ယာဥ်အန္တရာယ်ကင်းဖို့ စစ်ကိုင်းမှာ ဆိုင်ကယ်စီး ဦးထုပ် အလုံး ၁၀၀၀ ပေးဝေ

စစ်ကိုင်း၊ ဖေဖော်ဝါရီ၊ ၂၇- ၂၀၂၆
SA(VOM)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မြို့မစျေးရှေ့မှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အမှတ် ၁၇ ယာဥ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း)၊ အမှတ် ၁၀၆ ယာဥ်ထိန်းရဲ တပ်ဖွဲ့စု(စစ်ကိုင်း) တို့က အလှူရှင်တွေ ပေးအပ်ထားတဲ့ ဆိုင်ကယ်စီး ဦးထုပ် အလုံး ၁၀၀၀ ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်​မောင်းနှင်
သူတွေကို ပေးဝေခဲ့ပါတယ်။
အဲ့ဒီ အခမ်းအနားမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်က အစိုးရအဖွဲ့က တက်ရောက်ပေးဝေခဲ့ပြီး ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး စာစောင်နဲ့ ဆိုင်ကယ်စီး ဦးထုပ်တွေကို ကိုယ်တိုင်တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ယာဥ်အန္တရာယ်ကြောင့် ၁ ရက်ကို လူ ၁၀ ယောက်ခန့် သေဆုံးလျှက်ရှိပြီး ၂၀၁၇ ခုနှစ်မှာ ယာဥ်တိုက်မှု ၁၈၁၇၁ မှု ၅၂၅၀ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၉၁၄၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
၂၀၁၈ ခုနှစ်မှာ ယာဥ်တိုက်မှု ၁၇၄၅၂ မှု ၅၁၈၄ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၆၇၄၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
၂၀၁၉ ခုနှစ်မှာ ယာဥ်တိုက်မှု ၁၆၁၆၇ မှု ၅၃၂၅ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၅၀၇၂ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
၂၀၂၀ ခုနှစ်မှာ ယာဥ်တိုက်မှု ၁၂၉၇၃ မှု ၄၄၁၀ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၈၆၂၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အခုလို ယာဥ်စည်းကမ်း လမ်းစည်းကမ်း လက်ကမ်းစာစောင်နဲ့ ဆိုင်ကယ်စီး ဦးထုပ်တွေ ပေးဝေခဲ့တဲ့အကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဥ်ထိန်းရဲတပ်ဖွဲ့၊ အမှတ် ၁၀၆ ယာဥ်ထိန်းရဲတပ်ဖွဲ့စု၊ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်စိုးလွင် က အခုလိုပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW