မေ ၁၅၊ ၂၀၂၅
Shy V (VOM)
လားရှိုးမှာ ဓားပြမှုကျူးလွန်နေသူတွေထဲမှာ ပြည်သူ့စစ် လုပ်ဖူးသူတွေ၊ ကိုးကန့် ဆီမှာ လုံခြုံရေး လုပ်ဖူးသူတွေ ပါဝင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
” အရင်က လုံခြုံရေး ဝန်ထမ်း တချို့က လက်နက်မအပ်ပဲ ဓားပြတိုက်နေတာရှိတယ် ။ စစ်တပ်က ရှာနေတာ အခုထိ မတွေ့သေးဘူး။” လို့ ဒေသခံ လူငယ် တယောက်က ပြောပါတယ်။
MNDAA ထိန်းချုပ် တုန်းက ရပ်ကွက်ထဲက လူမိုက်တွေကို ထိန်းရခက်လို့ လုံခြုံရေးခန့်ထားတာမှာ တချို့က လက်နက်တွေ ပြန်မအပ်တာ ရှိသလို လက်နက်တွေ ပြန် လိုက်မသိမ်းနိုင်တာလည်း ရှိတယ်လို့ သူက ပြောပါတယ်။
“သူခိုးကြီးတော့ ဓားပြ ဖြစ်တာပဲ။ အရင်ကတည်းက သူခိုးတွေလေ။ သေနတ်တလက်ရယ်၊ လက်ပစ် ဗုံး နှစ်လုံးရယ်နဲ့ လုပ်စားနေတာ။ နာမည် ပေါက်နေတာပဲ ဖမ်းမမိဘူး။ ပြည်သူ့စစ်တွေ ပါတယ်။ အခုလည်း လုံ/ထိန်းက သူခိုးတွေကိုပဲ ခန့်ထားခဲ့တာကိုး။” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပြပါတယ်။
သပ်သပ်ရပ်ရပ်ဝတ်ထားပြီး အုပ်စုလိုက် မတ်တူး ကားနဲ့ လူစည်ရာ လမ်ူမပေါ်မှာတောင် သေနတ်ထောက် လုယက်နေကြတာလို့ သူက ပြောပါတယ်။
နေ့တိုင်း လုယက်၊ ဓားပြတိုက်တာတွေရှိနေတာတောင် သက်ဆိုင်ရာက အရေးမလုပ်တာကြောင့် အာဏာပိုင်တွေအပေါ် ဒေသခံတွေက ဝေဖန်မှုတွေရှိနေပါတယ်။
လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဖွဲ့က နစက တပ်ဖွဲ့ဆီ လွဲပြောင်းပေးချိန် လာရှိုးထောင်က စစ်သုံ့ပန်းတွေကလွဲလို့ တခြားပြစ်မှုမျိုးစုံ ကျူးလွန်ခဲ့လို့ အကျဉ်းချ ခံထားရသူတွေကို ထောင်ခါ လွှတ်ပေးခဲ့ပါတယ်။
Photo Crd# ဒေသခံ