ဆံ ပြန်တောင်းတယ်။ ဖုန်းတွေလည်း ပြန်ပေးတယ်။” လို့ နယ်စပ် ဒေသခံ တယောက်က ပြောပါတယ်။ ကိုယ့်ဘာသာ ရဲ အဖမ်းခံပြီး ပြန်ထွက်ရင်တောင် လုပ်ငန်းရှင်တွေဆီ အကြွေးရှိမရှိ လုပ်ငန်းရှင်တွေနဲ့ ဆက်သွယ်ပြီး အကြွေး ပြန်ဆပ်ခိုင်းတယ်လို့ သူက ပြောပါတယ်။ ခိုးပေါက်ကနေ ဝင်လို့ ပြန်ထွက်ရင် အနည်းဆုံး သုံးလ၊ အများဆုံး ရှစ်လ ထောင်ဒဏ် ကျခံရသေးပြီး ကိုယ်…
Read Moreမုံရွာမှာ ပြန်ပေးဆွဲတဲ့အဖွဲ့က လူခြောက်ယောက် ဖမ်းဆီးရမိ သုံးယောက်သေ ၊ သုံးယောက် အရှင်ဖမ်းမိ
မေ- ၆ -၂၀၂၅ SP(VOM) စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူပြန်ပေးဆွဲတဲ့ အဖွဲတဖွဲ့ကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတ်ုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီစပ်သူတွေဆီက သိရပါတယ် ။ ” ပြန်ပေးဆွဲသမား လူခြောက်ယောက် ဖမ်းဆီးရမိတယ် အဲ့ဒီထဲက သုံးယောက်က အရှင်နဲ့ သုံးယောက် အသေမိခဲ့တာလို့” ၊မြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၄ ရက်နေ့က နေ့လယ် ၁ နာရီ၀န်းကျင်မှာ စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒ၀န်ရပ်ကွက် နယ်မြေအမှတ် ၃ ရပ်ကွက်ရှိ Blue Liquor House ယအရက်ဘီယာဆိုင်မှာ ဆိုင်ပိုင်ရှင် မနိုနိုလွင် အသက် ၃၃ နှစ်နဲ့ သူ့သား မောင်လင်္ကာ ၃ နှစ် သားအမိ နှစ်ယောက်ကို လူသုံးယောက်က သေနတ်ပြ…
Read Moreယူကရိန်း ဒရုန်းတိုက်ခိုက်မှုကြောင့် မော်စကိုရှိ အဓိကလေဆိပ်အားလုံး ပိတ်ထားရ
မော်စကို၊ မေ-၆-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံ မော်စကိုမြို့ကို ပစ်မှတ်ထားပြီး ယူကရိန်းက မောင်းသူမဲ့ လေယာဉ်တွေနဲ့တိုက်ခိုက်မှု ဒုတိယညဆက်တိုက် ပြုလုပ်ခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ မြို့တော်ရှိ အဓိကလေဆိပ်လေးခုစလုံးကို ဘေးကင်းလုံခြုံရေးအတွက် ယာယီပိတ်ထားကြောင်း ရုရှားလေကြာင်း စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ ယူကရိန်းဒရုန်း ၁၉ စင်းကို သူတို့ရဲ့ပစ်မှတ်တွေကို မရောက်ခင် ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ မော်စကို မြို့တော်ဝန်က ပြောပါတယ်။ အပျက်အစီးအချို့ဟာ အဓိကလမ်းမကြီးတွေပေါ် ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားကာ့စ်ဒေသကို ပြီးခဲ့တဲ့နေ့က ကျူးကျော်တိုက်ခိုက်မှုအသစ်တွေ ပြုလု်ပနေတဲ့ ယူကရိန်းတော့ မော်စကိုဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်မပေးပါဘူး။ ကာ့စ်ဒေကို ယူကရိန်းတပ်တွေ ကျူးကျော်တိုက်ခိုက်ပြီးနောက် ကိုးလအကြာမှာ ဒေသတခုလုံးကို ပြန်လည်ထိန်းချူပ်နိုင်ပြီလို့ ရုရှားက ပြောကြားခဲ့ပြီးနောက် မော်စကို ကိုပစ်မှတ်ထားပြီး ဒရုန်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကာ့စ်ဒေသနယ်စပ်မှာလည်း နယ်စပ်ဖြတ်ကျော် စစ်ရေးလှုပ်ရှားမှုတွေရှိတယ်လို့ ယူကရိန်းက အခိုင်အမာဆိုပါတယ်။ ပြီးခဲ့တဲ့နေ့မှာတော့ ယူကရိန်းတပ်တွေဟာ နယ်စပ်ဖြတ်ကျော်…
Read Moreငလျင်ဒဏ်ကနေ ပြန်လည်ထူထောင်ရေးအတွက်နေပြည်တော်မှာ ဆောက်လုပ်ရေးပစ္စည်း ဈေးရောင်းပွဲတော် ကျင်းပမယ်
