အောက်တိုဘာ ၂၃၊ ၂၀၂၅ GG (VOM) ထိုင်း-မြန်မာနယ်စပ် ၊ ကရင်ပြည်နယ် ၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာအနီးမှာရှိတဲ့ တရုတ်နိုင်ငံသားတွေဦးစီးလုပ်ကိုင်နေတဲ့ ကျားဖြန့် ( ငွေလိမ်ဂိုဏ်း) AA အလုပ်ဆိုက်ကနေ မြဝတီမြို့ ကို ထွက်ပြေးလာသူတွေ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့အထိ အများအပြားရှိနေတယ် လို့ မြို့ခံတွေ ဆီကသိရပါတယ်။ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကနေ ထွက်ပြေးလာသူတွေထဲက ခေါင်းဆောင်ပိုင်းတွေကိုတော့ BGF က ကားတွေနဲ့ ခေါ်ဆောင်ကာ ပို့ဆောင်ပေးတာမျိုးရှိ ပြီး ကျန်တဲ့သူတွေကတော့ AA ဆိုက်ကနေ မြဝတီအထိ အဝတ်အစားအထုတ်ကိုယ်စီနဲ့လမ်းလျှောက်လာကြတာရှိသလို ဆိုင်ကယ်ငှားရမ်းပြီးလာရောက်ကြတာမျိုးလည်းတွေ့ရတယ်လို့ဆိုပါတယ်။ ကျားဖြန့်လုပ်ကိုင်သူတွေဟာ မနေ့က အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းကတည်းက ထွက်ပြေးလာကြတာဖြစ်ကြောင်း ၊ လက်ရှိအထိ ကျားဖြန့်ဂိုဏ်းက ထွက်ပြေးလာ သူတွေကို အစိုးရဘက်က ခေါ်ယူထိန်းသိမ်းပြီး အရင်လို နိုင်ငံချင်းချိတ်ဆက်ပြီး သက်ဆိုင်ရာနိုင်ငံကို…
Read MoreMonth: October 2025
ကြံခင်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး မန္တလေးတိုင်းထဲ ခရီးသွားရင်း လက်နက်ကိုင်အဖွဲ့တခုကဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်
အောက်တိုဘာ ၂၃ -၂၀၂၅ KKL (VOM ) ဧရာဝတီတိုင်း ကြံခင်းမြို့နယ် တလိုင်းကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်တဲ့ အသက် ၇၂ နှစ်အရွယ် ဦးတင်လှဟာ အောက်တိုဘာ ၁၉ ရက်က မန္တလေးတိုင်း မြင်းခြံမြို့ကနေ နေရပ်ကို ခရီးသည်တင် မော်တော်ယာဉ်နဲ့ ပြန်အလာ ကျောက်ပန်းတောင်းမြို့နယ် ဆိတ္တိန်းကျေးရွာအနီး အရောက်မှာလက်နက်ကိုင်အဖွဲ့တခုကဖမ်းဆီးသွားတာလို့ ဆွေမျိုးနီးစပ်သူဆီက သိရပါတယ်။ ”အလုပ်ကိစ္စနဲ့ ခရီးသွားရင်းအဖမ်းခံရတာလို့ သိရပါ တယ်။ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးနေတဲ့ လက်နက်ကိုင်အဖွဲ့က အုပ်ချုပ်ရေးမှူး ဦးတင်လှကိုဖမ်းဆီးခေါ် ဆောင်သွားတာ ဒီနေ့အထိအဆက်သွယ် ပြတ်နေတယ်။”လို့ အဖမ်းခံရတဲ့သူနဲ့ နီးစပ်သူ တယောက်ကပြောပါတယ်။ အဲ့ဒီ ကျေးရွာအုပ်ချုပ်ရေးမှူး လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက စုံစမ်း စစ်ဆေးရှာဖွေနေတယ်လို့သိရပါတယ်။ ”ဖြစ်စဉ်ကို အသေးစိတ်ကို သက်ဆိုင်ရာက စစ်ဆေးနေပါတယ်။ လက်နက်ကိုင်အဖွဲ့က ၆ ယောက်လောက်က ယာဉ်တွေကိုတားစီးစစ်ဆေးနေပြီးဖမ်းသွားတာလို့သိရပါတယ်။”လို့…
Read Moreအာဆီယံထိပ်သီး ဆွေးနွေးပွဲအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ ကွာလာလမ်ပူရောက်ရှိ
ကွာလာလမ်ပူ၊ အောက်တိုဘာ-၂၃-၂၀၂၅ မျိုးဆက်(VOM) မလေးရှားနိုင်ငံမှာ ကျင်းပမယ့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမတိုင်ခင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနဲ့ ကိုယ်စာလှယ်အဖွဲ့ဟာ ကွာလာလမ်ပူလေဆိပ်ကို ဒီကနေ့မနက်ပိုင်းမှာ ရောက်ရှိနေပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ကွာလာလမ်ပူလေဆိပ်ကို မနက် ၁၁ နာရီ ၃၅ မိနစ်မှာ ရောက်ရှိခဲ့တာလို့ မလေးရှားအခြေစိုက် Bernama သတင်းဌာနက ဆိုပါတယ်။ ဒါအပြင် အရှေ့တီမော နိုင်ငံခြားရေးနဲ့ ပူပေါင်းဆောင်ရွက်ရေးဝန်ကြီး ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့လည်း ဒီကနေ့မနက်ပိုင်းမှာ ကွာလာလမ်ပူကို ရောက်ရှိနေကြပါတယ်။ မလေးရှားဟာ ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်ပြီး အားလုံးပါဝင်မှုနဲ့ ရေရှည်တည်တံ့မှုဆိုတဲ့ ခေါင်းစဉ်နဲ့အတူ ယခုနှစ်အာဆီယံထိပ်သီးအစည်အဝေးနဲ့ ဆက်စပ်အစည်းအဝေးကိုတွေ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်ထိ လက်ခံကျင်းပမှာဖြစ်ပါတယ်။ အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေအပြင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ တရုတ်ဝန်ကြီးချုပ် လီချန်း၊ ဘရာဇီးသမ္မတ…
Read Moreပုလောမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တို့ ပစ်သတ်ခံရ
အောက်တိုဘာ ၂၃ ၊ ၂၀၂၅ CC (VOM) တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ ပုလောမြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့မနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တယောက် ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်က မနက် ၈ နာရီလောက်မှာ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တို့ နှစ်ယောက်ဟာ ကျောက်စုဂိတ်ကနေ ပြန်လာချိန် အ.မ.က ၈ ကျောင်းနားအရောက်မှာ သေနတ်နဲ့ ပစ် သတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ” ဖြစ်စဥ်ကဟုတ်တယ်။အုပ်ချုပ်ရေးမှူးက ဦးစိုးဝေ၊ နောက်တယောက်က စစ်သားလို့သိရတယ်။အဲဒီဘက် ဘယ်သူမှမသွားရဲဘူး။ လူလည်း နည်းနည်းအသွားအလာကြဲတယ်။ဖြစ်ပြီးမှသိရတာပါ။သက်ဆိုင်ရာက လာစစ်ပြီး အလောင်းတွေသယ်သွားတယ်။ကျောင်းဘက်လည်းပေါက်ကွဲမှုရှိပေမယ့်ကလေးတွေတော့ဘာမှမဖြစ်ဘူးကြားတယ် ။ အဲဒီကျောင်းက မဲရုံလုပ်မယ့်အထဲပါတယ်။” လို့ ဒေသခံကပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အ.မ.က ၈ အနီး လေယာဥ်ကွင်းလမ်းဆုံတဝိုက်ကို လုံခြုံးရေးတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေပြီး…
