သူတို့အိမ် အခန်း – ၂၃

  ဆူးငှက်   ၁၄ နှစ်သမီး နှင့် ပဋာစာရီ ——————————- မူလတန်းမှာ ဒက္ခိဏဝံတိုက် ဦးပဏ္ဏဝံကျောင်းသို့ ကျောင်းစတက်ရတာရော၊ အဘက ရွာပြန်လှူတာရော၊ ဝင်းထဲက အ်မ်ကလေး အသစ်ပြန်ဆောက်တာရော မှတ်မိတာတွေက သိသိသာသာမို့ အိမ်က အစ်မအကြောင်း ပြောဖို့ ကျန်သွားသည်။ ကျွန်တော့် အထက်က အစ်မဖြစ်သူ မခင်ဝင်း က ကျွန်တော်နှင့် အသက် ၉ နှစ်ကွာသည်။ သူက ငယ်ငယ်လေးကတည်းက အက ဝါသနာပါသည်။ ထို့ကြောင့် အမေ့ဆီဖောက်သည် ဆရာမကြီးဒေါ်သြဘာသောင်းက တဆင့် နန်းရှေ့ပန်တျာကျောင်းသို့ အပ်နှံလိုက်သည်။ ကျွန်တော် ၉နှစ် ၁၀နှစ်သားလောက်က ရွာမှာ အဘက ပြန်လှူတော့ မမခင်ဝင်း မလိုက်နိုင်တော့။ ထိုအချိန်တွင် သူက ဆရာမကြီး ဒေါ်သြဘာသောင်းနှင့်အတူ ရန်ကုန်သို့ ရောက်နေလို့ ဖြစ်သည်။ မမခင်ဝင်းက ပန်တျာကျောင်းတက်ကတည်းက ထူးချွန်ကျောင်းသူ…

Read More

အင်းတော်မြို့ သိမ်းပိုက်ချိန် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သုံ့ပန်း ၁၃ ယောက် ထွက်ပြေး

အောက်တိုဘာ ၁၇၊ ၂၀၂၅ Shy V (VOM) စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့ သိမ်းပိုက်ချိန် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သုံ့ပန်း ၁၃ ယောက် အောက်တိုဘာလ ၂၅ ရက်နေ့က ထွက်ပြေးသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “အင်းတော်မြို့ သိမ်းတိုက်ပွဲမှာ ဖမ်းထားတဲ့ စစ်သုံ့ပန်း ၁၃ ယောက် အချုပ်ခန်း ဖောက်ပြီး ထွက်ပြေးသွားတယ်လို့ ကြားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မနက်အစောပိုင်း ထွက်ပြေးသွားတာဖြစ်ပြီး အချုပ်ခန်းစောင့်တဲ့ သူတွေဆီက သေနတ်တွေပါ လုယူသွားတာကြောင့် သေနတ် သုံးလက် ပါသွားတယ်လို့ ကြားကြောင်း သူက ပြောပါတယ်။ “အစောင့်တွေက ပေါ့လျော့လို့ နေမှာပါ။ လိုင်းမကောင်းတော့ အသေးစိတ်မသိရဘူး။ ထွက်ပြေးသွားတဲ့သူတွေက အရာရှိတွေပဲလို့ ကြားတယ်။” လို့ KIA တပ်ဖွဲ့နဲ့…

Read More

လားရှိုးမှာ ကားတစီးက ဆိုင်ကယ်လေးစီးကိုတိုက်မိလို့ လူသုံးယောက်သေ

အောက်တိုဘာ ၂၇၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ အောက်တိုဘာလ ၂၆ ရက်နေ့ညဦးပိုင်းက ကားတစီးက ဆိုင်ကယ် လေးစီးကိုတိုက်သွားလို့ လူသေဆုံးမှုရှိကြာင်း ဒေသခံတွေဆီက သိရပါတယ်။ “လားရှိုး အထက ၂ ရှေ့လို့ပြောတယ်။ ဆိုင်ကယ်စီးတဲ့ သုံးယောက် သေသွားတယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ကားမောင်းတဲ့သူက ဆေးကြောင်နေတာလို့ သိရကြောင်း သူက ပြောပါတယ်။ သေဆုံးသွားတဲ့ မိန်းကလေး တယောက်က လည်း ဘယ်သူမှန်းမသိရဘူးလို့ ဆိုပါတယ်။ “Crown ကား တစီးက Alphard အပါအဝင် ဆိုင်ကယ် လေးစီးကို ဝင်တိုက်ခဲ့တာ ဆိုင်ကယ်ပေါ် ပါလာသူ သုံးယောက် သေသွားတယ်” လို့ နောက်ထပ်ဒေသခံ တယောက်က ပြောပါတယ်။ အဲဒီကား မောင်းတဲ့တယောက်က ဆယ်ကျော်သက်အရွယ်သာ ရှိသေးကာ…

