ဆူးငှက် ၂၈ရက်နေ့ညကတော့ မအိပ်လိုက်ရ၊ စိုးတထိပ်ထိပ်နဲ့ ညလုံးပေါက် ငုတ်တုတ်လင်းရတယ်။ တော်သေးတယ် ဆိုလာမီးလုံးလေးတွေက အားရှိနေတော့ လကွယ်ညသန်းခေါင်ယံက မှိတ်တုတ်မှိတ်တုတ် မီးရောင်လက်လက်လေးတွေနဲ့ လမ်းပေါ် ခြင်တဖျန်းဖျန်းရိုက်ရင်း သတင်းပေါင်းစုံ ဖလှယ်ကြတာပေါ့။ ငလျင်မလှုပ်ခင် ဆေးတက္ကသိုလ် ကျောင်းသူဆောင် မီးလောင်တယ်။ ငလျင်လှုပ်နေတုန်း ဟို အနောက် စိန်ပန်းသံလျက်မှော်ဘက်က ရပ်ကွက် မီးလောင်တာလည်း အိမ်ခြေ၇၀၀လောက် ပါသွားသတဲ့။ ဒီရပ်ကွက်က အရင် အမှိုက်ကုန်းပေါ် မြေဖို့ ဆောက်ထားတာတဲ့။ အရင်ရက် နေပူတာရော ငလျင်လှုပ်တာရောမို့ အောက်က အမှိုက်ဟောင်းက ထွက်တဲ့ ဓာတ်ငွေ့က မီးတောက်တွေ ထွက်လာပြီး မီးလောင်တာတဲ့။ ပြီးတော့ တက္ကသိုလ်ထဲက ပင်မဆောင်ကြီးက ပထမဆုံးငလျင်လှုပ်ကတည်းက မီးလောင်တာတဲ့။ မန္တလေးဆိုတာ တနေ့တည်းနဲ့ ပြားပြားဝပ် ပျက်စီးသွားပြီလေ။ ဒီလိုနဲ့ မိုးလင်းခဲ့ရတယ်။ မနက်လင်းတော့ တညလုံး ဘာအစာမှ ဟုတ်တိပတ်တိ မစားလိုက်ရတော့ ဆာပြီလေ။…
Read MoreMonth: October 2025
“ဝ”အဖွဲ့ လို့ လူသိများတဲ့ UWSP နဲ့ UWSA လှမ်းနေတဲ့ ခြေလှမ်း
AT UWSP ခေါ် “ဝ”အဖွဲ့ဟာ ဗမာပြည်အရေးကိစ္စကို စိတ်ဝင်စားမှု မရှိဘဲ မိမိတို့ ကိုယ်ပိုင်အမျိုးသား ပြည်နယ်တခု ရရှိရေးကိုပဲ ဦးစားပေးဆောင်ရွက်နေတယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။ ဖက်ဒရယ်ထက် သာလွန်တဲ့ ကွန်ဖက်ဒရိတ်အဆင့် ပြည်နယ်အနေအထားကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက လက်တွေ့ ဖော်ဆောင်နေတဲ့ “ဝ”အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် မြန်မာစစ်တပ်နဲ့လည်း ဆက်ဆံရေးကောင်းတွေ ထူထောင်ထားနိုင်တာကို တွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ “ဝ”အဖွဲ့ဟာ မြောက်ပိုင်းအဖွဲ့တွေဘက်က ပေါ်ပေါ်ထင်ထင် ဝင်ရောက်တိုက်ခိုက်တာ မရှိပေမယ့် လက်နက်နဲ့ အခြားထောက်ပံ့ရေး ပစ္စည်းတွေ ကူညီတာအပြင် ပိုင်နက်နယ်မြေတွေကို အသုံးပြုပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်ခွင့်ပေးတာတွေ ရှိခဲ့ပါတယ်။ နယ်မြေချင်းထိစပ်နေတဲ့ တရုတ်အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေသလို နိုင်ငံရေး၊ စစ်ရေးနဲ့…
Read Moreကြားနေသူတွေဟာ မှားနေတာလား
AT “တော်လှန်ရေးမှာ ကြားနေမရှိဘူး” ဆိုတဲ့ စကားကို ကိုယ့်ကိုကိုယ် တော်လှန်ရေး ဘက်တော်သားလို့ ခံယူထားသူအချို့ ပြောတာ ကြားဖူးမှာပါ။ သူတို့ အဓိက ရည်ညွှန်းပြောကြားတာက မြို့ပြ၊ ကျေးလက်နဲ့ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိ နေထိုင်နေကြတဲ့ သာမန် မြန်မာပြည်သူ လူထုကို ဖြစ်ပါတယ်။ အလားတူပဲ လက်နက်ကိုင် အဖွဲ့ ထိန်းချုပ်နယ်မြေတွေအတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေ ဖြစ်တိုင်းမှာ နစက