ဝါရှင်တန်၊ ဇူလိုင် -၃၀-၂၀၂၅ မျိုးဆက်(VOM) ရုရှားကမ်းရိုးတန်းမှာ ရစ်ချ်တာစကေး ၈ ဒဿမ ၈ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် အမေရိကန် ဟာဝိုင်အီရှိ အိုအာဟူ အနီးမှာ လေးပေအမြင့်ရှိ ဆူနာမီလှိုင်းတွေစတင်ရောက်ရှိလာပြီဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟာဝိုင်အီမှာနေထိုင်သူတွေ၊ အမေရိကအနောက်ဘက်ကမ်းခြေတလျှောက်နဲ့ ဂျပန်မှာနေသူတွေကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့အမိန့်ထုတ်ထားပြီး ဟာဝိုင်အီအုပ်ချုပ်ရေးမှူးက သတိပေးချက်တွေကို လိုက်နာဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။ ငလျင်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆူနာမီလှိုင်းတွေ ကမ်းရိုးတန်းတွေဆီ ရောက်ရှိဖို့ နာရီအတန်ကြာမြင့်နိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။ ဂျပန်မှာတော့ လူ ၁.၉ သန်းကို ရွှေ့ပြောင်းဖို့ပြောထားပြီး မြောက်ပိုင်း အိုင်ဝါတီမှာ ၄.၃ပေ အမြင့်ရှိတဲ့ဆူနာမီလှိုင်းတွေရောက်နေခဲ့ပြီး တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံတချို့မှာလည်း ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဖူကူရှီးမားမှာတော့ ၂၀၁၁ခုနှစ်က နျူကလီးယားမတော်တဆမှုကြောင့် လက်ရှိ ဆူနာမီသတိပေးချက်တွေကို အထူးဂရုစိုက်နေကြပြီး စက်ရုံအနီး…
Read MoreDay: July 30, 2025
ရှန်ဟိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနှစ်သိန်းကျော် ဘေးလွတ်ရာ ရွှေ့ပြောင်း၊ လေယာဉ်ခရီးစဉ် ရာပေါင်များစွာ ဖျက်သိမ်းထားရ
ပေကျင်း၊ ဇူလိုင်-၃၀-၂၀၂၅ ရတီ (VOM) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ဆိုင်ကလုန်းမုန်တိုင်း ကိုမေ ဝင်ရောက်တိုက်ခတ်ဖို့ ချဉ်းကပ်လာနေတာကြောင့် လူနှစ်သိန်းကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ မုန်တိုင်းကြောင့် နိုင်ငံအရှေ့ပိုင်းမှာ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်ထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်နေပြီး လေယာဉ်ခရီးစဉ် ရာပေါင်းများစွာဖျက်သိမ်းထားပြီး ကူတို့သင်္ဘော ပြေးဆွဲမှုတွေကိုလည်း ရပ်ဆိုင်းထားရပါတယ်။ Zhejiang ပြည်နယ်က Zhoushan ဆိပ်ကမ်းမြို့မှာ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ပြီးနောက် ရုရှားအရှေ့ဖျားမှာ ပြင်းထန်ငလျင်ကြောင့် ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်လိုက်တယ်။ ဒီအခြေအနေက တရုတ်ကမ်းခြေတလျှောက် မျှော်မှန်းထားတာထက် ပိုကြီးမားတဲ့ မုန်တိုင်းဒီလှိုင်းတွေ ဖြစ်လာနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိလာတယ်။ ရှန်ဟိုင်းမြို့မှာ ဖယ်ရီဝန်ဆောင်မှုအားလုံးကို ဗုဒ္ဓဟူးနေ့မနက်ကတည်းက ရပ်နားထားပြီး မော်တော်ယာဉ်မောင်းတွေကို အမြန်လမ်းမပေါ်မှာ တစ်နာရီ ၆၀ ကီလိုမီတာအောက်သာ မောင်းဖို့ ညွှန်ကြားထားတယ်။ ရှန်ဟိုင်းဒစ်စနီလန်းနဲ့ လီဂိုလန်းပန်းခြံတွေကတော့ ဖွင့်ထားဆဲဖြစ်ပေမယ့် လီဂိုလန်းမှာ နေရာအချို့နဲ့ ဖျော်ဖြေရေးတွေကို မိုးလေဝသအခြေအနေကြောင့် ယာယီရပ်နားထားတယ်လို့…
Read Moreရွေးကောက်ပွဲ နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်တဲ့ ဥပဒမှာ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေပါရှိ
ဇူလိုင် ၃၀ – ၂၀၂၅ SN (VOM) ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးခြင်းမှ ကာကွယ်ဖို့အတွက် သေဒဏ်အထိ ချမှတ်နိုင်တဲ့ ဥပဒေကို နစကဥက္ကဌ လက်မှတ်နဲ့ မနေ့ ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန် ပြဋ္ဌာန်းလိုက်ပါတယ်။ ရွေးကောက်ပွဲဥပဒေကို ဆဋ္ဌမအကြိမ် ပြင်ဆင်တဲ့ဥပဒေမှာ ထည့်သွင်း ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွေကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ” လို့ အမည်တပ်ထားတာကို တွေ့ရပါတယ်။ လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေမှာ ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း ၊ စာရေးသား ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပါ အရေးယူသွားမှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ ဒါအပြင် ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ မလျော်ဩဇာသုံးခြင်း၊ နာကျင်စေခြင်း၊ အပြင်းအထန် နာကျင်စေခြင်း၊…
Read Moreစဉ့်ကူး လက်ပန်လှရဲစခန်းနဲ့နေရာအချို့မှာလေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၀ ကျော်သေဆုံးခဲ့
ဇူလိုင် ၃၀ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း ၊စဉ့်ကူးမြို့နယ်ထဲက လက်ပန်လှရဲစခန်း နဲ့ ရွှေပန်းတောရွာ၊ ဇရပ်ကွင်းရွာတို့မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တွေရှိခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင် ၂၉ ရက်နေ့ ၊ ညနေ ၅ နာရီ ၄၀ မိနစ်ကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခံရတာဖြစ်ပြီး လက်ပန်လှရဲစခန်းရှိ အချုပ်စခန်းပေါ်ကို ဗုံးကျရောက်ပေါက်ကွဲခဲ့ကာ အချုပ်သားနဲ့ အချုပ်ခန်းစောင့်သူတွေအပြင် လမ်းသွားလမ်းလာသူအချို့ သေဆုံးခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ ” လက်ပန်လှရဲစခန်းမှာ ချုပ်ထားတဲ့ အချုပ်သားနဲ့ အစောင့်တွေ ၂၀ လောက်သေတယ်။ လမ်းသွားလမ်းလာ နှစ်ယောက်ထိတယ် သေတဲ့ထဲ အသိတွေကိုက ခြောက် ယောက်လောက်ပါသွားတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ အလားတူ မနေ့ကညနေပိုင်းမှာပဲ စဥ့်ကူးမြို့နယ်ထဲက ရွှေပန်းတောရွာမှာလည်း လေကြောင်းဗုံးကြဲခံရပြီး သေဆုံးသူအချို့ရှိခဲ့ကြောင်းနဲ့ ဇရပ်ကွင်းဘက်မှာတော့…
Read More၈ ဒဿမ ၈ အဆင့်ရှိငလျင်ကြောင့် ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး ရုရှား၊ အမေရိကန်၊ ဂျပန်နဲ့ အီကွေဒေါမှာ သတိပေးချက်တွေ ထုတ်ပြန်
မော်စကို၊ ဇူလိုင် ၃၀ -၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံ အရှေ့ဘက်ကမ်းရိုတန်းမှာ ရစ်ချ်တာစကေး ၈ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဂျပန်၊ ၊ ရုရှား၊ အမေရိကန် ဟာဝိုင်အီ၊ ကယ်လီဖိုးနီးယားကမ်းရိုးတန်နဲ့ အီကွေဒေါ အပါအဝင် ပစိဖိတ်သမုဒ္ဒရာဒေသတွေမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ရုရှား ကမ်ချက်ကာ ကျွန်းဆွယ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဒေသတွင်း လေဆိပ်တခုပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူအများအပြာ ဒဏ်ရာရခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေ့ ပြောပါတယ်။ ငလျင်ကြောင့် လူ ၂၀၀၀ နေထိုင်တဲ့ ဆိပ်ကမ်းမြို့တမြို့ရဲ့ အစိတ်အပိုင်းတွေ ရေလွှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဆူနာမီလှိုင်းတွေဟာ အမြင့် ၃ မီတာကနေ ၄ မီတာထိ ရှိခဲ့တယ်လို့ပြောပါတယ်။ အမေရိကန်ကတော့ လာမယ့် နာရီပိုင်းအတွင်း ဟာဝိုင်အီမှာ ဆူနာမီလှိုင်းတွေရောက်နိုင်ကြောင်း သတိပေးထားပြီး ဂျပန်နိုင်ငံကလည်း ဆူနာမီသတိပေးချက်…
Read MoreTNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ငါးယောက်သေပြီး အများအပြားဒဏ်ရာရ
ဇူလိုင် ၃၀၊ ၂၀၂၅ Shy V (VOM) TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မှာ ဇူလိုင်လ ၃၀ ရက်နေ့ မနက် အစောပိုင်း ၁ နာရီ ဝန်းကျင်ခန့်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရလို့ ငါးယောက် သေဆုံး ပြီး ဒဏ်ရာရ အများအပြားထိခိုက်ဒဏ်ရာရကြောင်းဒေသခံတွေဆီက သိရပါတယ်။ “ဟိုတယ်က သုံးယောက်၊ ဘေးအိမ်က ကလေးငယ် မြေးအဖွားနှစ်ယောက် ဆုံးသွားတယ်။ မြေးအဖွားနှစ်ယောက်က ဗန်းမော်က စစ်ရှောင်လာတာ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ကွတ်ခိုင် ရာစုသစ် ဟိုတယ် ၂ ကို ဒီနေ့ ဇူလိုင်လ ၃၀ ရက် မနက် ၁၂ နာရီ ၅၀ မိနစ်ခန့်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက် ခံရပြီး ၅ ယောက် သေဆုံးကာ ၈…
Read Moreဂါဇာစစ်ပွဲ မရပ်ရင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ်လို့ ဗြိတိန်ပြော
လန်ဒန်၊ ဇူလိုင်-၃၀-၂၀၂၅ ရတီ(VOM) ဗြိတိန်နိုင်ငံက ပါလက်စတိုင်းနယ်မြေကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ စက်တင်ဘာလမှာ ဆုံးဖြတ်မယ်လို့ ဝန်ကြီးချုပ် ဆာ ကိယားစတာမာက ပြောကြားခဲ့ပါတယ်။ အစ္စရေးဘက်က ဂါဇာမှာ ဖြစ်ပွားနေတဲ့ ဆိုးဝါးတဲ့ အခြေအနေကို အဆုံးသတ်ဖို့ အတိအကျ လုပ်ဆောင်ချက်တွေ မပြုလုပ်ဘူးဆိုရင် ဗြိတိန်နိုင်ငံက ဒီဆုံးဖြတ်ချက်ကို ချမှတ်မယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်က အစ္စရေးဘက်က အခြားသော လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ အဲဒါတွေကတော့ စစ်ရေးပဋိညာဉ်ချုပ်ဆိုဖို့၊ နှစ်နိုင်ငံဖြေရှင်းနည်းကို အခြေခံတဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် ကတိပြုဖို့နဲ့ ကုလသမဂ္ဂက လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပြန်လည်ပေးပို့နိုင်ဖို့ ခွင့်ပြုဖို့တို့ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ရင် ဗြိတိန်နိုင်ငံက စက်တင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒီဆုံးဖြတ်ချက်ကို ချမှတ်မယ်လို့ ဆိုပါတယ်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ဒီဆုံးဖြတ်ချက်ဟာ ဟာမတ်စ်ရဲ့ ကြောက်မက်ဖွယ်အဆင့်ရှိတဲ့ အကြမ်းဖက်ဝါဒကို…
Read Moreတောင်ငူရေကြီးမှု ဒိုးသောင်တံတား ကျွံကျ၊ ဘီးလင်းမှာလည်း ရေဝင်ရောက်မှု ဆိုးရွားစွာ ဖြစ်ပေါ်နေ
ဇူလိုင် ၃၀ – ၂၀၂၅ SS (VOM) ရေကြီးရေလျှံမှုကြောင့် ပဲခူးတိုင်း တောင်ငူမြို့နယ်နဲ့ ထန်းတပင်မြို့နယ်ကြား ဆက်သွယ်ထားတဲ့ မြတ်စောညီနောင် ဒိုးသောင်တံတား ကျွံကျသွားသလို မွန်ပြည်နယ် ဘီးလင်းမြို့မှာလည်း ရေဝင်ရောက်မှု ဆိုးရွားစွာ ဖြစ်ပေါ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။ မနေ့ ဇူလိုင် ၂၉ ရက်၊ မနက်အစောပိုင်းက ဒိုးသောင်တံတား ကျွံကျမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားလမ်းတွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ “ဒီတံတားက တောင်ငူမြို့ကနေ ဇရပ်ကြီးကိုသွားတဲ့ လမ်းပေါ်မှာ ရှိတာ။ ရေကြီးတော့ တံတားက ဘေးနှစ်ဖက်ကနေ နိမ့်ဝင်သွားတဲ့ သဘောပေါ့။ လက်ရှိ အခြေအနေအရတော့ သွားလာလို့ လုံးဝ မရတော့ဘူး။ လမ်းပန်း ဆက်သွယ်ရေးကတော့ ခက်ခဲသွားတာပေါ့။ လတ်တလော သွားရေးလာရေးအတွက် ဆိုရင်တော့ ထန်းတပင် – စစ်တောင်းဘက်ကနေ ပတ်ထွက်မှ အဆင်ပြေမယ်” လို့…
Read Moreရေနီမြောင်း ချိုဆိမ့် (၃)
ဆူးငှက် တောလက်ဖက်ရည်ဆိုင်လေးမှာထိုင်ရင်း ကျေးတောသားကြီးများနှင့် စကားစမြည်ပြောရခြင်း၊ ဘဝရသ၊ ဘဝဒဿနများ ထုတ်ရခြင်းကို အပြင်မှာတော့ ကျွန်တော် မခံစားခဲ့ဖူးခဲ့။ သို့သော် စာမျက်နှာပေါ်မှာတော့ တရှိုက်မက်မက် ခံစားကာ ထိုလက်ဖက်ရည် ဆိုင်လေးဆီ မနက်တိုင်းသွားကာ လက်ဖက်ရည်ဆိုင်ရှိလူများနှင့် စကားပြောချင်တာ အူကိုယားနေတော့သည်။ သို့သော် ထိုလက်ဖက်ရည်ဆိုင်က အနီးအနားမှာမရှိ။ ထို့အတူ ခရီးကြုံနိုင်ဖွယ်လည်းမရှိ။ ထိုနံရောအခါ ထိုလက်ဖက်ရည်ဆိုင်ကလေးဆီ သွားလို စိတ်ရှိတိုင်း ထိုစာအုပ်ကိုသာ တစွက်စွက် ဖတ်နေမိတော့၏။ ထိုဆိုင်ကလေးကား ရန်ကုန်နယ်နိမိတ်အလွန်မှာ ရှိနိုင်ပါသည်။ ထောက်ကြံ့မှတစ်ဆင့် သွားရမည်ဆို၏။ ထောက်ကြံ့အလွန် “မြောင်း တကာ” တွင် ရှိသည်ဆို၏။ အဝေးပြေးကားများ မြောင်းတကာတွင် ရေဖြည့်ကြသည်။ နားနေကြသည်။ ကားပေါ်မှဆင်းကာ အညောင်းဆန့်ကြသည်။ အကြော်စားသူစား၊ လက်ဖက်ရည်သောက်သူသောက်ကြသည်။ ထိုဆိုင်ကလေးမှာ ဝင်ပြီး အကြော်တစ်ပွဲနှင့် လက်ဖက်ရည်များ မှာလိုက်ကြတော့ … “စံပြည့် ဆိုတဲ့ကောင် တော်တော်မိုက်တယ်ဗျာ..၊ သက်သက်…
Read More