မန္တလေး၊ အောက်တိုဘာ- ၄- ၂၀၂၅
SA(VOM)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာရှိတဲ့ မန္တလေးတက္ကသိုလ်ကြီးဟာဆိုရင် ဒီနှစ် ၂၀၂၅ ခုနှစ်မှာ နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး ရာပြည့်သဘင်အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ တက်ရောက်တာကို တွေ့ရပါတယ်။
အခမ်းအနားမှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရာပြည့်အထိမ်းအမှတ်ကျောက်စာကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်ခလုပ်နှိပ်ဖွင့်လှစ်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ဘွဲ့နှင်းသဘင် ခန်းမမှာ မန္တလေးနဲ့ မန္တလေးတက္ကသိုလ်ကြီးအတွက် ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အခမ်းအနားကို တက္ကသိုလ် ကျောင်းသား/သူ ဟောင်းတွေ၊ မြို့မိမြို့ဖတွေနဲ့ အငြိမ်းစား ဆရာ၊ ဆရာမဟောင်းတွေ ကျောင်းသားကျောင်းသူအဟောင်းရော အသစ်တွေပါ တက်ရောက်ခဲ့ပါတယ်။
မန္တလေးတက္ကသိုလ် ပင်မဆောင်ကြီးဟာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်အတွင်း မီးလောင်ခဲ့ရာမှာ အထက်မြန်မာပြည်က တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့ပါတယ်။ ဒီပျက်စီးမှုတွေကို ရာပြည့်ပွဲအချိန်မီပြုပြင်နိုင်ခဲ့လို့ ခုလို မန္တလေးတက္ကသိုလ်ရာပြည့်သဘင်ပွဲ ကျင်းနိုင်တာဖြစ်ပါတယ်။ ဒီရာပြည့်သဘင်ပွဲကို သာမာန်ပြည်သူတွေလေ့လာနိုင်ဖို့ ၄ရက်တာ ခင်းကျင်းပြသထားမှာဖြစ်ပါတယ်။