ထောက်ခံသူတွေပြောလေ့ရှိတာက သူပုန်တွေသေတာ ဘာဆန်းလဲ ဆိုတာပါ။ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ဘယ်ဖက်ကမှ မရပ်တည်ဘဲ ကြားနေခွင့်ကို နိုင်ငံတကာဥပဒေတွေက အာမခံပေးထားသလို အခြေခံကျတဲ့ လူ့အခွင့်အရေးလည်းပဲ ဖြစ်ပါတယ်။ ကြားနေခွင့်မပေးဘဲ ဘက်တစ်ဖက်ကို ရွေးခိုင်းတာဟာ ရေတို၊ ရေရှည်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါလဲ။ …
Read Moreအကြိမ် ( ၈၀ ) မြောက် တရုတ်ပြည်သူ့ ဂျပန်ခုခံဆန့်ကျင်ရေးစစ် နဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ် အောင်ပွဲနေ့
ရဲထွန်း(သီပေါ) ဒုတိယ ကမ္ဘာစစ်ပွဲကြီးမှာ စစ်ရှုံးသွားတဲ့ ဂျာမန်၊ အီတလီ နဲ့ ဂျပန် ဖက်ဆစ် ဝန်ရိုးတန်း ( ၃ ) နိုင်ငံဟာ သူတို့ကျူးကျော် တိုက်ခိုက်ခဲ့ရာ ဒေသအလိုက် အသီးသီးလက်နက်ချ အရှုံးပေးလိုက်ပါတယ်။ အဲဒီလို အကြွင်းမဲ့လက်နက်ချ အရှုံးပေးလိုက်တဲ့နေ့တွေကို အောင် ပွဲနေ့ Victory Day အဖြစ်သတ်မှတ်ကြပါတယ်။ ဥရောပ ဖက်မှာဆိုရင် ဖက်ဆစ် ဂျာမနီက ပြင်သစ်နိုင်ငံ Reims မြို့နှင့် ဂျာမနီနိုင်ငံ ဘာလင်မြို့တို့ မှာ ချွင်းချက်မရှိလက်နက်ချ စာချုပ်လက်မှတ်ရေးထိုးလိုက်တဲ့ ၁၉၄၅ ခုနှစ်မေလ ( ၈ ) ရက်နေ့ကို ဥရောပ အောင်ပွဲနေ့ အဖြစ်သတ်မှတ်ပါတယ်။ အဲဒီတုံးက ဆိုဗီယက်ယူနီယံ ( ယခု ရုရှား နိုင်ငံ ) မှာတော့ လက်မှတ်ထိုးတဲ့ အချိန်ဟာ ဒေသစံတော်ချိန် အရ…
Read Moreဝိုင်းမော် လုမြန်ဘက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်
အောက်တိုဘာ ၂၂၊ ၂၀၂၅ Shy V (VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ လုမြန်ရွာဘက်မှာ ဒီနေ့အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြင်းထန်ကြောင် ဒေသခံတွေဆီက သိရပါတယ်။ “လေယာဉ် ဗုံးကျသံတွေက တဝုန်းဝုန်းနဲ့ ပြန်ပတ် လှည့်လာပြီး ကြဲကြဲသွားတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ ဝိုင်းမော် လုမြန်ဘက် ဒီမနက် ၇ နာရီ ၄၀ မိနစ် လောက်ကတည်းက လေကြောင်း ဗုံးကြဲနေတာ မနက် ၉ နာရီခွဲကျော် အထိ မနားတမ်း ဆက်တိုက် ကြဲနေသံကြားရပြီး ဗုံး အလုံး ၄၀ လောက် ရှိမယ်လို့ သူက ပြောပါတယ်။ “ဒရုန်းလည်း ၇ စီးလောက် ဝဲနေတယ်။ အသံလည်း သိပ်မထွက်ဘူး။ ခါတိုင်းနေ့က…
Read Moreမကွေးမှာ ထောက်ပို့တပ် ဆီဘောက်ဆာကားနဲ့ လိုက်ထရပ် တိုက်မိပြီး ဒုတပ်ကြပ် အပါဝင် ငါးယောက်သေဆုံးကာ လေးယောက်ဒဏ်ရာရ
အောက်တိုဘာ ၂၂ ၊ ၂၀၂၅ CC (VOM) မကွေးမြို့ နတ်မောက်လမ်း ကံလှကျေးရွာအနီးမှာ ဒီကနေ့ အောက်တိုဘာ ၂၂ ရက် ၊နေ့လယ် ၁ နာရီ ၄၅ မိနစ်က ဆီဘောက်ဆာကားနဲ့ Light Truck ကားမျက်နှာချင်းဆိုင်တိုက်မိပြီး ဒုတပ်ကြပ်အပါအဝင် ငါးယောက်သေဆုံးပြီး လေးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဆီဘောက်ဆာကားက မိတ္ထီလာထောက်ပို့တပ်မှ ကားဖြစ်ပြီး ယာဥ်တိုက်မှုကြောင့် ကားပေါ်ရှိ ယာဥ်မောင်း ဒုတပ်ကြပ်နဲ့ မိတ္ထီလာ ချည်မျှင်နဲ့ အထည်စက်ရုံမှ ယာဥ်နောက်လိုက်အမျိုးသား တို့သေဆုံးခဲ့ပြီး အမျိုးသားတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ နောက်ထပ် သေဆုံးသူ သုံးယောက်ကတော့ လိုက်ထရပ်ကားပေါ်မှ အသက် ၂ နှစ်အရွယ် ကလေး ၊အသက်ကြီးပိုင်း အမျိုးသမီးကြီးတယောက်နဲ့ အမျိုးသားတယောက်တို့ ဖြစ်တယ်လို့သိရပါတယ် ။ လိုက်ထရပ်ပေါ်မှာ နောက်ထပ် အမျိုးသားတယောက်နဲ့ အမျိုးသမီးနှစ်ယောက်လည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ” ညှပ်နေတဲ့ အလောင်းတွေကို မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ခဲ့ရပါတယ်။…
Read Moreထိုင်း-မြန်မာနယ်စပ်ရှိ Starlink ဂြိုဟ်တုအင်တာနက် ၂၅၀၀ ကျော် ပိတ်သိမ်းခံရ
ဝါရှင်တန်၊ အောက်တိုဘာ-၂၂-၂၀၂၅ မျိုးဆက်(VOM) ထိုင်း-မြန်မာ နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း( ကျားဖြန့်) တွေအသုံးပြုနေတဲ့ ဂြိုဟ်တု အင်တာနက် Starlink စက်ပေါင်း ၂၅၀၀ ကျော်ကို ဝန်ဆောင်မှုဖြတ်တောက်လိုက်ကြောင်း Starlink ကုမ္ပဏီဒုဥက္ကဋ္ဌက ဒီကနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ နယ်စပ်တလျှောက်မှာ ကျားဖြန့်အဖွဲ့တွေ အခြေစိုက်ပြီး လိမ်လည်မှုတွေ ပြုလုပ်မှုဟာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပိုမိုဆိုးရွားလာပါတယ်။ ဖေဖော်ဝါရီလက စတင်ပြီး ထိုင်း၊ မြန်မာနဲ့ တရုတ်တို့ ပူးပေါင်းပြီး ပြင်းပြင်းထန်ထန် ဖြိုခွင်းမှုမှာ အလုပ်သမား ၇၀၀၀ ကျော်ကို ကျားဖြန့်စင်တာတွေကနေ နေရပ်ပြန်ပို့ခဲ့ပြီး ထိုင်းကလည်း နယ်စပ်ဖြတ်ကျော် အင်တာနက်ကို ဖြတ်တောက်ခဲ့ပါတယ်။ ဒါပေမယ့် ယခုလအတွင်း AFP က စုံစမ်းစစ်ဆေးမှုအရ မြ၀တီရှိ KK Park မှာ အဆောက်အအုံတွေ တည်ဆောက်မှုနဲ့ Starlink အသုံးပြုမှုတွေနဲ့အတူ ကျားဖြန့်လုပ်ငန်းတွေ…
Read Moreဆိုင်သိမ်းပြီး ပြန်လာတဲ့ကား လမ်းဘေးဓာတ်တိုင် ဝင်တိုက်လို့ ၁၅ ယောက်ဒဏ်ရ
အောက်တိုဘာ ၂၁ ၊ ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ တောင်ဥက္ကလာမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ် နဲ့ ၉ ရပ်ကွက် ၊ ကျော်သူ ၂၅ လမ်းထိပ်မှာ ဒီနေ့ အောက်တိုဘာ ၂၁ ရက်နေ့ မနက်အစောပိုင်းက ဆိုင်သိမ်းပြန်လာတဲ့ကားက ဓာတ်တိုက်ဝင်တိုက်မိပြီး ၁၅ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။ ဖြစ်စဥ်က မနက်အစောပိုင်း ၃ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေက အမျိုးသား.