မေ ၁၄၊ ၂၀၂၅
Shy V (VOM )
နစက ပြန်လည်ထိန်းချုပ်လိုက်တဲ့ လားရှိုးမြို့မှာ အခု မေလကုန်ပိုင်းလောက် ကစပြီး လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲတော့မှာ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“လေယာဉ်ကွင်း သန့်ရှင်းရေး လုပ်နေတာတွေ့တယ်။ လေယာဉ်က ဆင်းရင် ထွက်လာရတဲ့ အဆောင် အမိုးတွေလည်း ထိထားတယ်။ ပြီးရင် ပြေးလမ်းမှာလည်း အကြီးကြီး ထိထားတယ်။ လကုန်ရင်ဖွင့်မယ်တော့ ပြောတယ်။ သေချာ မသေချာတော့ အတတ်မသိဘူး။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
အဆောက်အဦးနဲ့ ပြေးလမ်းတွေ အတော်ပြုပြင်ရမှာတွေနဲ့ဆိုတော့ လွယ်တော့ မလွယ်လောက်ဘူးလို့ သူက ပြောပါတယ်။
လာမယ့် မေ ၂၂ ရက်မှာ ပြန်ဖွင့်မယ်လို့ သတင်းတွေ ထွက်နေပြီး လက်မှတ်တွေတော့ အွန်လိုင်းမှာ ဝယ်လို့ရပြီလို့ သိရေပမယ့် ဖွင့်နိုင်၊ မဖွင့်နိုင် သေချာမသိရသေးကြောင်း နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။
လားရှိုးကနေ မန္တလေးနဲ့ ရန်ကုန်ကို မေလ ၂၂၊ ၂၃၊ ၂၄ ရက်တွေမှာ လားရှိုး – မန္တလေး တယောက် ကျပ် ၃၃၉,၀၀၀၊ လားရှိုး – ရန်ကုန် ကျပ် ၅၉၅,၀၀၀ ရောင်း နေတာတွေတွေ့ရတယ်လို့ သူက ပြောပါတယ်။
အွန်လိုင်းကနေ လေယာဉ် လက်မှတ်ရောင်းတာတွေက ကိုယ်သိကျွမ်းတဲ့ သူမဟုတ်ရင် သတိထားသင့်တယ်လို့ ဆိုပါတယ်။
လားရှိုး အခြေအနေကို လေ့လာစောင့်ကြည့် နေသူက “ဘယ် အဲလောက် လွယ်မလဲ။ ၁၀၇ မမ ထိထားတာတွေ၊ လက်နက်ကြီး ထိထားတာတွေ၊ drop bomb ထိထားတာတွေ၊ နောက် လျှပ်စစ်မီးပေးစနစ်တွေ။ လမ်းညွှန် မျှော်စင်ရဲ့ ထိမ်းသိမ်းရေး စင်တာ ရဲ့ ပစ္စည်းတွေ ပြန်တပ်ဖို့ကိုက ရက်ပိုင်းနဲ့ ရမယ် ထင်နေကြတာနေမယ်” လို့ သူက ပြောပါတယ်။
လားရှိုး လေကြောင်းလိုင်း စဖွင့်မယ်ပြောနေကြတာ ခက်တာက လောလောဆယ် လေကြောင်းလိုင်း မရှိဘူးလို့ သူက ပြောပါတယ်။
နစက က တရုတ်ကြားဝင်မှုနဲ့ လားရှိုးမြို့ကို ပြန်ရပြီး တလနီးပါးအကြာမှာ လေဆိပ်ပြန်ဖွင့်ဖို့ စီစဉ်လာတာတွေ့ရပါတယ်။
MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေရဲ့ မြို့သိမ်း တိုက်ပွဲကြောင်း လားရှိုးလေကြောင်း ခရီးစဉ်တွေကို ၂၀၂၄ ခုနှစ် ဇူလိုင်လ လဆန်းပိုင်းကစ ရပ်နားခဲ့တာဖြစ်ပါတယ်။
အစိုးရဘက်ကတော့ လားရှိုး လေဆိပ် ပြန်လည်ဖွင့်လှစ်မယ့်အကြောင်းနဲ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားတာမျိုးတော့ မတွေ့ရသေးပါဘူး။
Photo Crd# ထက်