နယ်ကလူတွေ ပခုက္ကူမြို့ပေါ်ကို အသွားအလာလုပ်ရင် ပကဖ အဖွဲ့တွေဆီ အကြောင်းကြားရမယ်

မေ ၁၅ ၊ ၂၀၂၅
SP (VOM)
မကွေးတိုင်း ပခုက္ကူခရိုင်မှာရှိတဲ့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်က ပြည်သူတွေကို အခုရက်ပိုင်း
ပခုက္ကူမြို့ပေါ်ကို သွားလာခြင်း မပြုလုပ်ကြဖို့ သွားချင်ရင် သက်ဆိုင်ရာ မြို့နယ် ပကဖ(ပြည်သူ့ကာကွယ်ရေး) အဖွဲ့တွေကို အကြောင်းကြားရမယ်လို့ ကန့်သတ်တားမြစ်အမိန့်တွေ ထုတ်ပြန်ထားတဲ့အေကြာင်း ဒေသခံ ရွာသူ ရွာသားတွေဆီက သိရပါတယ်။
” ဘယ်လို အကြောင်းကိစ္စမျိုးနဲ့ဖြစ်ဖြစ် ၊ ပခုက္ကူမြို့ပေါ်ကို သွားမယ်ဆိုရင် ရွာမှာရှိတဲ့ ပကဖ အဖွဲ့တွေဆီကို အကြောင်းကြားပြီမှ သွားရမယ်လို့ အမိန့်ထုတ်ထားတယ် ၊မြို့ကပြန်လာရင်လည်း ပြန်ရောက်​တယ်ဆိုတဲ့အကြောင်း ပကဖ အဖွဲ့တွေဆီ အကြောင်းပြန်ရမယ် ” လို့ မြိုင်နယ် ဒေသခံ တယောက်က ပြောပါတယ် ။
ဒါ့အပြင် ပေါက်မြို့နယ်ဘက်က ကျေးရွာတွေဘက်မှာလည်း အလားတူ အမိန့်တွေထုတ်ပြန်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
အဲ့ဒါကြောင့် အခုရက်ပိုင်းအတွင်းမှာ ပခုက္ကူမြို့ပေါ်မှာ လူသွားလူလာတွေ သိသိသာသာကျဲသွားတယ်လို့ ပခုက္ကူမြို့ခံတွေက ပြောပါတယ် ။
” အခုရက်ပိုင်းမှာ စျေးရောင်း စျေး၀ယ်တွေ အလုပ်မဖြစ်ဘူး ၊ အကြောင်းကတော့ ပခုက္ကူနယ်က လူတွေ မြို့ပေါ်ကို အသွား အလာမရှိသလောက် နည်းသွားတယ် ” လို့ ကုန်စုံဆိုင် လုပ်ငန်းရှင် တယောက်က ပြောပါတယ် ။
ဒါ့အပြင် ပုသိမ် – မုံရွာ ကားလမ်းအနီးရှိ ရွာတွေဘက်မှာလည်း ပခုက္ကူမြို့ပေါ်ကို မသွားရဘူးလို့ ပကဖ ကအမိန့်ကြေညာထားတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းအတွင်းမှာ ပေါက်၊ မြိုင်မြို့နယ်နဲ့ ရေစကြို မြို့နယ်ဘက်မှာ နစက စစ်ကြောင်းအဖွဲ့တွေနဲ့ ဒေသခံ PDF အဖွဲ့တွေကြား ပစ်ခတ်မှုတွေ မကြာခဏ ရှိတယ်လို့ သိရပါတယ်။\

Related posts

Leave a Comment

VOM News

FREE
VIEW