သူတို့အိမ် အခန်း ၂၄

ဆူးငှက် အလယ်တန်း ကျောင်းသား ——————————– အိမ်အနီး ဒက္ခိဏဝံကျောင်းက ၄တန်းအောင်သော အခါ အလယ်တန်းကျောင်း (သို့မဟုတ်) အထက်တန်းကျောင်းသို့ ပြောင်းရတော့မည်။ ဘယ်ကျောင်းသို့ ပြောင်းရမလဲဆိုတာ အဘတို့မှာ မဝေခွဲတတ်။ သူတို့ ကိုယ်တိုင်က ဘုန်းကြီးကျောင်း ပညာရေးလောက်ပဲ တတ်ကျွမ်းသည်။ ပြီးတော့ သာမန် နေ့စား အလုပ်သမား၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်မို့ ပညာရေးဗဟုတလည်း မရှိ။ အနီးအနားမှာ နမူနာယူစရာကလည်း များများစားစားမရှိ။ ဝင်းပိုင်ရှင် ဦးလေးသောင်၏ သား ကိုကိုဦးက စိန်ပီတာကျောင်းမှာ ကျောင်းသားကြီး ဖြစ်နေပြီ။ စိန်ပီတာကျောင်းကိုတော့ မမှန်းရဲ။ သူဌေးများ မိဘပညာတတ် များပဲ ထားနိုင်တဲ့ ကျောင်းတဲ့။ တစ်ခါ အမျိုးထဲက ဦးကြီးဘထွန်း ဒေါ်ဒေါ်သောင်းမြိုင်တို့သား ကိုမန်းမောင်ကတော့ နေရှင်နယ်ကျောင်းမှာ ကျောင်းသားကြီးပါပဲ။ ကိုမန်းမောင်ကို အဖော်ပြုကာ နေရှင်နယ်ကျောင်းပဲ ထားမလား။ ဒါကလည်း ရေရှည်မဖြစ်သေး။ နေရှင်နယ်ကျောင်းက…

Read More

အပစ်ရပ်သဘောတူညီချက် ချိုးဖောက်တယ်ဆိုကာ ဂါဇာကို အစ္စရေးက အပြင်းအထန်တိုက်ခိုက်လို့ လူ ၃၃ ယောက်သေဆုံး

ဂါဇာစီးတီး၊ အောက်တိုဘာ-၂၉-၂၀၂၅ ရတီ(VOM) ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၃၃ ယောက်သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အမေရိကန်ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဟားမတ်စ်တို့က ချိုးဖောက်တယ်ဆိုကာ အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာပါ။ ဟားမတ်စ်တို့ဟာ အစ္စရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့ပြီး ဓါးစာခံရုပ်အလောင်းတွေ ပြန်လည်ပေးအပ်ရာမှာလည်း စည်းကမ်းချက်တွေကို ချိုးဖောက်ခဲ့တယ်လို့ အစ္စရေးက စွပ်စွဲထားပါတယ်။ ဟားမတ်စ်ကတော့ အစ္စရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုနဲ့ မပတ်သက်ဘူးလို့ ဆိုထားပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကတိကဝတ်ပြုထားဆဲဖြစ်ကြောင်း အခိုင်အမာဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အပစ်အခတ်ရပ်စဲရေးကို မထိခိုက်သေးဘူးလို့ အခိုင်အမာပြောဆိုခဲ့ပေမယ့် အစ္စရေးစစ်တပ်ဖွဲ့ဝင်တွေ ပစ်မှတ်ထားခံရပါက ပြန်လည်တိုက်ခိုက်သင့်တယ်လို့ ပြောပါတယ်။ အစ္စရေး၏ တိုက်ခိုက်မှုတွေဟာ ဂါဇာစီးတီး ၊ဘိတ်လာဟီယာ၊ အယ်လ်ဘူရီ၊ နူဆီရတ်နဲ့ ခန်းယွန်နစ်ရှိ အိမ်တွေ၊ ကျောင်းတွေနဲ့ လူနေရပ်ကွက်တွေကို ထိမှန်ခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပစ္စည်းကိရိယာတွေ…

Read More

ဒေါ်နယ်ထရန့် တောင်ကိုရီးယားမရောက်ခင် မြောက်ကိုရီးယားက ဒုံးကျည်တွေပစ်ခတ်

ပြုံးယမ်း၊ အောက်တိုဘာ -၂၉-၂၀၂၅ မျိုးဆက်(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် တောင်ကိုရီးယားကို မရောက်ခင် နာရီပိုင်းအလိုမှာ မြောက်ကိုရီးယားဟာ နိုင်ငံအနောက်ဘက်ကမ်းရိုးတန်းမှာ ခရုဇ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့မှ ထုတ်ပြန်ပါတယ်။ ပင်လယ်မှ မြေပြင်ကို ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေကို အင်္ဂါနေ့မှာ ပင်လယ်ဝါကနေ ပစ်လွှတ်ခဲ့ပြီး နှစ်နာရီကျော် ပျံသန်းခဲ့တယ်လို့ နိုင်ငံပိုင် ကေစီအင်န်အေ သတင်းဌာနက ဆိုပါတယ်။ ထိပ်တန်းစစ်ဘက်အရာရှိ ပါ့ခ်ဂျုံချွန်က စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီး စစ်ပွဲအတားအဆီးအတွက် မြောက်ကိုရီးယားနျူကလီးယားတပ်ဖွဲ့တွေ တိုးတက်ရေးမှာ အရေးကြီးတဲ့ အောင်မြင်မှုတွေရရှိခဲ့တယ်လို့ ပြောပါတယ်။ ဒီစမ်းသပ်မှုဟာ မတူညီတဲ့ မဟာဗျူဟာမြောက် ထိုးစစ်ဆင်နည်းလမ်းတွေရဲ့ ယုံကြည်စိတ်ချရမှုကို အကဲဖြတ်ဖို့နဲ့ ရန်သူတွေအပေါ် အသာစီးရယူဖို့ ရည်ရွယ်ကြောင်း ပါ့ခ်ဂျုံချွန်က ပြောပါတယ်။ အရေးကြီးတဲ့ ဒုံးကျည်ပစ်လွှတ်မှုတွေကို ပုံမှန်ကြီးကြပ်လေ့ရှိတဲ့ ကင်ဂျုံအန်တော့ ဒီစမ်းသပ်မှုမှာ ပါဝင်ခြင်းမရှိပါဘူး။ ဒေါ်နယ်ထရန့်ရဲ့ လက်ရှိတောင်ကိုရီးယား ခရီးစဉ်ဟာ သူ့ရဲ့…

Read More

အင်းစိန်မှာ အမျိုးသမီးတယောက်ကို ကားနဲ့ဝင်တိုက်ပြီး ရွှေပြည်သာစက်မှုဇုန်မှာ စွန့်ပစ်မှုဖြစ်ပွား

အောက်တိုဘာ ၂၉ ၊ ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ် ၊ က/ခရပ်ကွက် ၊ ဘုရင့်နောင်လမ်းပေါ် ၊ ရွှေဝါ ၂ လမ်းထိပ်မှာ ဒီကနေ့ အောက်တိုဘာ ၂၉ ရက်နေ့ မနက်အစောပိုင်းက ယာဥ်တိုက်မှုဖြစ်ပွားပြီး ကားသမားက လူနာကို ရွှေပြည်သာစက်မှုဇုန်ဘက်မှာ သွားရောက် စွန့်ပစ်ခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ အင်းစိန်အရံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။ မနက် ၄ နာရီဝန်းကျင်လောက်မှာ ကားနံပါတ် (8B -1709) Light truck ကားက အသက် ၄၀ အရွယ်ဝန်းကျင်အမျိုးသမီးကို ကားနဲ့တိုက်မိခဲ့တာဖြစ်ကြောင်း ၊ ယာဥ်တိုက်မှုဖြစ်ပွားပြီးနောက်မှာ ကားသမားက လူနာအမျိုးသမီးကို ဆေးရုံကို ပို့ဆောင်ပေးမယ်ဆိုပြီး ကားပေါ်တင်ခေါ်ကာ ရွှေပြည်သာစက်မှုဇုန်ထဲက လမ်းဘေးတနေရာမှာ သွားရောက်စွန့်ပစ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ် ။ ” ရောက်တော့လူနာမရှိတော့ဘူး။ဘေးနားမေးကြည့်တော့ တိုက်တဲ့ကားကပဲ ဆေးရုံပို့ပေးမယ်ဆိုပြီး…

Read More

ပစိဖိတ်‌သမုဒ္ဒရာမှာ မူးယစ်မှောင်ခို ရေယာဉ်လေးစင်းကို အမေရိကန်တိုက်ခိုက်လို့ ၁၄ ယောက် သေဆုံးပြန်

ဝါရှင်တန်၊ အောက်တိုဘာ -၂၉-၂၀၂၅ ရတီ(VOM) ပစိဖိတ်သမုဒ္ဒရာမှာ မူးယစ်မှောင်ခိုရေယာဉ်လေးစင်းကို အမေရိကန်တပ်ဖွဲ့တွေက ဗုံးကြဲ တိုက်ခိုက်မှုအတွင်း လူ ၁၄ ယောက် သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ပီဟက်ဆက်က ပြောပါတယ်။ အသက်ရှင်ကျန်တဲ့ တယောက်ကိုတော့ ပစိဖိတ်ကမ်းရိုးတန်းမြို့ အကာပူလ်မှ မိုင်း ၄၀၀ အကွာမှာ မက္ကဆီကို ရေတပ်က ရှာဖွေနေဆဲဖြစ်တယ်လို ထုတ်ပြန်ပါတယ်။ မက္ကဆီကိုသမ္မတကတော့ ဒီတိုက်ခိုက်မှုကို လက်မခံဘူးလို့ ဆိုပါတယ်။ အမေရိကန်အနေနဲ့ နိုင်ငံတကာ စည်းမျဉ်းတွေကို လေးစားသင့်တယ်လို့ တိုက်တွန်းထားပြီး မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး၊ ရေတပ်ကိုယ်စားလှယ်တွေအနေနဲ့ အမေရိကန်သံအမတ်ကြီးနဲ့ တွေ့ဖို့ ညွှန်ကြားထားပါတယ်။ ဒါဟာ ပစိဖိတ်နဲ့ ကာရစ်ဘီယံ‌ဒေသတွေမှာ မူးယစ်ဆေးဝါး သယ်ဆောင်နေတယ်လို့ သံသယရှိတဲ့ ရေယာဉ်တွေကို အမေရိကန်ရဲ့ နောက်ဆုံး တိုက်ခိုက်မှုတခုလည်း ဖြစ်ပါတယ်။ တိုက်ခိုက်ခဲ့တဲ့ ရေယာဉ်လေးစင်းဟာ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်းတွေတလျှောက် ရွေ့လျားသွားလာပြီး မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတာကို…

Read More

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားတဲ့ ရတနာသိင်္ခတံတား မိုင်းခွဲဖျက်ဆီးခံရလို့ ပျက်စီးသွား

အောက်တိုဘာ ၂၉ ၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ၊ ကျောက်မြောင်းမြို့နယ် တို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတစင်းဖြစ်တဲ့ ” ရတနာသိင်္ခတံတား ” အောက်တိုဘာ ၂၈ ရက်နေ့ ညပိုင်းက မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ တံတားဖောက်ခွဲခံရမှုကြောင့် ရတနာသိင်္ခတံတားကြီး ကျိုးကျပျက်စီးသွားကြောင်း ၊မိုင်းဖောက်ခွဲခံရမှုကြောင့် ပျက်စီးမှုအပိုင်းမှာ စဥ့်ကူးမြို့နယ်ဘက်အခြမ်းဖြစ်တယ်လို့ သိရပါတယ်။ ” တံတားက ည ၁၂ ကျော်လောက်တုန်းက ဖောက်ခွဲခံရတယ် သိရတယ်။ဘယ်သူက လုပ်တယ်ဆိုတာတော့ မသိပါဘူး။ တံတားတိုင်အမှတ် ၄ /၅ နဲ့ ၆/၇ ကျိုးကျပျက်စီးသွားတယ်သိရတယ် ” လို့ ရွှေဘိုဒေသခံကပြောပါတယ်။ ရတနာသိင်္ခတံတားရဲ့ တဖက်ခြမ်း ကျောက်မြောင်းမြို့နယ်မှာ အစိုးရတပ်တွေက အုပ်ချုပ်ထားပြီး စဥ့်ကူးမြို့နယ်မှာတော့ ဒေသတွင်းလက်နက်ကိုင် တပ်တွေက ထိန်းချုပ်ထားတာဖြစ်ကြောင်း ၊ တံတားကြီးကို ဖြတ်သန်းသွားလာခွင့်ပိတ်ထားတာ…

Read More

မိုးကုတ်နဲ့ မိုးမိတ်မြို့နယ် ကနေ TNLA ပြန်လည်ဆုတ်ခွာမှုအပေါ် ဒေသခံတွေရဲ့ အမြင်

အောက်တိုဘာ ၂၉၊ ၂၀၂၅ Shy V (VOM) အစိုးရ စစ်တပ်နဲ့ TNLA အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး မိုးကုတ်နဲ့ မိုးမိတ်မြို့နယ် ကနေ TNLA ပြန်လည်ဆုတ်ခွာတာဟာ ဒေသခံတွေအတွက် ကောင်းတယ်လို့ ယူဆကြောင်း ဒေသခံတွေက ပြောပါတယ်။ “ဒေသခံ ပြည်သူတွေ အတွက်တော့ ကောင်းသွားတာပေါ့။ ပြည်သူတွေလည်း လေကြောင်းအန္တရာယ် ​ေကြာင့် စိတ်ပင်ပန်းတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ အခုက ဒေသခံတွေ ဘယ်သူမဆို အေးအေးချမ်းချမ်းပဲ လုပ်ကိုင် စားသောက်ချင်တော့တာလို့ သူက ပြောပါတယ်။ အစိုးရ တပ်ဖွဲ့ ဘက်ကတော့ TNLA ဘက်က မိုးကုတ်နဲ့ မိုးမိတ် ကနေ ဆုတ်ခွာပေးရင် စစ်တပ်ဘက်က ဘာမှမလုပ်တော့ဘူးလို့ ကြားတာပဲလို့ ပြောပါတယ်။ “လူ့အသက်နဲ့ ပြည်သူ့ စည်းစိမ်ဥစ္စာတွေ ပျက်စီးရုံသက်သက် စစ်ကစားတာလို့ပဲ…

Read More

တပ်မတော်နဲ့ TNLA အပစ်ခတ်ရပ်စဲပြီး မိုးကုတ်နဲ့ မိုးမိတ်က​နေ TNLA ဆုတ်​ပေးရမယ်

အောက်တိုဘာ ၂၉၊ ၂၀၂၅ NN(VOM) တရုတ်အစိုးရရဲ့ ကြားဝင်ဆွေးနွေးမှုကြောင့် တပ်မတော်နဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့တို့ကြား ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်ပြီလို့ TNLA ကဒီနေ့မှာသတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံကူမင်းမြို့မှာ အခုလ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့ နှစ်ရက်တာ ဆွေးနွေးပွဲအတွင်း သဘောတူညီချက်တွေ ရရှိခဲ့တာဖြစ်ပြီး TNLA ဘက်က မိုးကုတ်၊ မိုးမိတ်မြို့တွေကနေ တပ်တွေ ပြန်ဆုတ်ရမှာဖြစ်ပါတယ်။ တပ်မတော်ဘက်က TNLA ထိန်းချုပ်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ ထိုးစစ်ဆင်မှုတွေ မလုပ်ရဘူးလို့ သဘောတူညီခဲ့ကြောင်း TNLA ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ ဒီဆွေးနွေးပွဲကို တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်းက ဦးဆောင်ခဲ့ပြီး တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ပြီး TNLA ဘက်တော့ ဒုတိယဗိုလ်ချုပ်ကြီး တာဂျုတ်ဂျား ဦးဆောင်တဲ့ အဖွဲ့ တက်ရောက်ခဲ့တယ်လို့ TNLA ဘက်က…

Read More

ဘင်္ဂလား‌ဒေရှ် ရွေးကောက်ပွဲ အဝါမီလိဂ်ပါတီ ထောက်ခံသူသန်းပေါင်းများစွာ သပိတ်မှောက်မယ်လို့ ဟာစီနာပြော

