ဆူးငှက် အင်းဝက ဆရာ ——————— ၁၉၇၅ ဝန်းကျင်ကာလများကတည်းက ကျွန်တော်သည် မုန့်ဖိုးထဲမှစု၍ တစ်လ လျှင် မဂ်္ဂဇင်းစာအုပ် ၂ အုပ် ဝယ်ဖြစ်သည်။ မိုးဝေစာပေမဂ်္ဂဇင်းနှင့် ရှုမဝရုပ်စုံမဂ်္ဂဇင်းတို့ဖြစ်သည်။ မဂ္ဂဇင်း ၂ အုပ်စလုံးမှ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတို၊ ဝတ်္ထုရှည်တွေတိုင်းကို သဘောကျသည်။ မဂ္ဂဇင်း မျက်နှာဖုံးတွေကအစ ရင်ခုန်စွာစောင့် မျှော်ဖတ်ရှုရသည်။ မိုးဝေက နိုင်ငံရေး နွယ်ပြီး ရှုမဝက စာပေအနုပညာ နွယ်သည်။ မိုးဝေမှ ကဗျာများက ထိုစဉ်ကာလ လှုပ်ရှား ယိမ်းထိုးနေသည့် ဗီယက်နမ်ပြည်သူ့ လွတ်မြောက်ရေးစစ်ကို အားပေး ဂုဏ်ပြုမှုများနှင့် နယ်ချဲ့စစ်ကို ဆန့်ကျင်မှုများ လွှမ်းသည်။ ရှုမ၀ ကဗျာတွေက လူ့သဘောသဘာဝများမှ ပုံရိပ်များကို ထင်ဟပ်နေသည်။ မည်သည့် မဂ္ဂဇင်းက ကဗျာဖတ်ဖတ် အရသာရှိလှသည်။ ဤသို့သော အဆီအဆိမ့် ကဗျာများထဲမှ ၁၉၇၉ ဝန်းကျင်…
Read MoreDay: July 10, 2026
အွန်လိုင်း အလိမ်အညာ အလုပ်အကိုင် ကြော်ငြာတွေကို သတိပြုရန်လို
ဇူလိုင် ၉-၂၀၂၆ KKA(VOM) မန္တလေးမြို့ကို အကြောင်းအမျိုးမျိုးနဲ့ပြောင်းရွှေ့လာသူတွေကို ပစ်မှတ်ထားပြီး မက်လုံးပေး အလုပ်အကိုင် ခေါ်ယူတာတွေကို လူမှုကွန်ရက် စာမျက်နှာ(အွန်လိုင်း)ပေါ်ကနေ ပုံစံအမျိုးမျိုးနဲ့ကြော်ငြာပြီး လုပ်ဆောင်တာတွေ ရှိနေတာကြောင့် အလုပ်အကိုင်ရှာဖွေနေတဲ့လူငယ်တွေ အထူးသတိထားဖို့ လိုတယ်လို့ ကမ္ဘာစိုး အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူ ဦးစိုးနိုင်ဝင်းကပြောပါတယ်။ “ဒါတွေရှိနေတာကြာပြီ။ အခုနောက်ပိုင်းတော့ ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရတဲ့သဘောပါ။တစ်တော့မှာ အများဆုံးတွေ့ရတာပေါ့။ အဲဒါတွေက ဘယ်ကောင်းမလဲ။ မန္တလေးနဲ့ခြုံပြောရမယ်ဆိုရင်တော့ အများစုက စစ်ရှောင်တွေ ဝင်လာတာများတယ်။ တချို့က ကိုယ့်ဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းမရှိတော့ မြို့တက်လာကြတယ်။ အဲဒီထဲမှာ အတတ်ပညာတခုခုပါလာတဲ့သူက ပြဿနာသိပ်မရှိဘူး။ ရရာလုပ်မယ်ကွာဆိုတဲ့ လောဘနည်းနည်းရှိတဲ့သူက လူမှုကွန်ရက်က မက်လုံးတွေပေးထားတဲ့ အလိမ်အညာနဲ့တိုးတော့တာပဲ။ တချို့လည်း အဆင်ပြေကောင်းပြေပါလိမ့်မယ်။ မပြေတာတော့များလိမ့်မယ်။ အဲလို မက်လုံးနဲ့ခေါ်တာက နယ်စပ်မြို့တွေ ဖြစ်နေတာတွေ့ရတယ်။ရွှေ့ပြောင်းလူငယ်တွေကို ပြောချင်ပါတယ်။တရားဝင် အေဂျင်စီတွေနဲ့ဆက်သွယ်လုပ်ကိုင်ကြပါ။ ကျွန်တော်တို့က ပြည်တွင်းပါ။ ပြည်တွင်းတောင် မန္တလေးမြို့အဓိကပါပဲ။အလုပ်ရှင်နဲ့ အလုပ်သမား တိုက်ရိုက်ချိတ်ဆက်ပေးပါတယ်။ကျွန်တော်တို့ကကြားခံပါပဲ။နှစ်ဦးနှစ်ဘက် အဆင်ပြေဖို့အလေးထားပါတယ်။”လို့…
Read Moreကျီန္တလီမြို့မှာ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပြီး ခြောက်ယောက်ထက်မနည်း ဒဏ်ရာရ
