မေ ၁၅၊ ၂၀၂၅ Shy V (VOM) လားရှိုးမှာ ဓားပြမှုကျူးလွန်နေသူတွေထဲမှာ ပြည်သူ့စစ် လုပ်ဖူးသူတွေ၊ ကိုးကန့် ဆီမှာ လုံခြုံရေး လုပ်ဖူးသူတွေ ပါဝင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ” အရင်က လုံခြုံရေး ဝန်ထမ်း တချို့က လက်နက်မအပ်ပဲ ဓားပြတိုက်နေတာရှိတယ် ။ စစ်တပ်က ရှာနေတာ အခုထိ မတွေ့သေးဘူး။” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။ MNDAA ထိန်းချုပ် တုန်းက ရပ်ကွက်ထဲက လူမိုက်တွေကို ထိန်းရခက်လို့ လုံခြုံရေးခန့်ထားတာမှာ တချို့က လက်နက်တွေ ပြန်မအပ်တာ ရှိသလို လက်နက်တွေ ပြန် လိုက်မသိမ်းနိုင်တာလည်း ရှိတယ်လို့ သူက ပြောပါတယ်။ “သူခိုးကြီးတော့ ဓားပြ ဖြစ်တာပဲ။ အရင်ကတည်းက သူခိုးတွေလေ။ သေနတ်တလက်ရယ်၊ လက်ပစ် ဗုံး နှစ်လုံးရယ်နဲ့…
Read MoreDay: May 15, 2025
ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်တွေ ဘဝ ဘယ်သူစာနာပါ့မလဲ
AT ၂၀၂၁ ဖေဖေါ်ဝါရီ ၁ရက် နစက ပေါ်ပေါက်လာပြီးတဲ့နောက် NLD ပါတီရဲ့ သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်က ပါတီခေါင်းဆောင်ကိုယ်တိုင်ပြောကြားချက်ဆိုပြီး ဝန်ထမ်းတွေ Civil Disobedience Movementမှာ ပါဝင်သင့်ကြောင်း သတင်းဌာနတွေကို ပြောကြားပြီးနောက် ၃ရက်အကြာမှာ သူလည်း ဖမ်းဆီးခံလိုက်ရပါတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်ကလည်း “အရေးအကြီးဆုံးက တကယ်ကတော့ CDM နော်။ ဝန်ထမ်းတွေ အလုပ်မဆင်းရေးပဲ။ ဒီရက်သတ္တပတ်က အရေးအကြီးဆုံးပဲ။ ဒါ အဆုံးအဖြတ်ပေးမှာ” လို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောခဲ့ပါတယ်။ အဲ့ဒီလို ပြောခဲ့ပေမယ့် CDM လှုပ်ရှားမှု ၄ နှစ်ကျော်ကာလကို ရောက်လာချိန်အထိ အဆုံးအဖြတ် ကို မရောက်သေးတဲ့အပြင် ဝန်ထမ်းတွေရဲ့…
Read Moreနိုင်ငံရေး အကျဥ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်
မေ ၁၄၊ ၂၀၂၅ Shy V (VOM ) နိုင်ငံရေးအကျဥ်းသားဟောင်း ဒေါက်တာနေဝင်းဟာ ဒီနေ့ မေလ ၁၄ ရက် ရက်နေ့မနက် အစောပိုင်း ၂ နာရီခွဲခန့်က ကွယ်လွန်းသွားကြောင်း နိုင်ငံေရးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။ “အဆုပ်ထဲရေဝင်တယ်တဲ့။ သူက အသွေးလွတ် အသားလွတ် သတ်သတ်လွတ်စားနေတာ ဆယ်စုနှစ်ကျော်ဆိုတော့ ကိုယ်ခံအားနည်းတာ၊ ထောင်ထဲဒဏ်တွေနဲ့ဆိုတော့ ခံနိုင်ရည်ကျနေတာ။ ဒီနေ့ ၁၄.၅.၂၀၂၅ မနက် အစောကြီး ၂နာရီခွဲ အချိန်လောက်မှာဆုံးတာ။” လို့ ဒေါက်တာနေဝင်း နဲ့ ရင်းနှီးနဲ့နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်က ပြောပါတယ်။ ဒေါက်တာနေဝင်းဟာ အသက် ၇၀ ဝန်းကျင်အရွယ် ရှိပြီ ဖြစ်ပြီး လက်ရှိ အင်းစိန်မှာ တယောက်တည်း နေတာလို့ သူက ပြောပါတယ်။ သမီးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်ဟောင်း…
Read Moreလားရှိုးမှာ လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲ တော့မည်
မေ ၁၄၊ ၂၀၂၅ Shy V (VOM ) နစက ပြန်လည်ထိန်းချုပ်လိုက်တဲ့ လားရှိုးမြို့မှာ အခု မေလကုန်ပိုင်းလောက် ကစပြီး လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲတော့မှာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “လေယာဉ်ကွင်း သန့်ရှင်းရေး လုပ်နေတာတွေ့တယ်။ လေယာဉ်က ဆင်းရင် ထွက်လာရတဲ့ အဆောင် အမိုးတွေလည်း ထိထားတယ်။ ပြီးရင် ပြေးလမ်းမှာလည်း အကြီးကြီး ထိထားတယ်။ လကုန်ရင်ဖွင့်မယ်တော့ ပြောတယ်။ သေချာ မသေချာတော့ အတတ်မသိဘူး။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ အဆောက်အဦးနဲ့ ပြေးလမ်းတွေ အတော်ပြုပြင်ရမှာတွေနဲ့ဆိုတော့ လွယ်တော့ မလွယ်လောက်ဘူးလို့ သူက ပြောပါတယ်။ လာမယ့် မေ ၂၂ ရက်မှာ ပြန်ဖွင့်မယ်လို့ သတင်းတွေ ထွက်နေပြီး လက်မှတ်တွေတော့ အွန်လိုင်းမှာ ဝယ်လို့ရပြီလို့ သိရေပမယ့် ဖွင့်နိုင်၊…
Read Moreအလယ်ကျောရိုးက ကာလနဂါးကြီး နိုးထခြင်း ၁၆
ဆူးငှက် မန္တလေးကို နှောင်းလူတို့ မသိကြတော့တာ မင်းတုန်းမင်းကြီး မူလတည်စဉ်က ဖွဲ့စည်း သတ်မှတ်ခဲ့တဲ့ ရပ်ကွက်ကြီး ၅၄ကွက် အမည်တွေလည်း ပါတယ်။ ကိုယ်နေထိုင်တဲ့ ရပ်ကွက်က ဟေမာဇလ၊ သီရိဟေမာ၊ မဟာဇေယျာဘုံ၊ ရွှေဘုန်းရှိန်စတဲ့ နံမည်တွေ မသိကြတော့ဘူး။ ၁၉၉၀နောက်ပိုင်းမှ မွေးပြီး အခုအသက်၂၀ကျော် လူငယ်လေးတွေဆို မူလဈေးချိုရုံကြီး ၁၂ရုံကို မသိဘူး။ မီဒီယာက စီနီယာသတင်းထောက်မလေးကို ကျွန်တော်က ဈေးချို အဟောင်းအကြောင်း ပြောတော့ နာရီစင်နားက ၆ထပ်ရုံကို ဈေးချိုအဟောင်း၊ တောင်ဘက် ၂၅ထပ်ကွန်ဒိုအောက်က မန်းမြန်မာပလာဇာကို ဈေးချိုအသစ်လို့ပဲ သိတာတဲ့။ အရင်က အေက စပြီး အယ်လ်မှာ ဆုံးတဲ့ ဂန္ထဝင်ဈေးချိုကို မသိတော့ဘူး။ ဒီလိုပါပဲ။ အေလမ်း ဘီလမ်း စီလမ်း ဒီလမ်းတွေလည်း မသိဘူး။ ၃၅ အေလမ်းဆိုတော့ ၃၅ ဘီလမ်းက ဘယ်လမ်းလဲ၊ ၂၆ဘီလမ်းဆိုတော့…
Read MoreKIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ကွယ်လွန်
မေ ၁၅၊ ၂၀၂၅ Shy V (VOM) KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ဒီနေ့ မေလ ၁၅ ရက်နေ့ မနက် ၇ နာရီ ၁၅ မိနစ်မှာ ကွယ်လွန် သွားကြောင်း KIA အသိုင်းအဝိုင်းဆီက သိရပါတယ်။ “အသက်ကြီးပြီ။ လိုင်ဇာက သူ့နေအိမ်မှာပဲ ကွယ်လွန်သွားတာ။” လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ အသက် ၈၇ နှစ် ရှိပြီဖြစ်တဲ့ KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ဟာ ကာလကြာရှည်စွာ နာမကျန်းဖြစ်တာကြောင့် ဆုံးပါးသွားတာလို့ သူက ပြောပါတယ်။ KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ၂၀၀၆ ခုနှစ် ဇူလိုင်လ ကနေ ၂၀၁၇ ဒီဇင်ဘာလ အထိ KIO/KIA ဥက္ကဌ နေရာမှာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း…
Read Moreရန်ကုန်သားတွေ ငလျင်အတွက် ဘယ်လိုကြိုပြင်ထားလဲ
SS (VOM) လူဦးရေ ထူထပ်လှတဲ့ ရန်ကုန်မြို့မှာ အရည်အသွေး မပြည့်ဝတဲ့ အဆောက်အအုံ များစွာ ရှိနေတာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ငလျင်ကြီးတခု လှုပ်ခတ်လာပါက ထိခိုက်သေဆုံးမှု များပြားမယ့်အရေးကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ ရန်ကုန်ဟာ မြန်မာနိုင်ငံမှာ မြေငလျင်အန္တရာယ်ရှိတဲ့ မြို့တွေထဲက တမြို့ဖြစ်ပါတယ်။ နှစ်ပေါင်းအတော်ကြာ ငြိမ်သက်နေခဲ့တဲ့ ငလျင်ကြောင့် ရန်ကုန်မြို့မှာ ငလျင်လှုပ်မှာကို ပညာရှင်တွေက စိုးရိမ်တကြီး စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ မြေငလျင်အန္တရာယ် အကြီးမားဆုံး နိုင်ငံတွေစာရင်းမှာ ပါဝင်နေပြီး ပမာဏကြီးမားတဲ့ အဓိက မြေငလျင်ကြောကြီး ငါးခု ရှိပါတယ်။ ဒါအပြင် မကြာခဏ လှုပ်ရှားနေတဲ့ ပြတ်ရွေ့ကြော များစွာလည်း ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံဟာ ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေတဲ့ အဓိက သက်ရှင် ပြတ်ရွေ့ကြီးတွေ တည်ရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ အဲဒီ…
Read Moreမာလီမှာ အာဏာသိမ်းပြီး သဘောကွဲလွဲမှုပိုဆိုးလာတယ်ဆိုကာ နိုင်ငံရေးပါတီအားလုံးကို စစ်အစိုးရ ဖျက်သိမ်း
ဘာမာကို၊ မေ-၁၅-၂၀၂၅ ရတီ(VOM) မာလီနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သဘောထားကွဲလွဲမှုတွေ ပိုမိုကြီးထွားလာတာကြောင့် နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီအားလုံးကို မာလီစစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ စည်းဝေးပွဲတွေအားလုံးကို နိုင်ငံတော်ပိုင်နက်အတွင်း ဖျက်သိမ်းလိုက်တယ်လို့ သမ္မတအမိန့်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ဖော်ပြခဲ့ပါတယ်။ ဒီလိုပိတ်ပင်မှုဟာ ဒီမိုကရေစီစနစ်နဲ့ အရပ်သားအုပ်ချုပ်ရေးကို တောင်းဆိုနေတဲ့ နိုင်ငံရေးပါတီတွေရဲ့ တင်းမာတဲ့ သဘောထားနဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တို့မှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ မာလီမှာ ရွေးကောက်ပွဲလုပ်မယ်လို့ အာဏာပိုင်တွေက ကတိကဝတ်ပြုထားပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင် Assimi Goïta ဟာ နောက်ထပ်ငါးနှစ်ကြာ အာဏာကိုင်ဆွဲထားဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ နှစ်ကလည်း အာဏာပိုင်တွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပါတယ်။ စစ်အစိုးက ကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကို အတိုက်အခံခေါင်းဆောင်တွေက သပိတ်မှောက်ခဲ့ကြပေမယ့် အာဏာသိမ်းခေါင်းဆောင်ကတော့ ၂၀၃၀ ခုနှစ်ထိ…
Read Moreနယ်ကလူတွေ ပခုက္ကူမြို့ပေါ်ကို အသွားအလာလုပ်ရင် ပကဖ အဖွဲ့တွေဆီ အကြောင်းကြားရမယ်
မေ ၁၅ ၊ ၂၀၂၅ SP (VOM) မကွေးတိုင်း ပခုက္ကူခရိုင်မှာရှိတဲ့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်က ပြည်သူတွေကို အခုရက်ပိုင်း ပခုက္ကူမြို့ပေါ်ကို သွားလာခြင်း မပြုလုပ်ကြဖို့ သွားချင်ရင် သက်ဆိုင်ရာ မြို့နယ် ပကဖ(ပြည်သူ့ကာကွယ်ရေး) အဖွဲ့တွေကို အကြောင်းကြားရမယ်လို့ ကန့်သတ်တားမြစ်အမိန့်တွေ ထုတ်ပြန်ထားတဲ့အေကြာင်း ဒေသခံ ရွာသူ ရွာသားတွေဆီက သိရပါတယ်။ ” ဘယ်လို အကြောင်းကိစ္စမျိုးနဲ့ဖြစ်ဖြစ် ၊ ပခုက္ကူမြို့ပေါ်ကို သွားမယ်ဆိုရင် ရွာမှာရှိတဲ့ ပကဖ အဖွဲ့တွေဆီကို အကြောင်းကြားပြီမှ သွားရမယ်လို့ အမိန့်ထုတ်ထားတယ် ၊မြို့ကပြန်လာရင်လည်း ပြန်ရောက်တယ်ဆိုတဲ့အကြောင်း ပကဖ အဖွဲ့တွေဆီ အကြောင်းပြန်ရမယ် ” လို့ မြိုင်နယ် ဒေသခံ တယောက်က ပြောပါတယ် ။ ဒါ့အပြင် ပေါက်မြို့နယ်ဘက်က ကျေးရွာတွေဘက်မှာလည်း အလားတူ အမိန့်တွေထုတ်ပြန်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ အဲ့ဒါကြောင့်…
Read More