အောက်တိုဘာ ၂၄၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး နဲ့ သီပေါက လဝက ဝန်ထမ်း တချို့ လာဘ်စားလို့ အောက်တိုဘာလ တတိယပတ်ခန့်က အရေးယူခံရကြောင်း ဒေသခံတွေနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပြန်လည်ဖြေကြားချက် အရ သိရပါတယ်။ “လားရှိုးလဝက ဝန်ထမ်း ၃ ယောက်ပါခင်မျ။ ဒီလ အောက်တိုဘာလ ၁၈ ရက်နေ့က အရေးယူခံရတာပါ ခင်ဗျ။ ဖြစ်တာက ပြီးခဲ့လ ကပါ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ လာဘ်စားတယ်လို့ ကျော်ကြားနေတာ ကြာပါပြီ။ ဖြစ်ကာ အရင်က ကိုယ်တိုင် လာဘ်ငွေယူပြီး အဲဒီနောက် ပွဲစားလိုလိုနဲ့ ငွေတွေ ယူတာလို့ သိရတယ်လို့ သူက ပြောပါတယ်။ “ကိုယ်တိုင်လာလို့ သာပြောတာ ကိုယ်တိုင်လာရင် လချီရင်တောင် မရနိုင်ဘူး။…
Read MoreMonth: October 2025
ဖားကန့်မှာ မြေစာပြိုလို့ လူနှစ်ယောက် သေဆုံးပြန်
အောက်တိုဘာ ၂၄ ၊ ၂၀၂၅ GG (VOM) ဖားကန့်ဒေသ ၊ဆိုင်းတောင်ရွာအုပ်စု ၊ နမ့်မှော်ကျေးရွာရှိ ပအို့ဝ် မြေစာပုံဟောင်း လုပ်ကွက်မှာ မနေ့က အောက်တိုဘာ ၂၃ ရက်နေ့ ညနေပိုင်းက မြေစာပုံပြိုကျလို့ ရေမဆေးကျောက် ရှာဖွေသူအမျိုးသားနှစ်ယောက် သေဆုံးပြီး အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိမှုဖြစ်ပွား ခဲ့တယ်လို့သိရပါတယ်။ “ကျောက်ရှာနေချိန် မြေစာပုံကပြိုကျပြီး သူတို့အပေါ်ပိမိသွားတာပါ။ မြေစာပုံပြိုကျပြီးတော့ လူပိသွားတယ်ဆိုတာသိလို့ ကုမ္ပဏီဘက်က ဘက်ဟိုးကားနဲ့မြေစာ ဖော်ပေမယ့် အသက်မမီလိုက်ဘူး။ပွဲချင်းပြီးဆုံးသွားတယ်။ဒဏ်ရာရတဲ့ကောင်လေးက ခြေထောက်မှာပဲ ထိခိုက်မိတယ်။မစိုးရိမ်ရပါဘူး။ ” လို့ ဖြစ်စဥ်သိသူ ဖားကန့်ဒေသခံကပြောပါတယ်။ မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူအမျိုးသားနှစ်ယောက်မှာ အသက် ၃၀ ပတ်ချာလည်အရွယ်လောက်ဖြစ်ပြီး မိသားစုနဲ့ နေထိုင်ရာ ဇာတိကို မသိရသေးတဲ့အတွက် မိသားစုနဲ့အဆက်အသွယ်မရသေးကြောင်း ၊ ထိခိုက်ဒဏ်ရာရတဲ့အမျိုးသားကတော့ အသက် ၁၄ နှစ်သာရှိသေးတယ်လို့သိရပါတယ်။ ဖားကန့်ဒေသမှာ ရေမဆေးကျောက်ရှာဖွေနေသူတွေထဲမှာ ဒေသခံတွေပါသလို အခြားဒေသတွေကနေလည်း အများအပြားလာရောက်ပြီး ကျောက်ရှာဖွေမှုရှိနေတာဖြစ်တယ်လို့သိရပါတယ်။…
Read Moreသီပေါ – နမ္မတူ လမ်းဘက် မန်လီရွာအထိ စစ်ကြောင်းတွေ ရောက်လာ
အောက်တိုဘာ ၂၄၊ ၂၀၂၅ Shy V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စု၊ သီပေါ – နမ္မတူ လမ်းဘက် မန်လီရွာအထိ လက်ရှိ အစိုးရတပ်ဖွဲ့ စစ်ကြောင်းရောက်လာကြောင်း ဒေသခံတွေစီက သိရပါတယ်။ “စစ်ကြောင်းတွေက မန်လီ ရောက်သွားပြီလို့ ကြားတယ်။ ၅၀၃၊ ၅၀၄ လည်း ရသွားပြီလေ။ ပန်လုံရောက်ရင်တော့ နမ္မတူ နဲ့ နမ့်ဆန် လမ်းခွဲရောက်ပြီ။” လို့ သီပေါ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ မန်လီရွာက သီပေါ – နမ္မတူလမ်းကြောင်းပေါ်မှာရှိပြီး မန်လီရွာ နဲ့ ပန်လုံရွာက ၇ မိုင်လောက်တော့ ဝေးဦးမယ်လို့ သူက ပြောပါတယ်။ “စစ်တပ် စစ်ကြောင်းက မိုးတေ ကျော်သွားပြီ။ မိုးတေကတော့ ခုတောင် အေးအေး ဆေးဆေး…
Read Moreဒေါ်နယ်ထရန့် တောင်ကိုရီးယားရောက်ချိန် ကင်ဂျုံအန်နဲ့တွေ့ဖို့ အခြေအနေတွေရှိကြောင်း တောင်ကိုရီးယားပြော
ဆိုးလ်၊ အောက်တိုဘာ -၂၄-၂၀၂၅ ရတီ(VOM) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ တောင်ကိုရီးယားခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံဖို့ အခြေအနေတွေ အများအပြားရှိတယ်လို့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးက ဒီကနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်အတွက် ဗုဒ္ဓဟူးနေ့မှာ ဒေါ်နယ်ထရန့် တောင်ကိုရီးယားကို ရောက်ရှိမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ထရန့်နဲ့ ကင်ဂျုံအန်တို့အကြား တွေ့ဆုံပွဲတခုအတွက် အမေရိကန်အစိုးရတာဝန်ရှိသူတွေ သီးသန့်ဆွေးနွေးခဲ့တယ်လို့ အမေရိကန်သတင်းဌာနတွေက ဆိုပါတယ်။ မြောက်ကိုရီးယားဟာ အမေရိကန်ပြည်ထောင်စုကို အာရုံစိုက်နေပြီး တုံ့ပြန်မှုပုံစံတွေက တွေ့ဆုံဆွေးနွေးဖို့ အလားအလာများစွာရှိကြောင်း ညွှန်ပြနေတယ်လို့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချွန်ဒုံယောင်းက သတင်းထောက်တွေကို ပြောပါတယ်။ ဒေါ်နယ်ထရန့်ကလည်း ကင်ဂျုံအန်နဲ့ ပြန်လည်တွေ့ဆုံဖို့ မျှော်လင့်ကြောင်းနဲ့ ယခုနှစ်အတွင်း ဖြစ်နိုင်တယ်လို့ ပြောကြားထားပါတယ်။ ထရန့်နဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ အမှတ်တရာတွေရှိနေပြီး အမေရိကန်အနေနဲ့ မြောက်ကိုရီးယား နျူကလီးယားစွန့်လွှတ်ရေး တောင်းဆိုမှုတွေကို…
Read Moreကန်ပက်လက်မှာ လေကြောင်းဗုံးကြဲခံရပြီး လေးယောက်သေ၊ ၁၀ ယောက်ထက်မနည်း ဒဏ်ရာရ
အောက်တိုဘာ ၂၄ ၊ ၂၀၂၅ GG (VOM) ချင်းပြည်နယ် ၊ကန်ပက်လက်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၄ ရက်နေ့၊ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး လေးယောက်သေဆုံးကာ ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ လေကြောင်းတိုက်ခိုက်မှုက မြို့မ ၂ ရပ်ကွက် ၊ ၁၀ မိုင်ကုန်းမှာပြုလုပ်နေတဲ့ မင်္ဂလာဆောင်ပွဲထဲကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း ၊ မင်္ဂလာဆောင်ကတော့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့ CDF-Kanpetlet မှ ဆလိုင်းအောင်လိန်းဆိုသူရဲ့မင်္ဂလာအခမ်းအနားကျင်းပနေတာ ဖြစ်တယ်လို့ ဒေသတွင်းသတင်းနဲ့ စစ်ရေးသတင်းရင်းမြစ်တွေအရ သိရပါတယ်။ ” ပွဲလုပ်နေတဲ့အပေါ်တည့်တည့်ကိုကျတယ်သိရတယ်။ အခုသိရသလောက်ကတော့ အမျိုးသား သုံးယောက်နဲ့ အမျိုးသမီးတယောက်သေ ပါတယ်။ ဒဏ်ရာရသူလည်းများတယ်သိရတယ်။ ကျန်တဲ့ အခြေအနေ မသိရသေးဘူး။ ” လို့ စစ်ရှောင်အရေးကူညီနေသူကပြောပါတယ်။ လက်ရှိမှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသူတွေကို ဆေးကုသပေးဖို့လုပ်ဆောင်နေကြောင်း ၊ သေဆုံးနဲ့ထိခိုက်ဒဏ်ရာရ အခြေအနေကိုတော့ CDF-Kanpetlet မှထုတ်ပြန်တာမျိုးမတွေ့ရှိရသေးပါဘူး။…
Read Moreသူတို့အိမ် အခန်း – ၂၂