ဇူလိုင် ၉ – ၂၀၂၆ SN (VOM) ရခိုင်ပြည်နယ်အတွင်းရှိ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ ဇူလိုင် ၇ ရက်နဲ့ ၈ ရက်အတွင်း လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ခြောက်ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဂွမြို့နယ် ကမ်းခြေတလျှောက်နဲ့ ဧရာဝတီတိုင်းအတွင်းက ဘောမိကမ်းခြေတလျှောက်မှာ အစိုးရတပ်က မနေ့ ဇူလိုင် ၈ ရက်၊ မနက် ၉ နာရီခွဲဝန်းကျင်မှ စတင်ကာ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ဝန်းကျင်အထိ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကျိန္တလီမြို့၊ အမှတ် (၃) ရပ်ကွက်အတွင်း လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်စဉ်အတွင်း လူထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “စစ်သင်္ဘော လေးစီးပေါ်ကနေ မရပ်မနား ဆက်တိုက်…
Read Moreမြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားခရီးစဉ်ကို ဇူလိုင် ၂၀ရက်မှာ စတင်ပြေးဆွဲမယ်
ဇူလိုင် ၉-၂၀၂၆ KKA(VOM) ကချင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စေဖို့နဲ့ခရီးသွားပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် မြစ်ကြီးနား၊မိုးကောင်းနဲ့မိုးညှင်းကို မြန်မာ့မီးရထားက ဇူလိုင် ၂၀ရက်နေ့မှာ ဖွင့်ပွဲပြုလုပ်ပြီး စတင်ပြေးဆွဲသွားမယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကနေ သိရပါတယ်။ ကချင်ပြည်နယ်အစိုးရအဖွဲ့ စီစဉ် ကြီးကြပ်မှုနဲ့ မီးရထားလမ်း အဆင့်မြှင့်တင်တာ၊ပြုပြင်ထိန်းသိမ်းတာတွေလုပ်ဆောင်နေတာ ရာနှုန်းပြည့် ပြီးစီနေတာဖြစ်တဲ့အတွက် အမှတ်(၄၉) အဆန်၊ အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးကောင်း -မိုးညှင်း ခရီးစဉ်ကို ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ အခုလိုပြေးဆွဲနိုင်ဖို့အတွက် ဇူလိုင် ၉ရက်၊နံနက် ၁ဝနာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဝန်ကြီးချုပ် ဦးခက်ထိန်နန်နဲ့ တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးခဲ့ပြီး မီးရထားပြေးဆွဲမယ့်ရက်ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ “သံလမ်းတွေ အဆင့်မြှင့်တာတွေ ပြုပြင်တာတွေကို သတ်မှတ်ရက်ပြီးဖို့ အရှိန်အဟုန်နဲ့ဆောင်ရွက်ခဲ့ရတယ်။ကုန်စည်တွေ လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်ဖို့နဲ့ခရီးသွာလာတာ အဆင်ပြေစေဖို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်ခဲ့တယ်။”လို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကပြောပါတယ်။ အခုလမ်းပိုင်းမှာ မီးရထားတွေ ပြေးဆွဲနိုင်ဖို့အတွက် ပြီးခဲ့တဲ့မေလကနေ စတင်ပြီး…
Read Moreမကွေးတိုင်းအတွင်း မတည်ငြိမ်တဲ့မြို့နယ်တွေမှာ ဒေသခံအများအပြား စစ်ဘေး တိမ်းရှောင်နေရဆဲ
ဇူလိုင် ၉ – ၂၀၂၆ SS (VOM) မကွေးတိုင်းအတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်နဲ့ ချောက်မြို့နယ်တွေမှာ အစိုးရတပ်ရဲ့ မြေပြင်စစ်ကြောင်း ဝင်ရောက်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပြီး အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေ အထူးလိုအပ်နေတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ပခုက္ကူမြို့နယ်၊ တပ်မ (၁၀၁) ကနေ အင်အား အများအပြားနဲ့ ထွက်လာတဲ့ အစိုးရတပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကစပြီး မြိုင်နဲ့ ပခုက္ကူမြို့နယ်က ပြည်သူ့စစ်တွေရှိတဲ့ ကျေးရွာတွေကတဆင့် ပေါက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ပခုက္ကူမြို့နယ်က မြစ်ခြေမြို့နဲ့ ကမ္မမြို့က ဒေသခံတွေ တမြို့လုံးနီးပါး စစ်ဘေး တိမ်းရှောင်နေရပြီး မြိုင်မြို့နယ်မှာတော့ အစိုးရတပ် တပ်စွဲထားတဲ့ မြိုင်စက်မှုဇုန် (၁)…
