ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ နယ်စပ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ အပြန်အလှန်ဖြစ်ပွား

ကဘူးလ်၊ ဒီဇင်ဘာ-၆-၂၀၂၅
ရတီ(VOM)
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ဟာ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်မှာ ပြင်းထန်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အပြန်အလှန်ဖြစ်ပွားခဲ့ကြောင်း နှစ်နိုင်ငံတာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုအပတ်အစောပိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မအောင်မြင်ပြီးနောက် တင်းမာမှုတွေ ဆက်လက်မြင့်တက်နေခဲ့ပါတယ်။
အာဖဂန်တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ် က ပါကစ္စတန်တပ်ဖွဲ့တွေဟာ ကန်ဒါဟာပြည်နယ် စပင်ဘော်ဒက်ခ် ခရိုင်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ပြောကြားပါတယ်။ ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကမူ အာဖဂန်တပ်ဖွဲ့တွေဟာ ချာမန် နယ်စပ်တလျှောက်မှာ အကြောင်းမဲ့ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
“ပါကစ္စတန်အနေနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ နိုင်ငံသားတွေ ဘေးကင်းရေးကို အပြည့်အဝသတိရှိသလို ကတိကဝတ်ပြုထားတယ် ” လို့ ပြောရေးဆိုခွင့်ရှိသူ မော့ရှာရက် ဇိုင်ဒီက ကြေညာချက်မှာ ပြောပါတယ်။
နှစ်ဖက်စလုံးဟာ အကဲဆတ်နေတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လုပ်ဆောင်ဖို့ သဘောတူခဲ့ပြီး တောင်အာရှအိမ်နီးချင်းနိုင်ငံများအကြား အဖြေမရခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် နှစ်ရက်အကြာမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။
အငြင်းပွားမှုရဲ့ အဓိကအချက်မှာ အာဖဂန်အခြေစိုက်စစ်သွေးကြွတွေဟာ အာဖဂန်နိုင်ငံသားတွေပါဝင်တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကို ပါကစ္စတန်မှာ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပြီး အာဖဂန်ကတော့ ဒီကိစ္စကို ပယ်ချထားကာ ပါကစ္စတန်နိုင်ငံတွင်းလုံခြုံရေးကို သူတို့တာဝန်ယူလို့မရဘူးလို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်ဒ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေ အာဏာရလာပြီးနောက်ပိုင်း နှစ်နိုင်ငံ နယ်စပ်မှာ အဆိုးရွားဆုံး အကြမ်းဖက်မှုဖြစ်တဲ့ အောက်တိုဘာလ ပဋိပက္ခအတွင်း လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။
Ref:Reuters
Photo:Reuters

Related posts

✕
VOM News

FREE
VIEW