မုံရွာမှာ ပြန်ပေးဆွဲတဲ့အဖွဲ့က လူခြောက်ယောက် ဖမ်းဆီးရမိ သုံးယောက်သေ ၊ သုံးယောက် အရှင်ဖမ်းမိ

မေ- ၆ -၂၀၂၅
SP(VOM)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူပြန်ပေးဆွဲတဲ့ အဖွဲတဖွဲ့ကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတ်ုင်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီစပ်သူတွေဆီက သိရပါတယ် ။
” ပြန်ပေးဆွဲသမား လူခြောက်ယောက် ဖမ်းဆီးရမိတယ် အဲ့ဒီထဲက သုံးယောက်က အရှင်နဲ့ သုံးယောက် အသေမိခဲ့တာလို့” ၊မြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၄ ရက်နေ့က နေ့လယ် ၁ နာရီ၀န်းကျင်မှာ စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒ၀န်ရပ်ကွက် နယ်မြေအမှတ် ၃ ရပ်ကွက်ရှိ Blue Liquor House ယအရက်ဘီယာဆိုင်မှာ ဆိုင်ပိုင်ရှင် မနိုနိုလွင် အသက် ၃၃ နှစ်နဲ့ သူ့သား မောင်လင်္ကာ ၃ နှစ် သားအမိ နှစ်ယောက်ကို လူသုံးယောက်က သေနတ်ပြ ခြိမ်းခြောက်ပြီး ပြန်ပေးဆွဲခေါ်ဆောင်သွားတဲ့ ဖြစ်စဥ် ၊ဖြစ်ပွားခဲ့ပါတယ်။
အဲဲ့ဒီနောက် မုံရွာမြို့ပေါ်မှာ လှည့်ကင်းဆောင်ရွက်နေတဲ့ အဖွဲ့က သတင်းသိရစခြင်း ပြန်ပေးဆွဲအဖွဲ့ ထွက်ပြေးရာလမ်းကြောင်းအတိုင်း နောက်ယောင်ခံ လိုက်သွားခဲ့ရာ အဲ့ဒီနေ့ ညနေ ၄ နာရီက ပြန်ပေးဆွဲသမား လူသုံးယောက်ကို ဖမ်းဆီးရမိပြီး ပြန်ပေးဆွဲခံရတဲ့ သားအမိနှစ်ယောက်ကိုလည် အထိအခိုက်မရှိ ပြန်လည်ကယ်တင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
” ပြန်ပေးဆွဲရာမှာ အသုံးပြုတဲ့ လက်နက်ခဲယမ်းတွေနဲ့ အတူ ပြန်ပေးဆွဲတဲ့သူ လူခြောက်ယောက် ဖမ်းဆီးရမိတယ် ၊အဲ့ဒီထဲက လူသုံးယောက်အရှင်မိပြီး ကျန်သုံးယောက်က အသေဖမ်းမိတယ် ” လို့ မြို့နယ်ရဲတပ်ဖွဲ့ နဲ့နီးစပ်သူတယောက်က ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးရမိသူတွေဆီက MA 2 သေနတ် တလက် လက်လုပ် သေနတ် နှစ်လက် ၊ကျည်မျိုးစုံ ၄၆ တောင့်အပြင် လက်ပစ်ဗုံး တလုံးသိမ်းဆီးရမိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာမြို နန္ဒ၀န်ရပ်ကွက်မှာ ကုန်စုံဆိုင် ပြန်ပေးဆွဲခံရပြီး မိန်းကလေးတယောက် ပါသွားခဲ့ပါသေးတယ်။ ဒီလိုကိစ္စတွေကြောင့် မုံရွာက ငွေကြေးတတ်နိုင်သူတွေဟာ ဘေးလွတ်ရာကိုပြောင်းသူ များလာတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW