ဩဂုတ် ၃၀ ၊ ၂၀၂၅
GG (VOM)
နေပြည်တော်၊ပျဥ်းမနားမြို့နယ်၊ ဇီးရိုင်းရွာမှာ ဒီနေ့ ဩဂုတ် ၃၀ ရက်နေ့မှာ ကလေးငယ်နှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ဒီနေ့ ညနေ ၃ နာရီလောက်မှာ ဇီးရိုင်းရွာ အပြင်ရှိ ကြက်မွေးမြုရေးခြံမှာ နေထိုင်တဲ့ မိသားစုမှ အသက် ၄ နှစ်နဲ့ အသက် ၅ နှစ်အရွယ်ကလေး နှစ်ယောက်ရေနစ်သေဆုံးခြင်းဖြစ်တယ်လို့သိရပါတယ်။
” ဇီးရိုင်းရွာနယ်နမိတ်ကြက်ခြံက ရေကန်ထဲမှာကလေးနှစ်ယောက်ပေါ့၊ပြုတ်ကျပြီးရေနစ်သေဆုံးသွားတာပေါ့။ဇီးရိုင်းရွာသားတွေတော့မဟုတ်ဘူး။ကလေးတွေကငယ်သေးတယ်။ကလေးတွေပျောက်သွားတာ မျက်စိရှေ့တင် ကလေးတွေက ပျောက်တာ ဘယ်လောက်မှမကြာသေးဘူး၊ ငါးမိနစ်၊ ဆယ်မိနစ်လောက်ပဲရှိတယ်လို့ပြောတယ်။” လို့ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုဂရုဏာရှင်အသင်းမှတာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာ သေဆုံးကလေးငယ်နှစ်ယောက်လုံးကို ရင်ခွဲစစ်ဆေးဖို့အတွက်ည ပျဥ်းမနား ကုတင် ၂၀၀ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဇူလိုင် ၃ ရက်ကလည်း ပဲခူးမြို့မှာ အသက် ၁ နှစ်ခွဲအရွယ်ကလေးငယ်တယောက် ရေထဲပြုတ်ကျပြီး ရေနစ်မြုပ်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – လူမှုဂရုဏာရှင်
