မေ ၁၅၊ ၂၀၂၅
Shy V (VOM)
KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ဒီနေ့ မေလ ၁၅ ရက်နေ့ မနက် ၇ နာရီ ၁၅ မိနစ်မှာ ကွယ်လွန် သွားကြောင်း KIA အသိုင်းအဝိုင်းဆီက သိရပါတယ်။
“အသက်ကြီးပြီ။ လိုင်ဇာက သူ့နေအိမ်မှာပဲ ကွယ်လွန်သွားတာ။” လို့ KIA နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
အသက် ၈၇ နှစ် ရှိပြီဖြစ်တဲ့ KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ဟာ ကာလကြာရှည်စွာ နာမကျန်းဖြစ်တာကြောင့် ဆုံးပါးသွားတာလို့ သူက ပြောပါတယ်။
KIO/KIA ဥက္ကဌဟောင်း ဦးလညော်ဇောင်းဟရား ၂၀၀၆ ခုနှစ် ဇူလိုင်လ ကနေ ၂၀၁၇ ဒီဇင်ဘာလ အထိ KIO/KIA ဥက္ကဌ နေရာမှာ တာဝန်ထမ်းဆောင်ခဲ့ကြောင်း KIA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
၁၉၆၀ မှာ ရန်ကုန်တက္ကသိုလ် ကနေ ဘွဲ့ ရရှိခဲ့ပြီး ၁၉၆၄ ခုနှစ်မှာ KIA တပ်ဖွဲ့ထဲ စတင် ဝင်ရောက် တာဝန်ထမ်းဆောင် ခဲ့ကြောင်း သိရပါတယ်။
Photo Crd# ဒေသခံ