Read More

အာဆီယံ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ မြန်မာနိုင်ငံစေလွှတ်ရေး သဘောတူညီမှုမရ

ကွာလာလမ်ပူ၊ အောက်တိုဘာ -၂၇-၂၀၂၅ မျိုးဆက်(VOM) ဒီဇင်ဘာလတွင် ကျင်းပမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲတွက် အာဆီယံအနေနဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့ စေလွှတ်မှာမဟုတ်ဘူးလို့ သံတမန် သတင်းရင်းမြစ်တွေက ဒီကနေ့မှာ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ကိုလည်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ဒီကနေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။ မလေးရှားမှာ တွေ့ဆုံနေတဲ့ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာ့ ပဋိပက္ခအပေါ် အလွန်စိုးရိမ်ပူပန်မှု ကို ထုတ်ဖော်ပြောကြားခဲ့ပြီး အောက်တိုဘာ ၂၆ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ ငြိမ်းချမ်းရေးအတွက် တိုးတက်မှုမရှိဘူးလို့ သတိပေးလိုက်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရမယ်လို့ ဆိုပါတယ်။ အာဆီယံကိုယ်စားပြု ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ စေလွှတ်မှာမဟုတ်ပေမယ့် အာဆီယံနိုင်ငံတွေကတော့ နှစ်နိုင်ငံဆက်ဆံရေးကို အခြေခံပြီး စောင့်ကြည့်သူတွေကို စေလွှတ်နိုင်တယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တယောက်က အေအက်ဖ်ပီကို ပြောပါတယ်။…

Read More

၁၀၂၇ စစ်ဆင်ရေး ၂နှစ်ခရီး

အောက်တိုဘာ ၂၇၊ ၂၀၂၅။ NN(VOM) နစက အာဏာရယူပြီးနောက် နှစ်နှစ်ကျော်အကြာ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်မှာ ပေါ်ပေါက်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး ဟာ မြန်မာ့သမိုင်းမှာ ပြင်းထန်တဲ့ ရိုက်ခတ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ “ညီနောင်သုံးဖွဲ့” လို့ ခေါ်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်း (ပလောင်) တပ်ဖွဲ့ (TNLA)၊ အာရက္ခတပ်တော် (AA) တို့ ဦးဆောင်တဲ့ ဒီစစ်ဆင်ရေးဟာ နစကအစိုးရတပ်အတွက် ထိခိုက်ဆုံးရှုံးမှု​တွေ ဖြစ်ခဲ့ပါတယ်။ ဒရုန်းပညာ၊ လူအင်အား အသားစီးနဲ့ တိုက်ခိုက်ခံရတာကြောင့် နစကအစိုးရတပ်စခန်းတွေ၊ မြို့တွေအများအပြား ဆုံးရှုံးခဲ့ရပါတယ်။ TNLA က မန္တလေးတိုင်း မိုးကုတ်အပါအဝင် မြို့ပေါင်း ၁၂ မြို့၊ ကိုးကန့်တပ်ဖွဲ့က ကိုးမြို့နဲ့ “ဝ” တပ်ဖွဲ့က နှစ်မြို့ရရှိသွားခဲ့တာပါ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နဲ့ တိုက်ပွဲတွေအတွင်းတုန်းက သမိုင်းအစဉ်အလာကြီးမားတဲ့…