ကလေး လူကြီး ——————- သည်တစ်ခေါက် အလှူအပြီး ရွာက ပြန်လာတော့ ကိုယ့်ကိုကိုယ် ကလေးလို့ မထင်တော့ဘဲ လူကြီးဖြစ်တော့မယ်ဟု စိတ်ထဲမှာ အလိုလိုဖြစ်နေ၏။ စာမေးပွဲအောင်စာရင်းထွက်အပြီး ၅တန်းတက်ရမှမို့ အလယ်တန်းကျောင်းသား ဖြစ်တော့မည်ဟု လူကြီးစိတ်ဝင်ချင်တာလည်းဖြစ်မည်။ ထို့ကြောင့် ရွာကအပြန် ခေါင်းတုံးနှင့် ကျွန်တော့်ကို တွေ့တဲ့သူတိုင်းက “ဟ ကျော်ဆန်းကြီး အသားတွေမည်းပြီး ဝလာတယ်၊ အရပ်လည်းမြင့်လာတယ်” ဟု ပြောကြတာ သတိထားမိသည်။ သည်တစ်ခါ ကျောင်းအပိတ်တွင် အဘက သူ့အလုပ်အားသည့် အချိန်ရောက်လျှင် ကျွန်တော့်ကို ခေါ်ကာ သူကိုင်နေကျ လွယ်အိတ်အဟောင်းလေးကို ထုံပြီး သစ်ဆိုင်တွေဆီသွားသည်။ စကားစပ်လို့ အဘကို သူအလုပ်အားသည့်အချိန်ဟု ဆိုရာ အဘ၏ ဆီစက်ဘွုင်လာမီးထိုးအလုပ်က မနက်ဆိုင်းဆိုလျှင် မနက် ၅နာရီက နေ့လယ် ၁နာရီအထိ၊ နေ့ဆိုင်းဆိုလျှင် နေ့လယ်…
Read Moreအသံလွန် ဒုံးကျည်စနစ်သစ် စမ်းသပ်ခဲ့တယ်လို့ မြောက်ကိုရီးယားပြော
ပြုံးယမ်း၊ အောက်တိုဘာ-၂၃-၂၀၂၅ ရတီ(VOM) မြောက်ကိုရီးယားဟာ သူရဲ့ နောက်ဆုံးဒုံးကျည်စမ်းသပ်မှုမှာ အသံထက်မြန်သည့်စနစ်အသစ် ပါဝင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးကို လွှမ်းမိုး ဖြတ်ကျော်နိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ လက်နက်တွေကို ဆက်လက်တည်ဆောက်နေပြီး ဒါဟာနျူကလီးယားစစ်ပွဲ အဟန့်အတားကို အားကောင်းစေရန် ရည်ရွယ်တယ်လို့ ကင်ဂျုံအန်က ပြောပါတယ်။ မြို့တော် ပြုံယမ်းရဲ့ တောင်ဘက် ဧရိယာမှ ပဲ့ထိန်းဒဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားပြီး တရက်အကြာမှာ အသံထက်မြန်တဲ့ ဒုံးကျည်စနစ်နဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအင်န်အေက ထုတ်ဖော်တင်ပြလာတာဖြစ်ပါတယ်။ အဲဒီပဲ့ထိန်းဒုံးကျည်တွေဟာ အရှေ့မြောက်ဘက် ကီလိုမီတာ ၃၅၀ အထိ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်အပါအဝင် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲအတွက် တောင်ကိုရီးယားကို မလာရောက်မီ မြောက်ကိုရီးယားက ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာပါ။ ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုကို သိရှိကြောင်း…
Read Moreမြစ်ငယ် အထကမှာ ဓားထိုးမှုဖြစ်လို့ သုံးယောက်ဒဏ်ရာရ
အောက်တိုဘာ ၂၃၊ ၂၀၂၅ GG (VOM) မန္တလေးတိုင်း၊ အမရပူရမြိုနယ်၊မြစ်ငယ်မြို့ အ.ထ.က ကျောင်းမှာ ဓားထိုးမှုဖြစ်ပွားပြီး ကျောင်းသူနှစ်ယောက်နဲ့ ကျောင်းသားတယောက်တို့ ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံမှာကုသမှုခံယူနေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဓားထိုးခံရမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေက Grade 11 ကျောင်းသား ကျောင်းသူတွေဖြစ်တဲ့ မစုမြတ်နိုးဦး ၊ မရွှေစင်ငြိမ်း ၊မောင်မျိုးမင်းထွန်းဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ ” ဖြစ်တာက ကျောင်းသားအချင်းချင်းတော့မဟုတ်ဘူး။ ကျောင်းသူတယောက်ရဲ့အမက သူ့ညီမကို အအေးဘူးပေးမယ်ဆိုပြီး ကျောင်းထဲဝင်ပြီး လုပ်သွားတာလို့သိရတယ်။အဲဒါကို တခြားကျောင်းသူတွေက ဝင်ဆွဲတာမှာ ဒဏ်ရာရကုန်တာ။ဓားနဲ့လည်ပင်းထိုးခံရတဲ့တယောက်ကတော့ ပြင်းတယ်သိရတယ်။” လို့ ဒေသခံကပြောပါတယ်။ ဓားထိုးမှုမှာ လည်ပင်းထိုးသွင်းဒဏ်ရာ လက်ခုံနဲ့ လည်ပင်း ပြတ်ရှဒဏ်ရာတွေရရှိခဲ့ပြီး ကျောင်းသားတွေကို ဆေးခန်းမှတဆင့် ဆေးရုံကို မြစ်ငယ်ကြက်ခြေနီအသင်းခွဲမှ အရေးပေါ်ပို့ဆောင်ခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။ ဖြစ်စဥ်အခြေအနေအသေးစိတ် ကို ကူညီကယ်ဆယ်ရေးသွားရောက်ခဲ့တဲ့ မြစ်ငယ်ကြက်ခြေနီအသင်းခွဲကိုဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဥ်မှန်ကြောင်းပြောဆိုပေမယ့် အသေးစိတ်အခြေအနေကို ဖြေဆိုဖို့အဆင်မပြေကြောင်း ငြင်းဆိုခဲ့ပါတယ်။ ခုလို ကျောင်းဝန်းထဲ ဓားထိုးမှုဖြစ်ပွားတဲ့အပေါ်…
Read Moreဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံထိပ်သီးအစည်းအဝေး မတက်ဘူးလို့ မလေးရှား အတည်ပြု
ကွာလာလမ်ပူ၊ အောက်တိုဘာ -၂၃-၂၀၂၅ မျိုးဆက်(VOM) ယခုလနှောင်းပိုင်းမှာ ကွာလာလမ်ပူမှာ ကျင်းပမယ့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မှာမဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်က ပြောပါတယ်။ မြန်မာနိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ငါးချက်ကို ခိုင်ခိုင်မာမာ ကိုင်ဆွဲထားတယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောကြောင်း မလေးရှားအခြေစိုက် Bernama သတင်းဌာနက ဆိုပါတယ်။ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်မှုအားနည်းတယ်ဆိုကာ မြန်မာခေါင်းဆောင်တွေကို အာဆီယံထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့် ကန့်သတ်ထားပြီး ကိုယ်စားလှယ်သာ စေလွှတ်ခွင့် ပေးထားပါတယ်။ ထိပ်သီးဆွေးနွေးကို ရုရှားသမ္မတ ပူတင်လည်း တက်ရောက်မှာ မဟုတ်ဘူးလို့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။ ပူတင်အစား ရုရှားဒုတိယဝန်ကြီးချုပ် တက်မယ်လို့ အန်ဝါအီဗရာဟင်က ပြောပါတယ်။ နယ်စပ်ဖြတ်ကျော်အွန်လိုင်းလိမ်လည်မှုပြဿနာဟာ နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုဖြစ်နေပြီး ကိုင်တွယ်ဖြေရှင်းဖို့ ပိုမိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးအဖြေရှာမယ်လို့ သူက ဆိုပါတယ်။ “ ဒီပြဿနာဟာ ဒေသတွင်း…
Read Moreရွေးကောက်ပွဲ အသုံးစရိတ်တွေ တိုးမြှင့် ၊ ကုန်ကျစာရင်း မတင်ပြရင် အရည်အချင်းပျက်ယွင်းသူ သတ်မှတ်မယ်
အောက်တိုဘာ ၂၃ – ၂၀၂၅ SS (VOM) လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ အသုံးစရိတ်တွေကို တိုးမြှင့် သတ်မှတ်ထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က အသိပေးထားပါတယ်။ လက်ရှိ ပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေအရ ပြောင်းလဲ တိုးမြှင့်လိုက်တာဖြစ်ပြီး အရင်က လွှတ်တော် သုံးရပ်မှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကို ကျပ်သိန်း ၁၀၀ သတ်မှတ်ထားပေမယ့် အခု သိန်း ၁၅၀ အထိ တိုးပေးထားတယ်လို့ သိရပါတယ်။ ဒါအပြင် အရင်က ကျပ် သိန်း ၁၅၀ သတ်မှတ်ခဲ့တဲ့ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ရဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်ကိုလည်း လက်ရှိမှာ…
Read More