နိုင်ငံရေး အကျဥ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်

မေ ၁၄၊ ၂‌‌၀၂၅
Shy V (VOM )
နိုင်ငံရေးအကျဥ်းသားဟောင်း ဒေါက်တာနေဝင်းဟာ ဒီနေ့ မေလ ၁၄ ရက် ရက်နေ့မနက် အစောပိုင်း ၂ နာရီခွဲခန့်က ကွယ်လွန်းသွားကြောင်း နိုင်ငံေရးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။
“အဆုပ်ထဲရေဝင်တယ်တဲ့။ သူက အသွေးလွတ် အသားလွတ် သတ်သတ်လွတ်စားနေတာ ဆယ်စုနှစ်ကျော်ဆိုတော့ ကိုယ်ခံအားနည်းတာ၊ ထောင်ထဲဒဏ်တွေနဲ့ဆိုတော့ ခံနိုင်ရည်ကျနေတာ။ ဒီနေ့ ၁၄.၅.၂၀၂၅ မနက် အစောကြီး ၂နာရီခွဲ အချိန်လောက်မှာဆုံးတာ။” လို့ ဒေါက်တာနေဝင်း နဲ့ ရင်းနှီးနဲ့နိုင်ငံရေး အကျဉ်းသားဟောင်း တယောက်က ပြောပါတယ်။
ဒေါက်တာနေဝင်းဟာ အသက် ၇၀ ဝန်းကျင်အရွယ် ရှိပြီ ဖြစ်ပြီး လက်ရှိ အင်းစိန်မှာ တယောက်တည်း နေတာလို့ သူက ပြောပါတယ်။ သမီးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ခေါင်းဆောင်ဟောင်း မဖြိုးဖြိုးအောင်ဟာ တိမ်းရှောင်နေရသူဖြစ်ပြီး သားမက်ဖြစ်သူကိုဂျိမ်းဟာလည်း အင်းစိန်ထောင်မှာ ထောင်ဒဏ်ကျခံနေရပါတယ်။
“မသေခင် တနေ့ကတော့ အမှတ်တရ ပြောဖြစ်တာ သူ့အဖေနံမည်က ဦးအောင်ခင်တဲ့။ မှတ်ပုံတင်မှာရှိတဲ့နံမည်ပါ။ အရပ်ထဲမှာ သူ့အဖေရဲ့ နံမည်က ဦးရန်ရှင်း ဆိုမှသိကြတာပါ။ တကယ်က သူကသူဌေးသားပါ။ အနေအထိုင်ရိုးရှင်းပြီး တဖက်သားကို အမြဲကူညီတတ်တယ်။ အသောက်အစားအပျော်အပါးကင်းရှင်းတယ်” လို့ သူက ‌ရှင်းပြပါတယ်။
ဒေါက်တာနေဝင်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ယူဂျီဆိုတော့ တရုတ်ပြည်မှာ အပ်စိုက်ပညာသင်လာခဲ့ပြီး ပြည်တွင်းမှာတော့ သူကုသလို့ လေဖြတ်နေတဲ့သူတွေ အတော်များများကောင်းသွားကြတယ်လို့လည်း သူက ပြောပြပါတယ်။
ဒေါက်တာနေဝင်းဟာ ဆရာဝန်၊ နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ပထမအကြိမ် ၁၉၈၉ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ နိုင်ငံရေးမှုနဲ့ ထောင်ချခံခဲ့ရပါတယ်။
ဒုတိယအကြိမ် နာဂစ်မုန်တိုင်း အပြီးမှာ မုန်တိုင်းကြောင့် ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းေတွကို သဂြိုဟ်ဖို့ ဆောင်ရွက်ခဲ့တာမှာ အဖွဲ့အစည်းဖွဲ့မှုကြောင့် မတရားသင်းဖွဲ့စည်းမှု အက်ဥပဒေနဲ့ နအဖအစိုးရက ဖမ်းဆီးခဲ့ကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ ပေမယ့် ၂ နှစ် နဲ့ ၇ လ ထောင်ကျခဲ့ရသူဖြစ်ပါတယ်။
Photo Crd# ဦးလွင်

Related posts

Leave a Comment

VOM News

FREE
VIEW