မေ၆၊၂၀၂၅ Ms(VOM) အင်အားပြင်းငလျင်ကြီး ကြောင့်ပျက်စီးဆုံးရှုံးမှုခံစားခဲ့ရတဲ့ နေပြည်တော် မှာ ပြန်လည်ထူထောင်ရေးအတွက် အသုံးပြုနိုင်ဖို့ဆောက်လုပ်ရေးပစ္စည်း ဈေးရောင်းပွဲတော်ကို ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။ ငလျင် ဒဏ်ခံဒေသအတွင်း ပျက်စီးသွားတဲ့အဆောက်အဦးတွေ ပြန်လည်တည်ဆောက် ပြုပြင်ရေးမှာအသုံးပြုနိုင်ဖို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းပေးမယ့် ဆောက်လုပ်ရေးပစ္စည်း ဈေးရောင်းပွဲတော်ကို လာမယ့် မေ ၁၂ ရက်ကနေ ၂၇ ရက်ထိ နေပြည်တော် တပေါင်းကွင်းမှာ ပြုလုပ်မယ်လို့ဆိုပါတယ်။ ” ငလျင်ကြီး လှုပ်ပြီးတော့ ပျက်စီးဆုံးရှုံးမှုရှိတဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ ဆောက်လုပ်ရေးပစ္စည်းတွေက ရှားပါးတယ်၊ ဈေးကြီးတယ်၊ အဲ့ဒီအတွက်ကြောင့်မို့ သင့်တင့်တဲ့ဈေးနှုန်းနဲ့အလွယ်တကူအဆင်ပြေပြေဝယ်လို့ရအောင်လို့ နေပြည်တော်မှာ ပထမဆုံးအကြိမ် ဆောက်လုပ်ရေးပစ္စည်းဈေးရောင်းပွဲတော်လုပ်မှာပါ။ နှစ်ပတ်ကြာဈေးရောင်းပွဲလုပ်မှာပါ။ မန္တလေးနဲ့စစ်ကိုင်းမှာလည်း လုပ်သွားပေးဖို့အစီစဉ်တွေရှိပါတယ်။ ဒါပေမယ့်ဈေးပွဲတော်ကို တပြိုင်တည်းမြို့တွေမှာလုပ်ရင် ရောင်းချပေးမယ့်ကုမ္ပဏီတွေအနေနဲ့အခက်ခဲရှိမှာဆိုးလို့ နေပြည်တော်မှာ ပထမဆုံး လုပ်တာဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံ သံ နဲ့သံမဏိအသင်း ဥက္ကဋ္ဌ ဒေါက်တာ ကေသီလွင်က…
Read Moreကျားဖြန့်တွေကို ကူညီမှုကြောင့် စောချစ်သူနဲ့ သားနှစ်ယောက်ကို အမေရိကန်အရေးယူပိတ်ဆို့
ဝါရှင်တန်၊ မေ-၆-၂၀၂၅ မျိုးဆက်(VOM) ကရင်အမျိုးသားတပ်မတော်(KNA) ခေါင်းဆောင် စောချစ်သူ၊ သူ့ရဲ့ သားနှစ်ယောက်နဲ့ အဖွဲ့ခေါင်းဆောင်တယောက်တို့ကို လူမှောင်ခိုကူးမှု၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှု၊ ဆိုက်ဘာ လိမ်လည်မှုတွေကို ကူညီဆောင်ရွက်ပေးမှုကြောင့် အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်လို်ကတယ်လို့ အမေရိကန်က ပြောပါတယ်။ စောချစ်သူဦးဆောင်တဲ့ ကရင်အမျိုးသားတပ်မတော်ဟာ ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ရာနေရာကို ကာလရှည်ကြာ ချုပ်ကို်ငထားပြီး သူသားနှစ်ယောက်ဖြစ်တဲ့ စောထူးအယ်မှူးနဲ့ စောချစ်ချစ်တို့လည်း အရေးယူပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းထားတယ်လို့ အမေရိကန်က ဆိုပါတယ်။ KNA စီမံဆောင်ရွက်နေတဲ့ ဆိုက်ဘာလိမ်လည်လုပ်ငန်းတွေဟာ ရာဇဝတ်ဂိုဏ်းနဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ဝင်ငွေ ဒေါ်လာ ဘီလီယံများစွာ ဖန်တီးပေးနေတယ်လို့ ဘဏ္ဍရေးဌာန တာဝန်ရှိသူက ပြောပါတယ်။ အမေရိကန် ဘဏ္ဍာရေးဌာနအနေနဲ့ ဒီလို ရာဇဝတ်ကွန်ရက်တွေကို တားဆီးဖို့နဲ့ ရာဇဝတ်မှုတွေကနေ အကျိုးအမြတ်ရနေသူတွေကို တာဝန်ခံခိုင်းဖို့ ရနို်ငတဲ့ နည်းလမ်းမျိုးစုံအသုံးပြုသွားမယ်လို့ ဆိုပါတယ်။ မကြာသေးမီလတွေအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်…
Read More