Read Moreမဲဆွယ်စည်းရုံးရေးကာလမှာ စီတန်းလှည့်ခွင့်မပြုတော့ဘဲ ဟောပြောစည်းရုံးခြင်းသာခွင့်ပြု
အောက်တိုဘာ ၂၃ ၊ ၂၀၂၅ CC(VOM) အောက်တိုဘာ ၂၈ ကစပြီး နှစ်လတာ မဲဆွယ်စည်းရုံးရေးမယ့် ပါတီတွေကို စီတန်းလှည့်လည်ပြီး မဲဆွယ်စည်းရုံးခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ခွင့်မပြုတော့ဘူးလို့ နိုင်ငံရေးပါတီအချို့ဆီကသိရပါတယ်။ စီတန်းလှည့်လည် မဲဆွယ်ခြင်းကို လုံခြုံရေးအခြေအနေတွေအရ ခွင့်မပြုတော့တာဖြစ်ကြောင်း ၊အဲဒီအတွက် ဟောပြောစည်းရုံးခြင်းသာ လုပ်ဆောင်ရမှာဖြစ်ပြီး ဟောပြောစည်းရုံးမဲဆွယ်ဖို့အတွက် နေရာနဲ့ခွင့်ပြုမိန့် တင်ပြတောင်းခံဆောင်ရွက်ရမှာဖြစ်တယ်လို့သိရပါတယ်။ ပါတီတွေကို မဲဆွယ်စည်းရုံးရာမှာ စီတန်းလှည့်လည်ခွင့်မရှိကြောင်းကို အောက်တိုဘာ ၁၈ ရက်နေ့က UEC နဲ့ ပါတီတွေ တွေ့ဆုံစဥ်မှာ UEC က ပြောဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ၂၀၂၀တုန်းကဆိုရင် ကားတွေ၊ဆိုင်ကယ်တွေနဲ့စီတန်းလှည့်လည်ကြတယ်လေ။အခုတော့ ခွင့်မပြုတော့ဘူးပြောတယ်။ သူတို့ရှင်းပြတာက ပြဿနာဖြစ်နိုင်တာကြောင့် ဟောပြောစည်းရုံးတာလောက်ပဲခွင့်ပြုတယ်။ စီတန်းလှည်လည်တာတော့ခွင့်မပြုတော့ဘူးပေါ့။ ကျွန်တော်တို့လည်းပြောရမယ်ဆိုရင် စီတန်းလှည့်လည်တာက ကုန်ကျစရိတ်များသောအားဖြင့်မပါတာလည်း ပြဿနာမရှိဘူးရတယ်။ တနိုင်ငံလုံးပေါ့ ။ကွက်လုပ်လို့ဘယ်ရမလဲ။လုံခြုံးအပိုင်းကြောင့်ပေါ့။” လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက…
Read Moreသပိတ်ကျင်းမြို့နယ်မှာ ဒရုန်းဗုံးကြဲခံရလို့ ငါးယောက်သေဆုံးကာ ဒဏ်ရာရသူများပြား
အောက်တိုဘာ ၂၂ ၊ ၂၀၂၅ CC (VOM) မန္တလေးတိုင်း ၊သပိတ်ကျင်းမြို့နယ်ထဲက ဇရပ်ကွင်းရွာမှာ အောက်တိုဘာ ၂၁ ရက်နေ့ ညနေပိုင်းက ဒရုန်းဗုံး ကြဲခံရပြီး ငါးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ တွေရှိခဲ့တယ်လို့ သိရပါတယ်။ ညနေ ၆ နာရီလောက်မှာ ဇရပ်ကွင်းရွာရှိ ရွာလယ်တံတားအနီးကို ဗုံးကျရောက်ပေါက်ကွဲခဲ့တာဖြစ်ကြောင်း သေဆုံးသူတွေထဲမှာ ကလေးတယောက်ပါတယ်လို့ ကနဦးသိရပါတယ်။ ” အခုသိရသလောက်ဆိုရင် သေတာက မိန်းကလေးနှစ်ယောက်၊ယောကျ်ားလေးနှစ်ယောက်နဲ့ လသားအရွယ်ကလေးတယောက်ပါ။နေရာမှာပွဲချင်းပြီးဆုံးတယ်သိရတယ်။ဒဏ်ရာရသူကလည်းများတယ်။ ခုသိရသလောက် ငါးယောက်ကျော်တယ်သိရတယ်။ ဇရပ်ကွင်းက ဖော့တောလမ်းဆုံနဲ့နီးတယ်လေ။” လို့ စစ်ရှောင်ကူညီနေသူ တယောက်က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကယ်ထုတ်ပြီး ဆေးဝါးကုသနိုင်ဖို့ ညတွင်းချင်း လုပ်ဆောင်နေကြောင်း ၊ ဒရုန်းတိုက်ခိုက်မှုတွေက ညပိုင်းအထိဆက်ရှိနေတယ်လို့သိရပါတယ်။ ဇရပ်ကွင်းရွာဟာ ဖော့တောလမ်းဆုံနဲ့နီးကြောင်း ၊ ဖော့တောလမ်းဆုံကတော့ မကြာသေးမီးကမှ အစိုးရတပ်တွေ ပြန်လည်ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် ဇရပ်ကွင်းရွာကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်…
Read Moreရည်းစားနဲ့စကားများပြီး ရွှေဂုံတိုင်တံတားအဆင်း ကားလမ်းမပေါ် လှဲအိပ်ခဲ့တဲ့ ကောင်မလေး ကားကြိတ်ခံရပြီးသေဆုံး
အောက်တိုဘာ ၂၂၊ ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင်ဂုံးတံတားအဆင်းမှာ ကားလမ်းမပေါ် လှဲချပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ အမျိုးသမီးတယောက် ကားတက်ကြိတ်ခံရပြီး သေဆုံးမှု အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်ကို မျက်မြင်ကြုံတွေ့ခဲ့ရသူက”ကိုယ့်ရှေ့တင်ဖြစ်သွားတာပါ။ နှစ်ယောက်သား ခရီးကပြန်လာပုံ ရတယ်။ ကားရပ်ပြီး ရန်တွေဖြစ် နေကြတာ။ နောက်ဆုံး ကောင်လေးက ကောင်မလေးကို သူ့အိတ်တွေနဲ့ထားခဲ့ပြီး ကား မောင်းထွက်သွားတော့ ကောင်မလေးက စိတ်ထိခိုက်သွားပုံရတယ်။ တံတားအဆင်း လမ်းမအလယ်မှာ လှဲချလိုက်တာမှာ တံတားပေါ်ကအရှိန်နဲ့ဆင်းလာတဲ့ကားက တက်ကြိတ်သွား တာ။ ဘေးကလူတွေအော်ဟစ်ပြီး သွားဆွဲဖို့လုပ်ကြပါသေးတယ်၊ ရုံးဆင်းချိန် ကားတွေအရမ်းဖြတ်နေတာရော ခဏလေးအတွင်းဖြစ်သွားတာ ကြောင့်ရော မမှီလိုက်ဘူး။” လို့ ပြောပါတယ် ။ ကားတက်ကြိတ်ခံရပြီး သေဆုံးသွားတဲ့ ကောင်မလေးက အသက် ၂၃…
Read Moreဖွေထိုင်းပါတီ အကြီးအကဲအဖြစ်ကနေ ဝန်ကြီးချုပ်ဟောင်း ပေတုန်တန် နုတ်ထွက်ပြီ
ဘန်ကောက်၊ အောက်တိုဘာ-၂၂-၂၀၂၅ ရတီ(VOM) ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုန်တန် ရှင်နာဝပ်ထရာဟာ ဖခင်ဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင် တည်ထောင်ခဲ့တဲ့ ဖွေထိုင်းပါတီ အကြီးအကဲ အဖြစ်ကနေ ဒီကနေမှာ နုတ်ထွက်လိုက်ပါတယ်။ အသက် ၃၉ နှစ်အရွယ် ဝန်ကြီးချုပ်ဟောင်း ပေတုန်တန်ဟာ ကမ္ဘောဒီးယားနဲ့ နယ်နိမိတ်အငြင်းပွားမှုမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ တယ်လီဖုန်းအသံဖိုင် ပေါက်ကြားပြီးနောက် ကျင့်ဝတ်ဖောက်ဖျက်မှုနဲ့ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။ ရှင်နာဝပ် မိသားစုဟာ ထိုင်းနိုင်ငံရေးမှာ ဆယ်စုနှစ် နှစ်ခုကြာအောင် ထိုင်းစစ်တပ်ကို လိုလားသူ ဘုရင်စနစ်လိုလားသူတွေရဲ့ အဓိကရန်သူဖြစ်ခံ့ပါတယ်။ ပေတုန်တန်ကတော့ ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်တာဟာ ပါတီကို အလုံးစုံ ပြန်လည်ပြင်ဆင်မှု ပြုလုပ်နိုင်စေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ “မိမိ နှုတ်ထွက်လိုက်တာက ပါတီကို ပြုပြင်ပြောင်းလဲံ အဆင့်မြှင့်နိုင်စေတဲ့အတွက် နောက်ဆုံးမှာ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ပါတယ်” လို့ ကြေညာချက်မှာ ဆိုပါတယ်။ သူမအနေနဲ့ ပါတီဝင်အဖြစ်…
Read Moreသုံးပတ်အတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ရှစ်မှု ဖြစ်ပွားခဲ့
အောက်တိုဘာ ၂၂ – ၂၀၂၅ SN (VOM) မြို့နယ်တချို့မှာ အခု အောက်တိုဘာလ၊ ရက်ပေါင်း ၂၀ ကျော်အတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ရှစ်မှု ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၂ ရက်နေ့အထိ VOM က ရရှိထားတဲ့ အချက်အလက်တွေအရ အဲဒီ ဖြစ်စဉ်တွေဟာ နေပြည်တော် ကောင်စီနယ်မြေအတွင်း အများဆုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး ရန်ကုန်မြို့၊ မန္တလေးမြို့၊ မကွေးမြို့နဲ့ အင်းတကော် မြို့နယ်တွေမှာလည်း ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၂ ရက်၊ မနက် ၅ နာရီခွဲ ဝန်းကျင်ကလည်း မန္တလေးမြို့၊ ကျုံးအနောက်ဘက်၊ လမ်း ၈၀- ၂၂×၂၃ ကြားမှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတယောက် သစ်ပင်မှာ ကြိုးဆွဲချ…
Read Moreသူတို့အိမ် အခန်း – ၂၁
ဆူးငှက် ရွာမှာ အဘနှင့် အမေတို့ အလှူ ————————————– မြန်မာလူမျိုးများမှာ အဘိုး အဘွားတွေက သူတို့ မျက်စိနှစ်လုံး မမှိတ်ခင် မြေးလေး ရှင်ပြုတာ ကိုရင်ဝတ်တာ မြင်ချင်တယ် ဟု ပြောလေ့ ရှိကြသည်။ အဘိုးဦးလူနီ မဆုံးခင် ရွာကို အဘရောက်တော့ အိပ်ရာထဲ လဲနေသော အသက်၉၀ နီးပါး အဘိုးက သူ့သား အဘကို ခေါ်ပြောသည်။ သူ့မြေး ကျွန်တော့်ကို သူရှိတုန်း ရှင်ပြုစေချင်တာတဲ့။ အရင်လှူတာက မောင်ချစ်တီးလှူတာပဲ၊ အခု မောင်ပေါလူ မင်းတို့ ကိုယ်တိုင် လှူကြဦး တဲ့။ ထိုသို့ အဘကို ခေါ်ပြောတော့ နောက်နှစ် တပို့တွဲ တပေါင်းအမီ ရွာမှာပဲ ပြန်လှူဖို့ အဘမှာ ပြင်ဆင်ရတော့သည်။ ဦးကြီးဦးချစ်တီးကတဆင့် ရွာကို ကြိုတင်မှာသင့်တာတွေ မှာရသည်။ ငါးခြေက်တွေကိုတော့ မန္တလေး ဈေးချိုက…
Read More