အိန္ဒိယနိုင်ငံ ဂိုအာရှိ နိုက်ကလပ်မီးလောင်မှု သေဆုံးသူ ၂၅ ယောက်ရှိလာ

ဒေလီ၊ ဒီဇင်ဘာ-၈-၂၀၂၅ ရတီ(VOM) အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းဒေသ ဂိုအာရှိ လူကြိုက်များတဲ့ နိုက်ကလပ်တခု မီးလောင်မှုကြောင့် သေဆုံးသူဦးရေဟာ ၂၅ ယောက်အထိ ရှိလာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရဲတွေကတော Birch နိုက်ကလပ် မီးဖိုချောင်ရှိ ဓာတ်ငွေ့အိုးတလုံး ပေါက်ကွဲမှုကြောင့်လို့ ကနဦး ယူဆခဲ့ပေမယ့် ဂိုအာပြည်နယ်ဝန်ကြီးချုပ်ကတော့ နိုက်လပ်အတွင်း အသုံးပြုတဲ့ မီးရှူးမီးပန်းတွေကြောင့် မီးလောင်မှုဖြစ်တာလို့ ဆိုပါတယ်။ လူကြိုက်များတဲ့ ကမ်းခြေတစ်ခုအနီးမှာ တည်ရှိတဲ့ အဲဒီနိုက်ကလပ်မှာ ဘောလီးဝုဒ် DJ တယောက်ဖျော်ဖြေတာကို နားထောင်ဖို့ လာရောက်ကြသူတွေနဲ့ပြည့်နှက်နေပြီး မီးလောင်မှုကြောင့် ဒေလီက မိသားစုဝင်လေးယောက်နဲ့ ဝန်ထမ်း ၂၁ ယောက်သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။ နိုက်ကလပ်မန်နေဂျာ အပါအဝင် လူလေးယောက်ကို ဖမ်းဆီးထားပြီး ပိုင်ရှင်ကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။ ဂိုအာသည် အာရေဗျပင်လယ်ရှိ ပေါ်တူဂီကိုလိုနီဟောင်း ဒေသတခုဖြစ်ပြီး နိုက်ကလပ်တွေ၊ သဲသောင်ပြင်နဲ့ အပန်းဖြေစခန်းတွေကြောင့် နှစ်စဉ်…

Read More

မြန်မာအမျိုးသမီး ဘောလုံးအသင်း မလေးရှားကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ

ဒီဇင်ဘာ၊ ၈- ၂၀၂၅ VOICE OF MYANMAR မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု ဒုတိယပွဲစဥ်အဖြစ် မလေးရှားအသင်းနဲ့ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့က၊ ချွန်ဘူရီအားကစားကွင်းမှာ ဒီကနေ့ ဒီဇင်ဘာ ၈ ရက် ညနေ ၃ နာရီ ၃၀ မိနစ် မှာ ယှဥ်ပြိုင်ကစားခဲ့တာဖြစ်ပြီး မလေးရှားအသင်းကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ ပထမဂိုးကိုတော့ ပွဲကစားချိန် ၂၆ မိနစ်မှာ ကျောနံပါတ် ၁၉ ရွှေရည်ထွန်းရဲ့ ပေးပို့မှုကို ကျေနံပါတ် ၈ စမ်းသော်သော်က သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် ၃၅ မိနစ်မှာ မြန်မာအမျိုးသမီး ဘောလုံးအသင်းအတွက် ဒုတိယမြောက်ဂိုးကို ကျောနံပါတ် ၁၃ မေထက်လူ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ တတိယဂိုးအတွက် ပွဲကစားချိန် ၆၄ မိနစ်မှာ ဝင်းသင်္ဂီထွန်းက သွင်းယူခဲ့တာဖြစ်ပါတယ်။ ၃၃ ကြိမ်မြောက်…

