တိုကျို၊ ဒီဇင်ဘာ-၁၆-၂၀၂၅ မျိုးဆက်(VOM) ဂျပန်အစိုးရဟာ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ ငလျင်ကြီးလှုပ်ခတ်နိုင်ခြေအတွက် သတိပေးချက်ကို အဆုံးသတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေအနေနဲ့ သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ပြင်းအား ၇ ဒဿမ ၅ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဒီဇင်ဘာ ၉ ရက်မှာ ဟော့ကိုင်းဒိုးနဲ့ ဆန်ရီကူကမ်းရိုးတန်းတလျှောက်မှာ နောက်ဆက်တွဲငလျင်သတိပေးချက် ကို ဂျပန်မိုးလေဝသအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။ ငလျင်ကြီးလှုပ်ခတ်နိုမှု သတိပေးချက်ကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပေမယ့် ဖြစ်နိုင်ခြေကို အဆုံးသတ်လိုက်တာမဟုတ်ဘဲ ကြီးမားတဲ့ ငလျင်တခု ရုတ်တရက်ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အသင့်ပြင်ထားစေလိုတယ်လို့ အစိုးရတာဝန်ရှိသူ အီဂါရာရှီက ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်က ငလျင်အခြေအနေနဲ့ ပတ်သက်ပြီး သူက ပြောကြားရာမှာ နန်ကိုင်းကျောက်လွှာမှာ ကြီးမားတဲ့ ငလျင်လှုပ်ခတ်မှုတခုအတွက် သတိပေးချက်ကို ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့စဉ်က အခြေအနေနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ လက်ရှိမှာတော့ အာအိုမီရီ စီရင်စုရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ…
Read MoreDay: December 17, 2025
ဒေလီ လေထုအရည်အသွေး ပိုမိုဆိုးရွားလာပြန်
ဒေလီ၊ ဒီဇင်ဘာ -၁၆-၂၀၂၅ ရတီ (VOM) အိန္ဒိယနိုင်ငံ မြို့တော်ဒေလီမှာ အန္တရာယ်ရှိတဲ့ လေထုအရည်အသွေး ညစ်ညမ်းမှုတွေ ပိုမိုဆိုးရွားလာပြီး ဒေလီနဲ့ အနီးတဝိုက်ရှိ ကျောင်းတွေဟာ အွန်လိုင်းသင်ကြားမှုစနစ်ကို ပြောင်းလဲခဲ့ပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေကိုလည်း ပိတ်ပင်ထားဖို့ အမိန့်ထုတ်ထားပါတယ်။ တနင်္လာနေ့နံနက်မှာ အဆိပ်သင့်မြူခိုးတွေဟာ မြို့တော်ဒေလီကို ဖုံးလွှမ်းခဲ့ပြီး မြင်ကွင်းကို ထိခိုက်စေကာ လေယာဉ်ခရီးစဉ်နဲ့ ရထားခရီးစဉ်တွေ နှောင့်နှေးခဲ့ပါတယ်။ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ အမှုန်အမွှားတွေပါဝင်မှုအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ လေထုအညွှန်းကိန်း (AQI) – PM2.5 ဟာ ကန့်သတ်ချက်ထက် အဆ ၃၀ ကျော်ထိ မြင့်တက်နေပါတယ်။ အစိုးရရဲ့ ထုတ်ပြန်ချက်အရ တနင်္လာနေ့အစောပိုင်းမှာ ဒေလီရှိ လေထုအညွှန်းကိန်းဟာ ပျမ်းမျှ AQI မှာ ၄၇၁ ရှိပါတယ်. AQI အဆင့် ၁၀၁-၂၀၀ ကို အလယ်အလတ်၊ ၂၀၁-၃၀၀…
Read Moreမလွန်စူပါမတ်ကက်
ဆူးငှက် မန္တလေးမြို့သစ် နန်းသစ်တည်ကတည်းက ခုနှစ်ဌာနအပါအဝင် မြို့ပြမြေယာတွင် ဈေးများလည်းပါရှိခဲ့သည်။ ဈေးသည် တိုင်းပြည်၏် ဝမ်းစာဖြစ်သည်။ တိုင်းပြည်စီးပွားရေး၏ ပြဒါးတိုင်ဖြစ်သည်။ ထို့ကြောင့် မန္တလေးရတနာပုံ၏ ရွှေမြို့တော်တည်ဆောက်သောအခါ ဈေးများကို စနစ်တကျနေရာချခဲ့သည်။ မန္တလေးအနောက်ပြင် ကျယ်ဝန်းသောနေရာတွင် လက်ကားဈေးကြီးတစ်ဈေးဖြစ်သော “မလွန်ဈေး”ရှိသည်။ ရေလမ်းခရီးဖြင့်ရောက်ရှိလာမည့် ကုန်ပစ္စည်းများအတွက် ဧရာဝတီနှင့်လည်း နီးသည်။ ရှမ်းပြည်နယ်မှ ဆင်းလာမည့် တောင်ပေါ်ကုန်များအတွက် ရှမ်းကုန်သည်များ စတည်းချရာ ရှမ်းပွဲရပ်၊ ဒေးဝန်းရပ်နှင့်လည်း နီးသည်။ မတ္တရာနယ်တဝိုက်မှ ထွက်ရှိသော ကွမ်း၊ကွမ်းရွက်နှင့် သစ်သီးသစ်နှံများဝင်ရောက်လာရာ ရွှေတချောင်းရေရှင်မြောင်းနှင့်လည်း အရှေ့နှင့်အနောက် ကပ်လျက်ဖြစ်သည်။ မလွန်ဈေးက (ယခု) ၃၁လမ်းနှင့် ၃၄လမ်းကြား တောင်မြောက်ရှည်၍အရှေ့အနောက်အနေနှင့်မူ ၈၅လမ်းမှ ၈၆လမ်းကြား တစ်ပြကျယ်သည်။ ပြအနေနှင့်တွက်ပါမူ တောင်မြောက် ပေ၂ဝဝဝ နီးပါးရှည်၍ အရှေ့အနောက်၊ ပေ ၆ဝဝ နီးပါးကျယ်သည့် ဈေးကြီးဖြစ်သည်။ ဈေးကြီးဖွဲ့စည်းပုံတွင် သူ့ကုန်ပစ္စည်း အမျိုးအစားလိုက် တူရာစုကာ…
Read Moreမကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရဝန်ထမ်း ခုနှစ်ယောက်အပါအဝင် လူ ၁၀ ယောက်ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖမ်း
ဒီဇင်ဘာ ၁၄ ၊ ၂၀၂၅ GG (VOM) မကွေးတိုင်း နဲ့ မန္တလေးတိုင်းထဲက အစိုးရ ဝန်ထမ်း ခုနှစ်ယောက် အပါအဝင် လူ ၁၀ ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေ က ဖမ်းဆီးမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ် ၊ ပုလင်းကမ်းသာယာ ဆင်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ ဦးချစ်ကိုကို နဲ့ ဇနီးဖြစ်သူဒေါ်စန္ဒာဝင်း ၊ သစ်အုပ် ဖြစ်သူ ဦးသောင်းကြည် ၊ နေ့စားဝန်ထမ်း ဦးစောလင်း တို့ကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးသွားတယ် လို့သိရပါတယ် ။ ” ဆင်စခန်းကို ဝင်ပြီး ဖမ်းခေါ်သွားတာလို့သိရတယ် ။ ကားတစီးလည်းယူသွားတယ် ။…
Read Moreမူဆယ် – ၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းမမှာ ကားတစီးဘရိတ်ပေါက် တိုက်မိလို့ နှစ်ယောက်သေပြီး ရှစ်ယောက်ဒဏ်ရာရ
ဒီဇင်ဘာ ၁၅၊ ၂၀၂၅ Shv V (VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မူဆယ် – ၁၀၅ မိုင်ကြား ပြည်ထောင်စုလမ်းမပေါ် ဒီဇင်ဘာလ ၂၄ ရက်နေ့မိန်းလွဲ ၂ နာရီခွဲကျော်ခန့်က ကားတစီး ဘရိတ်ပေါက် တိုက်မိရာက လူတချို့ သေဆုံး၊ ဒဏ်ရာရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဗြုံးကျောက်တင်တဲ့ ၆ ဘီးကား ဘရိတ်ပေါက်သွားလို့ လမ်းဘေးက လူတွေကိုတိုက်သွားပြီး တိမ်းမှောက်ခဲ့တာမှာ လူ ရှစ်ယောက် ဒဏ်ရာရပြီး နှစ်ယောက် သေဆုံးခဲ့ကြောင်း ပါရမီ လူမှုကူညီရေးအသင်း ဆီက သိရပါတယ်။ “သေဆုံးသွားသူတွေက ဂိတ်ရောက်လို့ ကားပေါ်ကနေ ဆင်းပြီး လမ်းလျှောက် နေသူတွေ ဖြစ်တယ်။ မူဆယ်ကပါ” လို့ အသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ကားပေါ်က လူတွေရော၊ လမ်းလျှောက်…
Read More