သိန္နီ – ကွမ်းလုံလမ်း နမ့်စလပ်ရွာမှာ နေထိုင်ခွင့် လက်မှတ် မရှိသူတွေကို MNDAA ဖမ်းဆီး၊ သတိပေး

ဇူလိုင် ၁၄၊ ၂၀၂၅ Shy V(VOM) ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီ – ကွမ်းလုံ လမ်း နမ့်စလပ်ရွာမှာ ဇူလိုင်လ ၁၂ ရက်နေ့ ကစ နေထိုင်ခွင့် လက်မှတ် မရှိသူတွေကို ဖမ်းဆီးတာတွေ၊ သတိပေး ပြောလာတာတွေ ရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “နမ့်စလပ်မှာ ကိုးကန့် MNDAA ရဲတွေ ဇူလိုင်လ ၁၂ ရက်နေ့က အိမ်တွေထဲမှာရော ဆိုင်တွေထဲမှာရော ရှောင်တခင် ဝင်စစ်တယ်။ နေထိုင်ခွင့် ကတ် မရှိသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ကပြာပါတယ်။ တချို့ နေအိမ်တွေမှာတော့ နောက်တကြိမ် လာစစ်လို့မှ နေထိုင်ခွင့် လက်မှတ် မရှိရင် ဖမ်းဆီးသွားမှာ ဖြစ်တယ်လို့ သတိပေး ပြောသွားခဲ့တယ်လို့သူက ပြောပါတယ်။ “ကိုးကန့် ထိန်းချုပ်…

Read More

ဒီမောဆိုနဲ့ မော်ချီးဒေသ လေကြောင်းတိုက်ခိုက်မှု ခုနှစ်ယောက်သေပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရ

ဇူလိုင် ၁၄ ၊ ၂၀၂၅ GG(VOM) ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်နဲ့ ဖားဆောင်းမြို့နယ်ရှိ မော်ချီးဒေသမှာ ဒီနေ့တရက်တည်း လေကြောင်းနှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး လူခုနှစ်ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူဆယ်ယောက်ထက်မနည်းရှိခဲ့တယ်လို့ ကနဦးသတင်းအရသိရပါတယ်။ မော်ချီးဒေသလေကြောင်းတိုက်ခိုက်ခံရမှုက နေ့လယ် ၂ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး စက်ဆရာအကွေ့လမ်းနဲ့ ရတနာအောင်မြေရပ်ကွက် အနီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ မော်ချီးလေကြောင်းတိုက်ခိုက်ခံရမှုမှာ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရ သူတွေရှိခဲ့ပြီး နေအိမ်အဆောက်အဦးထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ ” အခုသိရတာမော်ချီးက ခုနှစ်​ယောက်သေပြီး ဒဏ်ရာရသူတွေလည်းများတယ်သိရတယ်။ဗုံးက ရပ်ကွက်ထဲနဲ့ လမ်းပေါ်တလုံးစီကျတာလို့လောလောဆယ်အဲလောက်ပဲ သိရသေး တယ်။မနက်ကဒီမောဆိုဘက်ကတော့ လူသေတာမရှိဘူး ။ခုမော်ချီးမှာသာ သေဆုံးရှိတာပါ။ဒဏ်ရာရကလည်း မော်ချီကများတယ်။ ” လို့ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။ ဒီမောဆိုမြို့နယ် အနောက်ခြမ်းကိုတော့ ဒီနေ့ မနက် ၁ နာရီလောက်မှာ လေကြောင်းတိုက် ခိုက်ခံခဲ့ရတာဖြစ်ပြီး လူနှသ်ယောက်ထိခိုက်ဒဏ်ရာရရှိကာ အဆောက်အဦးအချို့ ထိခိုက်ပျက်စီး မှုရှိခဲ့တယ်လို့သိရပါတယ်။ ဇူလိုင် ၉ ရက်နေ့ ညကလည်း…

Read More

ဂါဇာမှာ သောက်ရေယူဖို့စောင့်နေတဲ့ လူအုပ်ကို အစ္စရေးက ဒုံးကျည်နဲ့ မှားပစ်မိလို့ ကလေးတွေအပါအဝင် လူ ၁၀ ယောက်သေ