ခုနှစ်ယောက်နဲ့ အမျိုးသမီး ရှစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ “ကားအရှိန်မပြင်းဘူး။ကားခေါင်းထဲမှာ ကားမောင်းတဲ့ကောင်လေးနဲ့ ကောင်မလေးလိုက်ပါစီးတယ်။ သူတို့ပြောတာ ကားခေါင်းထဲက ကောင်မလေးကို သရဲပူးပြီး ကားသမားကလည်းမထိန်းနိုင်ဘဲ လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်တာလို့သိရတယ်။သူတို့က ထမင်းကြော်ဆိုင်သိမ်းပြီးပြန်လာကြတာလို့သိရတယ်။ဒဏ်ရာတွေကမစိုးရိမ်ရပါဘူး။ ” လို့ ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူတယောက်ကပြောပြပါတယ်။ ကားပေါ်လိုက်ပါလာသူအားလုံးက ဆိုင်ဝန်ထမ်းတွေဖြစ်ကြောင်း ၊ ဒဏ်ရာရရှိသူတွေကိုတော့ လူမှုကူညီရေးအသင်းတွေက လူနာတင်ယာဉ်ခြောက်စီးနဲ့ မြောက်ဥက္ကလာ ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ အလားတူ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်(၃)၊…
Read Moreရန်ကုန်မှာ မီးလောင်မှု သုံးကြိမ်ဖြစ်ပွားပြီး တယောက် သေဆုံး
အောက်တိုဘာ ၂၁ – ၂၀၂၅ SN (VOM) ရန်ကုန်မြို့မှာ မနေ့ အောက်တိုဘာ ၂၀ ရက်၊ ညနေပိုင်းကနေစပြီး ဒီကနေ့ အောက်တိုဘာ ၂၁ ရက်၊ မနက်ပိုင်းအထိ မီးလောင်မှု သုံးကြိမ်ဖြစ်ပွားခဲ့ကာ တယောက် မီးလောင်ကျွမ်း သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ မနေ့ ညနေ ၆ နာရီ ၁၆ မိနစ်ဝန်းကျင်က တောင်ဥက္ကလာပမြို့နယ်၊ (၅) ရပ်ကွက်၊ ပါရမီလမ်းမှာ မီးလောင်မှု စတင် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိုင်ခန်း ကိုးခန်း မီးလောင် ဆုံးရှုံးခဲ့တယ်လို့ သူက ပြောပါတယ်။ “ဆိုင်ခန်းအမှတ်တော့ ကျွန်တော် မမှတ်မိဘူး။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ဝါယာကြိုးကနေ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု စတင် ဖြစ်တာပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မြို့မရဲစခန်းကဘအရေးယူ ဆောင်ရွက်နေပါတယ်။…
Read Moreအလုပ်သမားရေးလှုပ်ရှားသူ ကိုသက်နှင်းအောင်နဲ့STUM မှဒေါ်မျိုးမျိုးအေးတို့အပါအဝင် လေးယောက် ထောင်ကပြန်လွတ်လာ
အောက်တိုဘာ ၂၁ ၊၂၀၂၅ GG (VOM) အလှုပ်သမားအရေးလှုပ်ရှားသူတွေဖြစ်တဲ့ ကိုသက်နှင်းအောင် နဲ့ ဒေါ်မျိုးမျိုးအေးတို့ အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူ လေးယောက် မနေ့က အောက်တိုဘာ ၂၀ ရက်နေ့မှာ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက် လာပြီလို့သိရပါတယ်။ လက်ရှိ စွဲဆိုထားတဲ့ အမှုအားလုံးကို အထူးအမိန့်နဲ့ရုတ်သိမ်းပြီး ထောင်ကနေလွှတ်ပေးလိုက်တာ ဖြစ်ကြောင်း ၊ နှစ်ယောက်လုံး မနေ့က ညပိုင်းကတည်းက နေအိမ်ကိုပြန်လည်ရောက်ရှိပြီဖြစ် ကြောင်းသိရပါတယ်။ ကိုသက်နှင်းအောင်က မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ပြီး ထောင်ကနေ လွတ်မြောက်ပြီး ပြန်လည်ရောက်ရှိလာကြောင်းကို MICS-TUsF ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဒေါ်မျိုးမျိုးအေးကတော့ သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) ရဲ့ ဦးဆောင်သူ ဒါရိုက်တာဖြစ်ပြီး ထောင်ကနေ ပြန်လည်လွတ်မြောက်ပြီး နေအိမ်ရောက်ရှိကြောင်းကို…
Read More