ဒါကာ၊ အောက်တိုဘာ-၂၉-၂၀၂၅ မျိုးဆက်(VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲဝင်ခွင့်ပိတ်ပင်ထားတာကြောင့် ပါတီထောက်ခံသူ သန်းပေါင်းများစွာဟာ လာမယ့်နှစ် ရွေးကောက်ပွဲကို အကြီးအကျယ် သပိတ်မှောက်ကြလိမ့်မယ်လို့ ရာထူးကနေ ဖြုတ်ချခံရပြီး အိန္ဒိယကို ပြည်ပြေးအဖြစ် ရောက်ရှိနေတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ပြောပါတယ်။ အသက် ၇၈ နှစ်အရွယ် ဟာစီနာဟာ သူမရဲ့ပါတီကို ချန်လှပ်ထားတဲ့ ရွေးကောက်ပွဲတွေအပြီး ဖွဲ့စည်းမယ့် ဘယ်အစိုးရအောက်မှာမဆို ဘင်္ဂလား‌ဒေ့ရှ်ကို ပြန်လာမှာမဟုတ်ဘူးလို့ ပြောပါတယ်။ သူဟာ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကျောင်းသားတွေဦးဆောင်တဲ့ အုံကြွမှုမှာ အိန္ဒိယကို တိမ်းရှောင်နေခဲ့တာပါ။ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မူဟာမက်ယူးနပ်စ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရဟာ ဟာစီနာ ရာထူးမှ ဖယ်ရှားခံရပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ကို အုပ်ချုပ်ခဲ့ပြီး လာမယ့်နှစ် ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကတိပြုထားပါတယ်။ “အဝါမီလိဂ်ကို ပိတ်ပင်ခြင်းဟာ မတရားရုံသာမက ပိတ်ပင်သူတွေကိုယ်တိုင်လည်း ရှုံးနိမ့်စေလိမ့်မယ် ”…

Read More

ရန်ကုန်လေဆိပ်မှာ ပြုပြင်မှုပြုလုပ်နေလို့ ဒီနေ့ကစပြီး နှစ်လကြာတဲ့အထိ ညဘက်မှာ ပိတ်ထားမယ်

အောက်တိုဘာ ၂၉ ၊ ၂၀၂၅ CC (VOM) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (YIA )မှာ လေယာဥ်ပြေးလမ်းကြောင်း ပြုပြင်နေတဲ့အတွက် ဒီကနေ့ အောက်တိုဘာ ၂၉ ရက်မှစပြီး လေဆိပ်ကို ည ၁၂ နာရီမှ မနက် ၆ နာရီအတွင်း ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ လေယာဥ်လက်မှတ်အရောင်းဌာနတွေ ဆီမှသိရပါတယ်။ ညပိုင်း လေယာဥ်ပျံသန်းခွင့်ပိတ်ထားခြင်းကို အောက်တိုဘာ ၂၉ ရက်နေ့ ညပိုင်းမှစပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အချိန် နှစ်လအကြာ ယာယီပိတ်ထားမှာဖြစ်တယ်လို့သိရပါတယ်။ ” ဟုတ်ပါတယ်။ လေယာဥ်ပြေးလမ်းကြောင်း ပြုပြင်မှာမို့လို့ ညဘက်ကို လေယာဥ်တွေပျံသန်းခွင့် ပိတ်ထားတာပါ။ ဒါကြောင့်သူတို့ ကန့်သတ်လိုက်တဲ့အချိန်မှာ ပြေးဆွဲဖို့စီစဥ်ထားတဲ့ လေယာဥ်တွေက အချိန်ကို ရှေ့တိုးလိုက်တာရှိသလို အနောက်ရွှေ့လိုက်တာမျိုးရှိတယ်။ ခရီးသွားမယ့်သူတွေသေချာ စုံစမ်းကြပါ။” လို့ ပြည်တွင်း ပြည်ပလေယာဥ်လက်မှတ်အရောင်းဌာနတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။ ညပိုင်းကို…

Read More
VOM News

FREE
VIEW