Read More

ထိုင်းက မြန်မာအပေါ် သဘောထားပြောင်း

ဒီဇင်ဘာ ၈ – ၂ဝ၂၅ KKO(VOM) ထိုင်းက မြန်မာအကြောင်းကို အနီးစပ်ဆုံးသိနေလို့ မြန်မာ့ရွေးကောက်ပွဲကို ထောက်ခံခြင်းဖြစ်နိုင်ပြီး ထိုင်းကမြန်မာအပေါ်သဘောထားပြောင်းလာခြင်းဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက VOM ကို ပြောပါတယ်။ အခုရက်ပိုင်းမှာ မြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow ရဲ့နေပြည်တော်ခရီးစဉ်အပြီးမှာ လေ့လာသုံးသပ်သူတွေက ခုလို ထုတ်ဖော်ပြောကြားလာခဲ့တာပါ။ “ယိုးဒယားအနေနဲ့က မြန်မာနဲ့ အိမ်နီးချင်းလည်းဖြစ်တယ်။မြန်မာနိုင်ငံရေးဖြစ်စဉ်တွေဟာ ယိုးဒယားအ‌ပေါ်မှာ သက်ရောက်မှုရှိတယ်ပေါ့။ဥပမာအနေနဲ့ ပြောရရင်မြန်မာ့နိုင်ငံရေး မတည်မငြိမ်မှုဖြစ်တဲ့အခါ ထိုင်းဘက်ကို မြန်မာကနေ ရွှေ့ပြောင်းသွားလာနေထိုင်သူတွေရှိတယ်။မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲကို ယိုးဒယားက ထောက်ခံမှာပါပဲ။ မြန်မာမှာပါတီနိုင်ငံရေးကိုပြန်လက်ခံမှသာ သူတို့ရဲ့ဝန်ထုပ်ဝန်ပိုးသက်သာမယ်။ မြန်မာအ‌ကြောင်းအနီးစပ်ဆုံးသိနေတဲ့အတွက် ထိုင်းက မြန်မာရွေးကောက်ပွဲကိုထောက်ခံတာပါ” လို့ ပြည်တွင်းရှိ ပါတီနိုင်ငံရေးသမားတယောက်က VOM ကို ပြောပါတယ်။ ဒါအပြင် ယိုးဒယား(ထိုင်းနိုင်ငံ)ဟာ ယနေ့အချိန်မှာ လမ်းဆုံလမ်းခွတခုကိုရောက်နေတယ်လို့ ပြည်တွင်းက ဝါရင့်သတင်းစာဆရာတယောက်က အခုလို ထပ်မံသုံးသပ်ပြောပြပါတယ်။ “ထိုင်းနိုင်ငံရဲ့အဓိကပြသနာကတော့ ထိုင်းနိုင်ငံဟာ…

Read More

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ သေဆုံးသူမြင့်တက်လာပြီး ထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်း

ဘန်ကောက်၊ ဒီဇင်ဘာ-၉-၂၀၂၅ ရတီ(VOM) အငြင်းပွားနယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး သေဆုံးသူအရေအတွက် တိုးပွားလာကာ နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ထိုင်းစစ်တပ်က ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ယောက်ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ခြောက်ယောက်အထိ ရှိလာတယ်လို့ ကမ္ဘောဒီးယားစစ်တပ်က ပြောပါတယ်။ ထိုင်းဘက်မှာတော့ စစ်သားတယောက်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လအစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ပျက်ပြားစေခဲ့တဲ့ ပဋိပက္ခများအတွက် နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်နေကြပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ကီလိုမီတာ ၈၀၀ ကျော်နယ်စပ်ချင်း ထိစက်နေပြီး နယ်စပ်ရှိ နယ်မြေအချို့ကို ပိုင်ဆိုင်ရေးနဲ့ပတ်သက်ပြီး ရာစုနှစ်တခုကျော်ကြာ အငြင်းပွားနေခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်က တနင်္လာနေ့ မွန်းလွဲပိုင်းမှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာဥပဒေနဲ့ အညီ နိုင်ငံအချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို…

Read More
VOM News

FREE
VIEW