Read More

ထိုင်းဘုရင့်မယ်တော် မိဖုရားကြီး သီရိခေတ် ကံကုန်

ဘန်ကောက်၊ အောက်တိုဘာ-၂၅-၂၀၂၅ မျိုးဆက်(VOM) ထိုင်းဘုရင် ဗာဂျီရာလောင်ကွန်း၏ မိခင်ဖြစ်သူ မိဖုရား သီရိခေတ်ဟာ အသက် ၉၃ နှစ်အရွယ်မှာ ကုံကုန်ပြီလို့ ထိုင်းဘုရင့်နန်းတော်က ထုတ်ပြန်ပါတယ်။ မိဖုရားကြီးဟာ သောကြာနေ့ ဒေသစံတော်ချိန် ၉ နာရီ ၂၁ မိနစ်မှာ ဘန်ကောက်ဆေးရုံတခုမှာ ငြိမ်းချမ်းစွာနဲ့ ကံကုန်ခဲ့တယ်လို့ ဆိုပါတယ်။ သူမဟာ ၂၀၁၉ ခုနှစ်ကစပြီး ဆေးရုံတက်နေရပြီး ယခုလအတွင်းမှာတော့ သွေးတွင်အဆိပ်တက်တဲ့ ရောဂါဖြစ်ပွားခဲ့ပါတယ်။ မိဖုရားကြီး သီရိခေတ်ဟာ ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ နန်းသက်အရှည်ဆုံးဘုရင် ဘူမိဘောအဒူယာဒက်နဲ့ ထိမ်းမြားခဲ့ပြီး သားသမီးလေးယောက် ထွန်းကားခဲ့ကာ အကြီးဆုံးသားဖြစ်တဲ့ ဗာဂျီရာလောင်ကွန်းကတော့ ရာမ ၁၀ ဘွဲ့အမည်နဲ့ လက်ရှိဘုရင်ဖြစ်ပါတယ်။ ဖိဖုရားကြီး သီရိခေတ်ရဲ့ ဈာပနကို ထိုင်းတော်ဝင်အစဉ်အလာတွေအတိုင်း ပြုလုပ်သွားမှာဖြစ်ပြီး ရုပ်အလောင်းကို ဘန်ကောက်မြို့ရှိ Grand Palace ရဲ့ Dusit…

Read More

ရန်ကုန်မှာ မီးနီးဖြတ်မောင်းတဲ့ အောက်ဆိုက်ကားမှောက်လို့ တယောက်သေပြီး ခြောက်ယောက်ဒဏ်ရာရ

အောက်တိုဘာ ၂၅ ၊ ၂၀၂၅ GG (VOM) ရန်ကုန် ၊ ကျောက်တံတားမြို့နယ်၊ ဗိုလ်အောင်ကျော်လမ်းနဲ့ မဟာဗန္ဓုလလမ်းဒေါင့် မီးပွိုင့်မှာ ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့၊ မနက် ၈ နာရီကျော်လောက်မှာ မီးနီဖြတ်မောင်းတဲ့ ခရီးသည်တင် အောက်ဆိုက်ကားတစီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး တယောက်သေဆုံးကာ နောက်ထပ် ခြောက်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူ နှစ်ယောက်ပါဝင်ကြောင်း ၊ ဦးခေါင်းထိခိုက်မိသူက သုံးယောက်ပါဝင်တာကြောင့် ဆေးရုံမှာ အရေးပေါ်ကုသမှုတွေခံယူနေရတယ်လို့သိရပါတယ်။ ” အောက်ဆိုက်ကားက မီးနီဖြတ်မောင်းလာပြီး မျက်နှာချင်းဆိုင်ကလာတဲ့တက္ကစီကိုရှောင်ရာကနေ အရှိန်မထိန်းနိုင်ဘဲ ပလက်ဖောင်းတွေတိုက်ပြီးမှောက်သွားတာ။ယာဥ်မောင်းသေတယ်။ ခေါင်းခန်းထဲက နောက်ထပ်အမျိုးသားက အနီရောင်အဆင့် ၅၀ – ၅၀ ပဲ။အခြေအနေမကောင်းဘူး ။နောက်ခန်းက အမျိုးသမီးတယောက်လည်း အနီရောင်အဆင့်ပဲ။ ကျန်လေးယောက်မှာတော့ သုံးယောက်ကခေါင်းထိတယ်။” လို့ ရှင်သန်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောပါတယ်။ ယာဥ်တိမ်းမှောက်မှု သေဆုံးတဲ့အမျိုးသားက ယာဥ်မောင်းဖြစ်ပြီး…

Read More

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က သူမအ​နေနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ရပြီးဟုဆို

အောက်တိုဘာ ၂၅ – ၂၀၂၅ SN (VOM) အခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရရှိဘူး ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ဒေါ်သက်သက်ခိုင် အနေနဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းတဲ့အတွက် ရွေးကောက်ပွဲ ယှဥ်ပြိုင်ခွင့်မရဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က “ကျမ အနေဖြင့် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) မှာ နိုင်သူအကုန်ယူစနစ် (FPTP) စနစ်မှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ UEC ထံမှ…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၂)

