အသက် ၅ နှစ်ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ပြီး အလောင်းကို စောင်နဲ့ထုတ်ကာ စွန့်ပစ်မှု ဖြစ်ပွား

ဇူလိူင် ၄ ၊ ၂၀၂၆ GG (VOM) ရန်ကုန်တိုင်း ၊ ထန်းတပင်မြို့နယ် ၊ တူးချောင်းကျေးရွာ ၊ ဓနသိဒ္ဓလမ်းမှာ နေထိုင်တဲ့ KG တက်နေတဲ့ အသက် ၅ နှစ်အရွယ်ကလေးမလေးကို အဓမ္မပြုကျင့် သတ်ဖြတ်ကာ နားကပ်ဖြုတ်ယူပြီး အလောင်းကို စောင်နဲ့ထုတ် စွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။ မနေ့က ဇူလိုင် ၃ ရက်နေ့မနက်ပိုင်းမှာ ကလေးငယ်ဟာ နေအိမ်ကနေ ပျောက်သွားပြီးနောက် ည ၁၁ နာရီလောက်မှာတော့ တူးချောင်းကျေးရွာ အပြင်ဘက်တနေရာမှာ စောင်နဲ့ပတ်ထုတ်ထားပြီး အသတ်ခံထားရပြီးရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” အလုပ်သမားဆေးရုံနား လမ်းတလမ်းရှိတယ်။ အဲဒီလမ်းမှ ကလေးကို စောင်တွေဘာတွေနဲ့ပတ်ပြီး ဆာလာအိတ်ထဲကို ထည့်ပြီးပစ်ထားတာ ။ တွေ့တဲ့အချိန် ကလေးက အသက်မရှိတော့ဘူး ။ နားကပ်ကလည်း…

Read More

ဖောင်းပြင်နဲ့ မော်လိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေဖြစ်ပြီး ခြောက်ယောက် သေ၊ လေးယောက် ဒဏ်ရာရ

ဇူလိုင် ၄ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်းအတွင်းက ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်မှာ မနေ့ ဇူလိုင် ၃ ရက်၊ ညနေပိုင်းက လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ခြောက်ယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ ဇူလိုင် ၃ရက် ညနေ ၅ နာရီခွဲဝန်းကျင်က ဖောင်းပြင်မြို့နယ် (မြောက်ပိုင်း)၊ တိုက်နယ် (၆)၊ နန်းစက်ရွာအနီးမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါအပြင် မော်လိုက်မြို့နယ်၊ ဖဲကဇက်ကျေးရွာအုပ်စု၊ မနူနာကျေးရွာ အထက်ဘက်က ရိုးလာရွှေမှော်မှာလည်း မနေ့ ညနေ ၄ နာရီဝန်းကျင်က လေကြောင်းတိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ သုံးယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် လေးလုံးနဲ့ ဈေးဆိုင်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတယောက်က…

Read More

အခန်း (၁၆၀)

ဆူးငှက်   မအိပ်ဖြစ်ကြတော့တဲ့ ည ————————— ၃လကြာ တွေ့ဆုံရင်းနှီးခဲ့ကြပြီး ထမင်းစားဆောင်ထဲမှာ၊ စာသင်ခန်းထဲမှာ၊ သင်တန်းခန်းမထဲမှာ အတူနေထိုင်ခဲ့ကြရုံမက မောင်ရင်းနှမအသွင် ဇာတ်တိုက် သီချင်းတိုက်ပြီး ဇာတ်ခုံပေါ်တွင် တစ်ညတာ ပျော်ပျော်ရွှင်ရွှင် သီဆို ကခုန်ကြပြီး မကြာမီ နာရီပိုင်းအတွင်း ခွဲခွာကြရတော့မည်။ ထို့ကြောင့် အများစုက သည်တစ်ညကို အိပ်စက်လိုက်ခြင်းဖြင့် အကုန်မခံနိုင်ကြ။ ထို့ကြောင့် ကျောင်းပေါက်က ကော်ဖီဆိုင်လေးမှာပဲ နောက်ဆုံးအချိန်ကို တမြေ့မြေ့ အသုံးချကြတော့မည်။ ကျွန်တော်က ဆိုင်လေး၏ အရှေ့ဘက် အစွန် သရက်ပင်ရိပ်အောက်က စာပွဲခုံလေးမှာ ချောင်ကုပ်ထိုင်ပြီး ကော်ဖီတစ်ခွက်နှင့် အဝါရောင်စာအုပ်လေးကို ဖွင့်ဖတ်ချင်ဇော ကြီးနေဆဲ ကိုဘရီတို့ ကိုတင်အောင်စန်းတို့ အငြိမ့်နှင့် ပြဇာတ်အဖွဲ့က တစ်စုကြီး ရယ်မောပြောဆိုကာ ဆိုင်ထဲ ဝင်လာကြသည်။ ထိုင်နေကျနေရာမှာ ကျွန်တော်မရှိဘဲ ဗန်းမော်တဘက်ကြီး ၁ထည်ကို ၂ယောက်တွဲခြုံကာ ၂ကိုယ့် တစိတ်ဖြစ်နေသော ခင်သီတာတို့ကိုပဲ…

Read More
VOM News

FREE
VIEW