စစ်ကိုင်း၊ ဖေဖော်ဝါရီ၊ ၂၇- ၂၀၂၆ SA(VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ မြို့မစျေးရှေ့မှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အမှတ် ၁၇ ယာဥ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ(စစ်ကိုင်း)၊ အမှတ် ၁၀၆ ယာဥ်ထိန်းရဲ တပ်ဖွဲ့စု(စစ်ကိုင်း) တို့က အလှူရှင်တွေ ပေးအပ်ထားတဲ့ ဆိုင်ကယ်စီး ဦးထုပ် အလုံး ၁၀၀၀ ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်မောင်းနှင် သူတွေကို ပေးဝေခဲ့ပါတယ်။ အဲ့ဒီ အခမ်းအနားမှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်က အစိုးရအဖွဲ့က တက်ရောက်ပေးဝေခဲ့ပြီး ယာဥ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး စာစောင်နဲ့ ဆိုင်ကယ်စီး ဦးထုပ်တွေကို ကိုယ်တိုင်တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ယာဥ်အန္တရာယ်ကြောင့် ၁ ရက်ကို လူ ၁၀ ယောက်ခန့် သေဆုံးလျှက်ရှိပြီး ၂၀၁၇ ခုနှစ်မှာ…
Read MoreDay: February 28, 2026
စက်သုံးဆီနဲ့ ရွှေလုပ်ငန်းရှင် ငါးယောက် အရေးယူခံရ
ဖေဖော်ဝါရီ ၂၇ – ၂၀၂၆ SN (VOM) စက်သုံးဆီနဲ့ ရွှေလုပ်ငန်းရှင် ငါးယောက်ကို စျေးကွက် မတည်မငြိမ် ဖြစ်စေမှု၊ စီးပွားရေးပျက်ပြားစေရန် အားပေးကူညီမှုတွေနဲ့ အစိုးရ တာဝန်ရှိသူတွေက အမှုဖွင့် အရေးယူထားတယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ စက်သုံးဆီအသင်း ဥက္ကဋ္ဌဟောင်း ဦးခင်စိုး (Apex Gas and Oli Puplic Co.,Ltd)၊ အတွင်းရေးမှူးဟောင်း ဒေါက်တာဝင်းမြင့် (Myat Myitter Mon Service Co.,Ltd) နဲ့ ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်)၊ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ၂၀၁၂ ခုနှစ် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ ၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့နဲ့…
Read Moreစန်းရန်စက်ရုံ လုပ်သားတွေရဲ့ လုပ်ခလစာ ညှိနှိုင်းမှု အဆင်မပြေသေး
ဖေဖော်ဝါရီ ၂၇ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ SANYAN OUTDOOR Co,.Ltd အထည်ချုပ်စက်ရုံ လုပ်သားတွေရဲ့ လုပ်ခလစာ တိုးမြှင့်ရရှိနိုင်ရေး တောင်းဆိုနေမှု လက်ရှိအချိန်အထိ ညှိနှိုင်းမှု အဆင်မပြေသေးဘူးလို့ တောင်းဆိုမှု ပြုလုပ်နေတဲ့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ စတင်ကာ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ၊ ရက်ပေါင်း ငါးရက်အတွင်း ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမယ့် ပြေလည်မှု မရရှိသေးဘူးလို့ သိရပါတယ်။ “သူတို့ကို ကျွန်တော်တို့ တောင်းဆိုထားတာက ဒေးကြေး၊ ဂရိတ်ကြေး၊ ရက်မှန်ကြေး။ အခုက ညှိတဲ့အခါမှာ ဒေးကြေးကိုတော့ ပြောင်းလဲချင်ရင် ပြောင်းလဲပေးလို့ရတယ်၊ ကျန်တဲ့နှစ်ချက်ကိုတော့ လိုက်လျောမပေးနိုင်ဘူး ပြောတယ်။ ဒါကြောင့် ခုချိန်ထိတော့ အဆင်မပြေသေးပါဘူး”…
Read Moreသူတို့အိမ် အခန်း – ၆၆
ဆူးငှက် လျှပ်ခိုးတိမ်တောင် လွမ်းလေအောင် —————————————— “ဟေဝန်စုံမြိုင်၊ သင်းကြိုင်ညှာလန်း၊ ပုံပုံဘွေ၊ ထွေဆန်းလှလေး..၊ မြပန်းကိုက်ရုံ၊ ခိုးရီမှုန်၊ တိမ်ပုံဆင်စ၊ မြောက်ပြန် သွင်းလေချီ…။ ဖီလာလေ ရိုက်ပါလို့၊ ပုံတိုက်ကယ်ကွဲ၊ သဲငွေဖြူသောင်၊ မယ်မောင် ခေါ်တမ်း၊ တူရေသဘင်၊ မြူးရွှင်ကြ သာမြိုင်လယ်..။ မှိုင်ပန်းဘွယ်၊ ကျွမ်းတယ်လေ ကြေကွဲ၊ ယက်ပြေးရေလျှံ လှိုင်းသံက သဲ..။ အဆောင်ခိုနန်းချိုးများနှင့် အိမ်ပေါ်က စောင်းသံ နှင့် သီချင်းသံက အိမ်ပြင်ဘက် ကပြင်အထိ သွဲ့သွဲ့နွဲ့နွဲ့ ထွက်ပေါ်လာသည်။ သီချင်းက ဟေဝန်စုံမြိုင် အစချီ ကိန္ဒရာ ချောင်းခြားကြီး ပတ်ပျိုး။ မင်းတုန်းမင်းလက်ထက် ဇာတ်ဆရာ မောင်ကျောက်ခဲ ရေးသည့် သီချင်းဖြစ်သည်။ စောင်းကို ပိရိပိုင်နိုင်စွာ တီးခတ်နေသူက ထူးဆန်းလှချည့်၊ သင်္ကန်းဝတ်နှင့် ဖြစ်သည်။ သီဆိုသူက အရွယ်မကြီးလှသေးသည့် အမျိုးသားတစ်ဦးဖြစ်ကာ စောင်းတီးနေသည့် သင်္ကန်းဝတ်နှင့် ပုဂ္ဂိုလ်က…
Read Moreအောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ ပွဲကခွင့် တနှစ်ပိတ်ခံရကိစ္စ အသနားခံစာတင်ပြမယ်
ဖေဖော်ဝါရီ ၂၈- ၂၀၂၆ SN (VOM) သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကို ပွဲကခွင့် တနှစ်ပိတ်လိုက်တယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို) က ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အောင်ဇမ္ဗူဇာတ် တည်ထောင်သူထံ လိပ်မူထားတဲ့စာမှာ အဲဒီ ဇာတ်သဘင်အဖွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေဟာ အများပြည်သူကြား အတုယူ လွဲမှားစေတဲ့အပြင် မသန်စွမ်းတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေတာကြောင့် ပြန်လည် တောင်းပန်ရမယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါကြောင့် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အောင်ဇမ္ဗူ ဇာတ်သဘင်အဖွဲ့ကို တနှစ်တိတိ ကပြဖျော်ဖြေခွင့် ရပ်ဆိုင်းလိုက်တာလို့ ဖော်ပြထားပါတယ်။ ဒါအပြင် အဲဒီ ထုတ်ပြန်ချက်မှာ ဒီဖြစ်စဥ်မျိုး ထပ်မံ မပေါ်ပေါက်စေဖို့ ထိရောက်စွာ အရေးယူပေးဖို့ ရွှေမင်းသား ဖောင်ဒေးရှင်းမြန်မာရဲ့…
Read More