ဆူးငှက် မှတ်မှတ်ရရ ကျွန်တော် လူထုကြီးပွားရေးစာအုပ်တိုက်ကို ၁၉၉၄ သြဂုတ်က စရောက်သည်။ ဒီ့မတိုင်ခင်က ကိုကျော်စိုးဝင်း အစီအစဉ်ဖြင့်လူထုကြီးပွားရေးနှင့် ထီးပေါင်းကားတိုက်ထုတ် စာအုပ်တွေအတွက် ကွန်ပြူတာ စာစီတွေကို ဖြတ်ညှပ်ကပ်layout လုပ်တာ၊ စာဖောင်ဖွဲ့တာ၊ ဖလင်တွေ ဖလက်တွဲတာတွေ ဆောင်ရွက်ခဲ့ရသည်။ မြန်မာ့မဟာဂီတ (၁၉၈၉)၊ ဆေးလိပ်နဲ့လူသား(၁၉၉၀)၊ မန္တလေးသူ မန္တလေးသားများ(၁၉၉၁)၊ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့ မန္တလေး (၁၉၉၃)၊ ထိုင်းဝတ္ထုတိုများ- ၂ (၁၉၉၃)၊ သာသနာ့တန်ဆောင်ဆရာတော်ကြီးများ(၁၉၉၄) တွေကို ဖလက်တွဲပေးရသည်။ မန္တလေးသူ မန္တလေးသားများ စာအုပ်နှင့်ဲ ရတနာပုံမန္တလေး မန္တလေး ကျွန်မတို့ မန္တလေး စာအုပ်ထဲက ဓာတ်ပုံ အချို့ ကူညီခွင့် ရခဲ့သည်။တိုက်ကိုရောက်ရောက်ချင်း ပထမဆုံး အတွေ့အကြုံက လူထုအမှတ်တရ လူထုဦးလှ စာအုပ်လေးကို လက်ခွဲဖလင်မှာ စပ်ရောင်များနှင့် မျက်နှာဖုံးရိုက်ရသည်။ ဘူတာကြီးအနောက်ဖက် ရွှေဟံသာစက်မှာပါ။ နောက် ဆရာမကြီး…

Read More

လက်ဆည်ကန်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်က ပြည်သူချစ်သော ထီးရိပ်အောက်မှာ (၂၁)

ဆူးငှက် တကယ်တော့ ကျွန်တော် ကဗျာမကျွမ်းကျင် …။ သို့သော် ဖန်မီးအိမ်၊ အနီနှင့်အပြာ၊ လမ်းသစ်၊ လမင်းတရာ … စသော ကဗျာ စာအုပ်များ၏ သြဇာက လွှမ်းမိုးနေသည်။ စကားပြေဆန်သော ကဗျာအရေးအသားများကို နှစ်ခြိုက်နေမိသည်။ ထိုသြဇာခံဖြင့် ရေးသား ဖြစ်သည်ဆိုကြပါစို့ …။ ကဗျာခေါင်းစဉ်ကို “ဆူးငှက်လားဟေ့ ဝင်ခဲ့လေကွယ်” ဟု ပေးထားသည်။ ဖူးစကက် ၅ မျက်နှာလောက် ရှိမှာပေါ့။ ၂၀၁၄ အောက်တိုဘာ ၂၄ ရက်ရောက်ရင် ဆရာကြီးရွှေဥဒေါင်း ၁၂၅နှစ်တင်းတင်းပြည့်ပြီ။ ၁၉၈၉ ခု အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမရပူရတောင်သမန် တောင်လေးလုံးကျောင်းတိုက်၌ ဆရာကြီးရွှေဥဒေါင်း နှစ် (၁၀၀)ပြည့် အခမ်းအနားကျင်းပတော့ ကျွန်တော်က ဆောင်းပါးအတိုအထွာလေးတွေ ငါးပုဒ်၊ ခြောက်ပုဒ်မျှသာ ပုံနှိပ်ဖော်ပြခံရဖူးသေး ….။ ဒီပွဲမှာ ဆရာကြီးနှင့်ပတ်သက်သော စာတမ်းတွေဖတ်ကြဖို့ပြင်ဆင်ကြတော့ ကျွန်တော်က ဝါရင့်ဆရာကြီးတွေကြား…

Read More
VOM News

FREE
VIEW