ဂါဇာစီးတီး၊ ဇူလိုင်-၁၄-၂၀၂၅ ရတီ(VOM) ဂါဇာအလယ်ပိုင်းမှာ သောက်သုံးရေရယူဖို့ စောင့်ဆိုင်းနေသူတွေကို အစ္စရေးက မှားယွင်းပစ်ခတ်ခဲ့လို့ ကလေးငယ် ခြောက်ယောက်အပါအဝင် လူ ၁၀ ယောက်သေဆုံးခဲ့တယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။ သူတို့တွေရဲ့ ရုပ်အလောင်းတွေကို နူဆီရက်အယ်အာဒါ ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ကလေးခုနှစ်ယောက်အပါအဝင် ဒဏ်ရာရသူ ၁၆ ယောက်ကို ဆေးရုံမှာ ကုသပေးနေတယ်လို့ ဆရာဝန်တယောက်က ပြောပါတယ်။ အယ်လ်နူဆီရက် ဒုက္ခသည်စခန်းရှိ ရေပေးဝေရေးနေရာမှာ စောင့်ဆိုင်းနေတဲ့ လူအုပ်ကို အစ္စရေးဒရုန်းတစင်းက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သေဆုံး ဒဏ်ရာရတာတွေနဲ့ပတ်သက်ပြီး သတင်းတွေရရှိထားကြောင်း၊ အကြမ်းဖက်သမားတွေကို ပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ ပစ်မှတ်ကနေ မီတာများစွာအကွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒါဟာ နည်းပညာဆိုင်ရာ အမှားအယွင်းကြောင့်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။ အစ္စရေးအနေနဲ့ အရပ်သားတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စစ်ဆင်ရေးတွေကို ဆောင်ရွက်နေပြီး ထိခိုက်မှုမှန်သမျှအတွက် ဝမ်းနည်းစိတ်မကောင်းရကြောင်း ပြောပါတယ်။…

Read More

မိုးကုတ်မှာ လေကြောင်းတိုက်ခိုက်မှု ထပ်ဖြစ်လို့ ခြောက်ယောက် ဒဏ်ရာရ

ဇူလိုင် ၁၄ – ၂၀၂၅ SS (VOM) မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မနေ့ ဇူလိုင် ၁၃ ရက်၊ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့ပြီး ခြောက်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) မှ ဒီနေ့ ဇူလိုင် ၁၄ ရက်၊ မနက်ပိုင်းမှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။ မနေ့ည ၁၀ နာရီ ၃၇ မိနစ်ဝန်းကျင်မှာ မိုးကုတ်မြို့ (အရှေ့ခြမ်း)၊ ပန်းမထိပ်အနီး လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ခြောက်ယောက် မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကာ နေအိမ် ခြောက်လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ “ပန်းမထိပ်၊ ငါးအိမ်စုမှာ ဖြစ်တာပါ။ အိမ်ပါတုန်တယ်။ လေကြောင်းတိုက်ခိုက်ပြီးတာတောင် လေယာဉ်က အကြာကြီး ဝဲနေသေးတာ။ အကုန်လုံး မီးအမှောင်ချပြီး ငြိမ်နေရတယ်။ ဘဝတွေက ခါးသီးလိုက်တာဆိုတာ။ ဘယ်လုပ်လို့ လုပ်ရမှန်းတောင် မသိတော့ဘူး။…

Read More

ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ညောင်ဦး၊ ကံမနဲ့ ပွင့်ဖြူက ကျေးရွာ၊ ရပ်ကွက်တချို့ ရေကြီးနေ

ဇူလိုင် ၁၄ – ၂၀၂၅ SN (VOM) ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မန္တလေးတိုင်း ညောင်ဦးမြို့နယ်၊ မကွေးတိုင်း ကံမနဲ့ ပွင့်ဖြူမြို့နယ်တို့က ကျေးရွာ၊ ရပ်ကွက်တချို့မှာ ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ‌လူမှုကူညီရေး အသင်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ မနေ့ ဇူလိုင် ၁၃ ရက်၊ မနက် ၉ နာရီ၊ ၂၅ မိနစ်ဝန်းကျင်မှ စတင်ကာ ဧရာဝတီမြစ်ရေ မြင့်တက်လာတဲ့အတွက် အမှတ် (၁) နယ်မြေအတွင်းရှိ သာယာဝတီရပ်ကွက်၊ အမှတ် (၇) နယ်မြေအတွင်းရှိ ဝပ်ကျင်းရပ်ကွက်၊ အမှတ် (၅) နယ်မြေအတွင်းရှိ သီလရင်စု၊ ရေဝင်၊ ချောင်းရိုး၊ ငါးမျက်နှာ၊ မင်္ဂလာသာစည်၊ ရေနံစု၊ မှန်ချို၊ ဒါးတန်း၊ မကျည်းတော စတဲ့ ရပ်ကွက်တွေထဲ ရေဝင်ရောက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။…

Read More

စကားပြောကောင်းပြီး လူတွေကို ညတိုင်းဗုံးကြဲသူ လို့ ပူတင်ကို ဒေါ်နယ်ထရန့် ဝေဖန်

ဝါရှင်တန်၊ ဇူလိုင်-၁၄-၂၀၂၅ မျိုးဆက်(VOM) ရုရှားသမ္မတ ပူတင်ဟာ စကားပြောကောင်းပြီး ညတိုင်း ဗုံးကြဲနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဝေဖန်ပြောဆိုလိုက်ပြီး ဒါဟာ ပူတင်အပေါ် ထရန့်ရဲ့ စိတ်ပျက်လာမှု အရိပ်လက္ခဏာဖြစ်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။ “ ပူတင်က စကားပြောကောင်းတယ်။ ဒါပေမယ့် ညနေပိုင်းရောက်ရင် လူတိုင်းကို ဗုံးကြဲနေတယ် ” လို့ ထရန့်က ဆိုပါတယ်။ အမေရိကန်အနေနဲ့ ယူကရိန်းအတွက် အလွန်ခေတ်မီတဲ့ စစ်လက်နက်ပစ္စည်းတွေ ပေးပို့သွားမယ်လို့လည်း သူက ပြောပါတယ်။ ပေးပို့မယ့် စစ်လက်နက်တွေထဲမှာ ပက်ထရီးယော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေပါဝင်မယ်လို့ ထရန့်က အတည်ပြုပါတယ်။ ယူကရိန်းအတွက် အလွန်အမင်းလိုအပ်နေတဲ့ တိုက်ခိုက်ရေး လက်နက်မျိူးတွေကို အမေရိကန်က ပေးအပ်လိမ့်မယ်လို့ သတင်းတွေကလည်း ဆိုပါတယ်။ ပက်ထရီးယော့ ဒုံးကျည်တွေ ပေးပို့မှုဟာ စစ်ပွဲအဖြေကို ချက်ချင်းပြောင်းလဲနိုင်မှာ မဟုတ်ပေမယ့် အလွန်စွမ်းဆောင်ရည်ကောင်းမွန်းပြီး စျေးနှုန်းကလည်း ကြီးမြင့်ကာ ဒုံးကျည်တစင်းကို…

Read More

ထိုင်း – မြန်မာနယ်စပ်ရှိ ဝေါလေစခန်းမှာ တိုက်ပွဲ ပြင်းထန်နေ

ဇူလိုင် ၁၄ – ၂၀၂၅ SS (VOM) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း – မြန်မာနယ်စပ်ရှိ နစကရဲ့ ဝေါလေစစ်စခန်းကို လက်ရှိမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှစပြီး နစကရဲ့ စစ်ရေး အချက်အချာကျတဲ့ ထိုင်း – မြန်မာနယ်စပ်ရှိ ဥကရစ်ထနဲ့ ဝေါလေဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေက တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၁၂ ရက်နေ့မှာတော့ ဥကရစ်ထ ပင်မထောက်ပို့ စစ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ “လက်ရှိက‌တော့ ဝေါလေဗျူဟာစခန်းမှာ တိုက်ပွဲ ပြင်းထန်နေတုန်းပါပဲ။ လက်နက်ကိုင်တပ်တွေ အကုန်ဝိုင်းပြီး ပိတ်ဆို့ထားတဲ့ အခြေအနေပေါ့။ စစ်ကူ၊ ပစ်ကူ စီမံချက်တွေပါ…

Read More

လားရှိုးလ.ဝ.ကမှာ ပွဲစားတွေက တဆင့် မှတ်ပုံတင်ပြုလုပ်ခွင့်မပြု​တော့

ဇူလိုင် ၁၄-၂၀၂၅ နွယ်နီ(VOM) လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေး(လ.ဝ.က) ရုံးမှာ ပွဲစားတွေကဆင့် မှတ်ပုံတင်ပြုလုပ်ခွင့်မပေးထားဘဲ ကာယကံရှင် ကိုယ်တိုင် လာရောက်မှ ခွင့်ပြုမယ်လို့ လားရှိုးမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတာဝန်ရှိသူ တယောက်က ပြောပါတယ်။ လားရှိုးမြို့လူဝင်မှု ကြီးကြပ်ရေးရုံးမှာ မှတ်ပုံတင်၊ အိမ်ထောင်စု၊ မွေးတိုး လက်မှတ် လုပ်ဆောင်ချင်သူတွေအနေနဲ့ ပွဲစားကနေ ငွေသိန်းချီ ပေးနေရတယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် လားရှိုးမြို့နယ် လ.၀.က တာဝန်ရှိသူ တယောက်က အခုလို တုံ့ပြန်ပြောဆိုလာတာ ဖြစ်ပါတယ်။ “ပွဲစားကနေ ဝန်ထမ်းတွေကို ငွေသိန်းဆယ်ချီပေးရတယ်ဆိုတာ မဟုတ်ပါဘူ။ ကျွန်တော်တို့ ရုံးမှာ ပွဲစားတွေ အဝင်မခံပါဘူး။ နိုင်ငံသား စီစစ်ရေးကဒ်လုပ်ချင်တဲ့သူ၊ အိမ်ထောင်စု၊ မွေးတိုးအတွက် ကိုယ်တိုင်လုပ်လိုသူတွေပဲ ဝင်ခွင့်ပြုပါတယ်။ ဒါလည်း ဂိတ်ဝမှာ သေချာစာရင်းပေး တိုက်ဆိုင်စစ်ဆေးပြီးမှ ခွင့်ပြုတာဖြစ်ပါတယ်” ၁၀၂၇ စစ်ဆင်ရေးကြောင့် တစ်နှစ်နီးပါး ပိတ်ထားရတဲ့ လားရှိုးမြို့အတွင်းက လူဝင်မှုကြီးကြပ်ရေးရုံးတွေကို…

Read More
VOM News

FREE
VIEW