Read Moreကိုယ်စားလှယ် ၃၀ ဦး ဆွေးနွေးခဲ့တဲ့ အာဆီယံသဘောတူညီချက် ၅ ချက် ပြည်ထောင်စုအစိုးရက ဆက်လက်ဆောင်ရွက်မယ်
နေပြည်တော် ဇူလိုင် ၉ – ၂၀၂၆ KKL(VOM) ၂၆.၆. ၂၀၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ကလောမဲဆန္ဒနယ် ဒေါက်တာနန္ဒာလှမြင့်က ပြည်ထောင်စုအစိုးရကိုတိုက်တွန်းခဲ့တဲ့ မြန်မာနိုင်ငံအပေါ် အာဆီယံကတစ်ဖက်သတ်ချမှတ်ခဲ့တဲ့ သဘောတူညီချက် ၅ ချက် နဲ့ပတ်သက်တဲ့အဆိုကို ကိုယ်စားလှယ် ၃၀ ဦးဆွေးနွေးခဲ့တာမှာ ဒီနေ့အပြီးသတ်ဆွေးနွေးမှုနဲ့အတူ အတည်ပြုပြီးတဲ့နောက် ပြည်ထောင်စုအစိုးရက ဆက်လက်ဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ကိုယ်စားလှယ်များရဲ့ဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့သဘောထားကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက ပြန်ပြီးရှင်းလင်းတင်ပြခဲ့ပြီးအဆိုရှင် ဒေါက်တာနန္ဒာလှမြင့်ကလည်း မြန်မာနိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားတွေအတွက် အရေးကြီးတဲ့အဆိုဖြစ်တဲ့အတွက် လွှတ်တော်က အတည်ပြုပြီးလိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးဖို့တောင်းဆိုခဲ့တဲ့အတွက်ပြည်ထောင်စုလွှတ်တော်ကလည်း ဆက်လက်ဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေရဲ့ဆွေးနွးမှုတွေထဲမှာ တူညီတဲ့အချက်တွေကတော့ သဘောတူညီချက် (၅) ချက်ကအာဆီယံအဖွဲ့ထဲမှာ မြန်မာနိုင်ငံ၏ တန်းတူရည်တူ ရပ်တည်မှုကို ထိခိုက်စေပြီး နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြင်းမပြုရေးဆိုတာကိုချိုးဖောက်ပြီး မြန်မာ့ပြည်တွင်းရေးကိုစွတ်ဖက်မှုသာဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပြီးတော့ လက်ရှိအချိန်အခါအရ ရွေးကောက်ခံ အစိုးရပေါ်ပေါက်နေပြီဖြစ်ပြီးယခင် နိုင်ငံရေးအခြေအနေမျိုးမဟုတ်တော့ပဲ မြန်မာနိုင်ငံဖြစ်ပေါ်တိုးတက်မှုတွေကို…
Read Moreလားရှိုးမှာ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတဦးသေဆုံး
ဇူလိုင် ၉၊ ၂၀၂၀၆။ NN(VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက အစိုးရထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ရပ်ကွက်တွေထဲကို ဒီနေ့ဇူလိုင်၉ရက် ညနေ ၅ နာရီလောက်က ရှော့တိုက်ဒုံးတွေ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီ ကနေ သိရပါတယ်။ “လေးလုံးကျတာဗျ။ ရပ်ကွက် ၁၀ ထဲက အမျိုးသမီးတယောက် ဆုံးသွားတယ်။ ကောင်မ လေးက မင်္ဂလာဆောင်ထားတာ မကြာသေးဘူး၊ အိမ်မှာရှိနေတုန်း ဒုံးကျ လာတာ” လို့ ဖြစ်စဉ်အခြေအနေ သိရှိတဲ့ လားရှိုးမြို့ခံတယောက် က ပြောပါတယ်။ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲလို့ အမှတ် ၆ ရပ်ကွက်မှာလည်း နေအိမ် တလုံး ပျက်စီးခဲ့ပြီး လူတယောက် အနည်းငယ် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ ပေါက်ကွဲမှုကြောင့် မြို့ခံတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ “လူတွေက ဝရုန်းသုန်းကားတွေ ဖြစ်ကုန်တာပေါ့ဗျာ။ ဆီဆိုင်တွေမှာလည်း ဆီတန်းစီတဲ့သူတွေ…
Read More